တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကို ရုရှားနိုင်ငံသားအများစု ကြောက်ရွံ့နေ

 3675

Pika (NP News) - ဇွန် ၁၆

ရုရှားနိုင်ငံသား(၆၀)ရာခိုင်နှုန်းဝန်းကျင်ဟာ မကြာခင်အချိန်အတွင်း တတိယကမ္ဘာစစ် စတင်လာမှာကို စိုးရိမ်နေ ကြတယ်လို့ မော်စကိုမြို့မှာရှိတဲ့ကွင်းဆင်းသုတေသနအဖွဲ့က ပြုလုပ်တဲ့စစ်တမ်းအရ သိရပါတယ်။
ဇွန်လ(၁၄)ရက်က ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအရ စစ်တမ်းကိုဖြေဆိုသူတွေရဲ့(၅၇)ရာခိုင်နှုန်းက လာမယ့်(၅)နှစ် ကနေ (၁၀)နှစ်အတွင်း တတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလိမ့်မယ်လို့ ယုံကြည်နေကြပြီး ဖြေဆိုသူတွေရဲ့ (၁၃) ရာခိုင်နှုန်းက တတိယကမ္ဘာစစ်ဖြစ်ပွားမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

ဖြေဆိုသူတွေထဲက အသက်(၃၀)နှစ်ကနေ (၅၉)နှစ်ကြားရှိတဲ့ ပညာရည်မြင့်မားသူတွေနဲ့ အွန်လိုင်းကနေ သတင်း ရင်းမြစ်ရယူသူတွေက တတိယကမ္ဘာစစ်ဖြစ်ပွားလာနိုင်ခြေကို ပညာရေးနိမ့်ပါးသူတွေနဲ့ ဝင်ငွေနည်းပါးတဲ့သူတွေ ထက် ပိုမိုပြောဆိုကြတယ်လို့လည်း သိရပါတယ်။ စစ်တမ်းဖြေဆိုသူ(၁၆၁၇)ဦးအနက် လူ(၁၀)ယောက်မှာ (၇)ယောက်ဝန်းကျင်က အမေရိကန်နဲ့ ရုရှားတို့ဟာ တတိယကမ္ဘာစစ်ကိုဖြစ်ပွားစေမယ့် ဖြစ်နိုင်ခြေအရှိဆုံး ပါတီဝင်တွေဖြစ်ပြီး ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန် နဲ့ ဘောလ်တစ်နိုင်ငံတွေက အမေရိကန်ရဲ့အလားအလာရှိတဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။

တတိယကမ္ဘာစစ်မှာ ရုရှားရဲ့အလားအလာရှိတဲ့ရန်သူက ယူကရိန်းဖြစ်တယ်လို့ ဖြေဆိုသူ(၁၀)ဦးမှာ (၁)ဦး လောက်ကပဲ ဖြေဆိုခဲ့ကြပါတယ်။ ဒါ့ပြင် တတိယကမ္ဘာစစ်အတွင်း ရုရှားရဲ့ အဓိကမိတ်ဖက်ဖြစ်လာမယ့် နိုင်ငံတွေက တရုတ်၊ ဘီလာရုစ်၊ အီရန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ နဲ့ ခါဇက်စတန်တို့ဖြစ်တယ်လို့ ဖြေဆိုသူတွေက အမည်ပေးပြောကြားခဲ့ပါတယ်။
ပြီးတော့ ဒီတတိယကမ္ဘာစစ်ပွဲမှာ ရုရှားဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ ဒါမှမဟုတ် ရုရှားက အနိုင်ရရှိလိမ့်မယ်ဟု ယုံကြည်တယ်လို့ ဖြေဆိုသူတွေရဲ့(၆၀)ရာခိုင်နှုန်းကျော်က ပြောကြားခဲ့ပါတယ်။ ဖြေဆိုသူတွေရဲ့ (၆)ရာခိုင်နှုန်းလောက်ကပဲ အနောက်အုပ်စု ဒါမှမဟုတ် အမေရိကန်က တတိယကမ္ဘာစစ်ပွဲမှာ အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်နေကြပြီး (၁၈)ရာခိုင်နှုန်းက နှစ်ဖက်စလုံးကအနိုင်ရရှိမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

Zawgyi Version;
တတိယကမာၻစစ္ျဖစ္ပြားလာမွာကို ႐ုရွားႏိုင္ငံသားအမ်ားစု ေၾကာက္႐ြံ႕ေန
Pika (NP News) - ဇြန္ ၁၆

႐ုရွားႏိုင္ငံသား(၆၀)ရာခိုင္ႏႈန္းဝန္းက်င္ဟာ မၾကာခင္အခ်ိန္အတြင္း တတိယကမာၻစစ္ စတင္လာမွာကို စိုးရိမ္ေန ၾကတယ္လို႔ ေမာ္စကိုၿမိဳ႕မွာရွိတဲ့ကြင္းဆင္းသုေတသနအဖြဲ႕က ျပဳလုပ္တဲ့စစ္တမ္းအရ သိရပါတယ္။
ဇြန္လ(၁၄)ရက္က ထုတ္ျပန္ခဲ့တဲ့အစီရင္ခံစာအရ စစ္တမ္းကိုေျဖဆိုသူေတြရဲ႕(၅၇)ရာခိုင္ႏႈန္းက လာမယ့္(၅)ႏွစ္ ကေန (၁၀)ႏွစ္အတြင္း တတိယကမာၻစစ္ႀကီး စတင္ျဖစ္ပြားလိမ့္မယ္လို႔ ယုံၾကည္ေနၾကၿပီး ေျဖဆိုသူေတြရဲ႕ (၁၃) ရာခိုင္ႏႈန္းက တတိယကမာၻစစ္ျဖစ္ပြားမွာ မဟုတ္ဘူးလို႔ ယုံၾကည္ေနၾကပါတယ္။

ေျဖဆိုသူေတြထဲက အသက္(၃၀)ႏွစ္ကေန (၅၉)ႏွစ္ၾကားရွိတဲ့ ပညာရည္ျမင့္မားသူေတြနဲ႔ အြန္လိုင္းကေန သတင္း ရင္းျမစ္ရယူသူေတြက တတိယကမာၻစစ္ျဖစ္ပြားလာႏိုင္ေျခကို ပညာေရးနိမ့္ပါးသူေတြနဲ႔ ဝင္ေငြနည္းပါးတဲ့သူေတြ ထက္ ပိုမိုေျပာဆိုၾကတယ္လို႔လည္း သိရပါတယ္။ စစ္တမ္းေျဖဆိုသူ(၁၆၁၇)ဦးအနက္ လူ(၁၀)ေယာက္မွာ (၇)ေယာက္ဝန္းက်င္က အေမရိကန္နဲ႔ ႐ုရွားတို႔ဟာ တတိယကမာၻစစ္ကိုျဖစ္ပြားေစမယ့္ ျဖစ္ႏိုင္ေျခအရွိဆုံး ပါတီဝင္ေတြျဖစ္ၿပီး ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ပိုလန္ နဲ႔ ေဘာလ္တစ္ႏိုင္ငံေတြက အေမရိကန္ရဲ႕အလားအလာရွိတဲ့ မိတ္ဖက္ႏိုင္ငံေတြျဖစ္တယ္လို႔ ေျပာဆိုထားၾကပါတယ္။

တတိယကမာၻစစ္မွာ ႐ုရွားရဲ႕အလားအလာရွိတဲ့ရန္သူက ယူကရိန္းျဖစ္တယ္လို႔ ေျဖဆိုသူ(၁၀)ဦးမွာ (၁)ဦး ေလာက္ကပဲ ေျဖဆိုခဲ့ၾကပါတယ္။ ဒါ့ျပင္ တတိယကမာၻစစ္အတြင္း ႐ုရွားရဲ႕ အဓိကမိတ္ဖက္ျဖစ္လာမယ့္ ႏိုင္ငံေတြက တ႐ုတ္၊ ဘီလာ႐ုစ္၊ အီရန္၊ ေျမာက္ကိုရီးယား၊ အိႏၵိယ နဲ႔ ခါဇက္စတန္တို႔ျဖစ္တယ္လို႔ ေျဖဆိုသူေတြက အမည္ေပးေျပာၾကားခဲ့ပါတယ္။
ၿပီးေတာ့ ဒီတတိယကမာၻစစ္ပြဲမွာ ႐ုရွားဦးေဆာင္တဲ့ ၫြန႔္ေပါင္းအဖြဲ႕ ဒါမွမဟုတ္ ႐ုရွားက အႏိုင္ရရွိလိမ့္မယ္ဟု ယုံၾကည္တယ္လို႔ ေျဖဆိုသူေတြရဲ႕(၆၀)ရာခိုင္ႏႈန္းေက်ာ္က ေျပာၾကားခဲ့ပါတယ္။ ေျဖဆိုသူေတြရဲ႕ (၆)ရာခိုင္ႏႈန္းေလာက္ကပဲ အေနာက္အုပ္စု ဒါမွမဟုတ္ အေမရိကန္က တတိယကမာၻစစ္ပြဲမွာ အႏိုင္ရရွိလိမ့္မယ္လို႔ ယုံၾကည္ေနၾကၿပီး (၁၈)ရာခိုင္ႏႈန္းက ႏွစ္ဖက္စလုံးကအႏိုင္ရရွိမွာ မဟုတ္ဘူးလို႔ ယုံၾကည္ေနၾကပါတယ္။

Related news

© 2021. All rights reserved.