တရုတ်နိုင်ငံမှာ ငွေကြေးအလွဲသုံးစားမှုနဲ့ပတ်သက်ပြီး Adidas ကုမ္ပဏီကို စုံစမ်းစစ်ဆေးနေ

 477

ရောင်နီ (NP News) - ဇွန် ၁၇

တရုတ်နိုင်ငံမှာ Adidas ကုမ္ပဏီရဲ့ အကြီးတန်းဝန်ထမ်းတွေ ယူရိုသန်းပေါင်းများစွာ အလွဲသုံးစားပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ Financial Times က တနင်္ဂနွေနေ့(ဇွန်လ ၁၆ ရက်) မှာ ဖော်ပြခဲ့တဲ့ဘသတင်းအရ သိရပါတယ်။

တိုင်ကြားချက်တွေမှာ Adidas China ရဲ့ နိုင်ငံတွင်းစျေးကွက် ရှာဖွေရေးဘတ်ဂျက်နဲ့ပတ်သက်တဲ့ အကြီးတန်း မန်နေဂျာတစ်ဦး အပါအဝင် ဝန်ထမ်းများ အများအပြားဟာ ယူရိုသန်း ၂၅၀ (ဒေါ်လာ ၂၆၇ ဒသမ ၅ သန်း) ခန့်ထိ လိမ်လည်ထားတယ်လို့ ဖော်ပြထားပါတယ်။
Adidas ကုမ္ပဏီကတော့ ဒီကိစ္စကို ပြင်ပဥပဒေအကြံပေးတွေနဲ့အတူ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ "Adidas ဟာ စည်းကမ်းချိုးဖောက်မှုဖြစ်နိုင်ချေရှိတဲ့စွပ်စွဲချက်တွေကို အလွန်အလေးအနက်ထားပြီး စျေးကွက်အားလုံးမှာ တရားဥပဒေ၊ ပြည်တွင်းစည်းမျဉ်းနဲ့ ကျင့်ဝတ်စံနှုန်းတွေကို လိုက်နာဖို့ ကတိပြုပါတယ်" လည်း ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

Adidas ဝန်ထမ်းတွေဟာ external service providers တွေဆီကနေ ငွေသားသန်းပေါင်းများစွာနဲ့ အိမ်ခြံမြေလို ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ ပါဝင်နေတဲ့ လာဘ်လာဘများ ရရှိထားတယ်လို့ တိုင်ကြားစာတွေမှာ ဖော်ပြထားပါတယ်။
ဂျာမန်အားကစားဝတ်စုံကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Adidas ရဲ့ တရုတ်နိုင်ငံ ရောင်းအားဟာ ကိန်းညွှန်းတန်းတွေအရ ပထမသုံးလပတ်အတွင်း ၈ ရာခိုင်နှုန်း တိုးလာတာမြင်တွေ့ရပြီးနောက် အခုလို စွပ်စွဲချက်တွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

တ႐ုတ္ႏိုင္ငံမွာ ေငြေၾကးအလြဲသုံးစားမႈ နဲ့ပတ္သက္ၿပီး Adidas ကုမၸဏီကို စုံစမ္းစစ္ေဆးေန
ေရာင္နီ (NP News) - ဇြန္ ၁၇

တ႐ုတ္ႏိုင္ငံမွာ Adidas ကုမၸဏီရဲ႕ အႀကီးတန္းဝန္ထမ္းေတြ ယူ႐ိုသန္းေပါင္းမ်ားစြာ အလြဲသုံးစားျပဳလုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္အတြက္ စုံစမ္းစစ္ေဆးေနတယ္လို႔ Financial Times က တနဂၤေႏြေန႔(ဇြန္လ ၁၆ ရက္) မွာ ေဖာ္ျပခဲ့တဲ့ဘသတင္းအရ သိရပါတယ္။

တိုင္ၾကားခ်က္ေတြမွာ Adidas China ရဲ႕ ႏိုင္ငံတြင္းေစ်းကြက္ ရွာေဖြေရးဘတ္ဂ်က္နဲ႔ပတ္သက္တဲ့ အႀကီးတန္း မန္ေနဂ်ာတစ္ဦး အပါအဝင္ ဝန္ထမ္းမ်ား အမ်ားအျပားဟာ ယူ႐ိုသန္း ၂၅၀ (ေဒၚလာ ၂၆၇ ဒသမ ၅ သန္း) ခန႔္ထိ လိမ္လည္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။
Adidas ကုမၸဏီကေတာ့ ဒီကိစၥကို ျပင္ပဥပေဒအႀကံေပးေတြနဲ႔အတူ စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ ေျပာပါတယ္။ "Adidas ဟာ စည္းကမ္းခ်ိဳးေဖာက္မႈျဖစ္ႏိုင္ေခ်ရွိတဲ့စြပ္စြဲခ်က္ေတြကို အလြန္အေလးအနက္ထားၿပီး ေစ်းကြက္အားလုံးမွာ တရားဥပေဒ၊ ျပည္တြင္းစည္းမ်ဥ္းနဲ႔ က်င့္ဝတ္စံႏႈန္းေတြကို လိုက္နာဖို႔ ကတိျပဳပါတယ္" လည္း ကုမၸဏီက ထုတ္ျပန္ခဲ့ပါတယ္။

Adidas ဝန္ထမ္းေတြဟာ external service providers ေတြဆီကေန ေငြသားသန္းေပါင္းမ်ားစြာနဲ႔ အိမ္ၿခံေျမလို ႐ုပ္ပိုင္းဆိုင္ရာပစၥည္းေတြ ပါဝင္ေနတဲ့ လာဘ္လာဘမ်ား ရရွိထားတယ္လို႔ တိုင္ၾကားစာေတြမွာ ေဖာ္ျပထားပါတယ္။
ဂ်ာမန္အားကစားဝတ္စုံကုမၸဏီႀကီးတစ္ခု ျဖစ္တဲ့ Adidas ရဲ႕ တ႐ုတ္ႏိုင္ငံ ေရာင္းအားဟာ ကိန္းၫႊန္းတန္းေတြအရ ပထမသုံးလပတ္အတြင္း ၈ ရာခိုင္ႏႈန္း တိုးလာတာျမင္ေတြ႕ရၿပီးေနာက္ အခုလို စြပ္စြဲခ်က္ေတြ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.