မြောက်ကိုရီးယားက စစ်မဲ့ဇုန်အတွင်း လမ်းတွေနဲ့တံတိုင်းတွေ တည်ဆောက်နေဟုဆို

 1134

Pika (NP News) - ဇွန် ၁၆

မြောက်ကိုရီးယားစစ်တပ်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ပိုင်းခြားထားတဲ့စစ်မဲ့ဇုန်အတွင်း လမ်းတွေနဲ့ တံတိုင်းတွေကို တည်ဆောက်နေတယ်လို့ Yonhap သတင်းအေဂျင်စီက ဇွန်လ(၁၅)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
တည်ဆောက်မှုတွေကို စစ်မဲ့ဇုန်အလယ်ကို ဖြတ်သွားတဲ့ Military Demarcation Line (MDL) ရဲ့ မြောက်ဘက် ခြမ်းမှာ လုပ်ဆောင်နေတာဖြစ်တယ်လို့ အမည်မသိသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Yonhap သတင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားစစ်သားတွေဟာ (MDL) ကို ဖြတ်ကျော်ဝင်ရောက်မှုတွေ လုပ်ဆောင်ခဲ့ တာကြောင့် တောင်ကိုရီးယားစစ်တပ်ဘက်က သတိပေးတဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ယခုလို အစီရင်ခံစာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားနိုင်ငံသားတွေ (MDL) ကို မတော်တဆ မှားယွင်းဝင်ရောက်လာတာဖြစ်နိုင်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောကြားခဲ့ပါ တယ်။

ဒါ့ပြင် အချို့မြောက်ကိုရီးယားနိုင်ငံသားတွေဟာ အလုပ်လုပ်တဲ့ပစ္စည်းကိရိယာတွေကို သယ်ဆောင်ထားတယ်လို့ စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး Yonhap က ဖော်ပြခဲ့ပါတယ်။ Yonhap က “မကြာသေးခင်က မြောက်ကိုရီးယားစစ်တပ်ဟာ စစ်မဲ့ဇုန်အတွင်းမှာရှိတဲ့ Northern Limit Line နဲ့ (MDL) ကြားက အချို့နေရာတွေမှာ မြေကြီးတွေကို တူးပြီး တံတိုင်းတည်ဆောက်တာတွေနဲ့ လမ်းတွေ ဖောက်တာတွေကို လုပ်ဆောင်နေပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားဘက်က ဘာတွေ တည်ဆောက်နေတယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူးလို့ သိရပါတယ်။ အဲဒီအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား စစ်တပ်ရဲ့လုပ်ရပ်တွေကို အနီးကပ်စောင့်ကြည့်တာနဲ့ ခြေရာခံတာတွေ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ပြောဆိုထားပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက စစ္မဲ့ဇုန္အတြင္း လမ္းေတြနဲ႔တံတိုင္းေတြ တည္ေဆာက္ေနဟုဆို
Pika (NP News) - ဇြန္ ၁၆

ေျမာက္ကိုရီးယားစစ္တပ္ဟာ ေတာင္ကိုရီးယားႏိုင္ငံနဲ႔ ပိုင္းျခားထားတဲ့စစ္မဲ့ဇုန္အတြင္း လမ္းေတြနဲ႔ တံတိုင္းေတြကို တည္ေဆာက္ေနတယ္လို႔ Yonhap သတင္းေအဂ်င္စီက ဇြန္လ(၁၅)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
တည္ေဆာက္မႈေတြကို စစ္မဲ့ဇုန္အလယ္ကို ျဖတ္သြားတဲ့ Military Demarcation Line (MDL) ရဲ႕ ေျမာက္ဘက္ ျခမ္းမွာ လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ အမည္မသိသတင္းရင္းျမစ္တစ္ခုကို ကိုးကားၿပီး Yonhap သတင္း ေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေျမာက္ကိုရီးယားစစ္သားေတြဟာ (MDL) ကို ျဖတ္ေက်ာ္ဝင္ေရာက္မႈေတြ လုပ္ေဆာင္ခဲ့ တာေၾကာင့္ ေတာင္ကိုရီးယားစစ္တပ္ဘက္က သတိေပးတဲ့ပစ္ခတ္မႈေတြ လုပ္ေဆာင္ၿပီးေနာက္ပိုင္း ယခုလို အစီရင္ခံစာေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေျမာက္ကိုရီးယားႏိုင္ငံသားေတြ (MDL) ကို မေတာ္တဆ မွားယြင္းဝင္ေရာက္လာတာျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ ေတာင္ကိုရီးယားအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါ တယ္။

ဒါ့ျပင္ အခ်ိဳ႕ေျမာက္ကိုရီးယားႏိုင္ငံသားေတြဟာ အလုပ္လုပ္တဲ့ပစၥည္းကိရိယာေတြကို သယ္ေဆာင္ထားတယ္လို႔ စစ္ဘက္ဆိုင္ရာေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး Yonhap က ေဖာ္ျပခဲ့ပါတယ္။ Yonhap က “မၾကာေသးခင္က ေျမာက္ကိုရီးယားစစ္တပ္ဟာ စစ္မဲ့ဇုန္အတြင္းမွာရွိတဲ့ Northern Limit Line နဲ႔ (MDL) ၾကားက အခ်ိဳ႕ေနရာေတြမွာ ေျမႀကီးေတြကို တူးၿပီး တံတိုင္းတည္ေဆာက္တာေတြနဲ႔ လမ္းေတြ ေဖာက္တာေတြကို လုပ္ေဆာင္ေနပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။

ဒါေပမယ့္လည္း ေျမာက္ကိုရီးယားဘက္က ဘာေတြ တည္ေဆာက္ေနတယ္ဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူးလို႔ သိရပါတယ္။ အဲဒီအစီရင္ခံစာေတြနဲ႔ပတ္သက္ၿပီး ေျမာက္ကိုရီးယား စစ္တပ္ရဲ႕လုပ္ရပ္ေတြကို အနီးကပ္ေစာင့္ၾကည့္တာနဲ႔ ေျခရာခံတာေတြ လုပ္ေဆာင္ေနတယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ထုတ္ျပန္ေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.