သန်လျင်တံတားသစ်ဖွင့်ပွဲအား ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန်စီစဥ်ခဲ့သူများအနက် Dark Shadow အဖွဲ့ဝင်(၄)ဦးကို ထပ်မံဖမ်းဆီးရမိ

 18401

ယွန်း (NP News) - ဇွန် ၁၇

သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဥ်ခဲ့သူများအနက် Dark Shadow အဖွဲ့ဝင်(၄)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဇွန်(၁၆)ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါတံတားဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားများဖြစ်သည့် ချိုကြီး(ခ)ဟိန်းထက်အောင် အပါအဝင် အမျိုးသား (၈)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၉)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် နစကမှထုတ်ပြန်ထားခဲ့သည်။

ဖမ်းဆီးရမိသူ ချိုကြီး(ခ)ဟိန်းထက်အောင်၏ ထွက်ဆိုချက်အရ ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် မျိုးသိန်းထွန်း(၃၄)နှစ်အား FGC-9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းအိမ်ရာ၊ ပျိုးခြံလိုင်း၊ အခန်းအမှတ်(၁၃)တွင်လည်းကောင်း၊ ဇော်ကြီး(ခ)ကိုထက်(၃၀)နှစ်အား လက်လုပ်မိုင်း (၁)လုံး၊ တရုတ်လက်ပစ်ဗုံး (၁)လုံး၊ ရီမု (၁)ခု တို့နှင့်အတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပိတောက်လမ်း၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ နီလာအဆောင်၊ အခန်းအမှတ်(B-7)တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ရဲဇော်ထွန်း(ခ)ဖီးနစ်(၃၄)နှစ်အား ပွိုင့်-၃၈ ကျည် (၂၉)တောင့်၊ လက်လုပ်မိုင်း (၅) လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၁ လုံး၊ Keypad ဖုန်း ၄ လုံး၊ ဓာတ်ခဲ ၉ လုံး၊ ပုလဲဓာတ်မြေဩဇာ ၁ ထုပ်တို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာ၊ သီဟလိုင်း၊ အခန်းအမှတ်(၄)တွင် လည်းကောင်း၊ ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း(၂၁)နှစ်အား လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ တိုက်(၄၅)၊ အခန်း(၁၀၃)တွင် လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ချိုကြီး၊ ရဲဇော်ထွန်း၊ ဇော်ကြီးနှင့် ရှိန်းမြင့်မိုရ်အောင်တို့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူမှုကွန်ရက်၌ ရင်းနှီးခဲ့သူ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်ရှိသူ ဖြူနှင်းအေး(ခ)မီးအိမ်ရှင်၏ စည်းရုံးမှုဖြင့် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ လေးကေ့ကော်မြို့သစ်အနီး၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း (၁)လ တက်ရောက်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးရန်ကျန်ရှိသူ ချမ်းငြိမ်းသူ(ခ)ပန်ဒါလေး ခေါင်း ဆောင်သည့် Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်မြို့အတွင်းရှိ လှိုင်သာယာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံ (ဆိပ်ကမ်း)မြို့နယ်တို့တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လက်နက်/ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ငွေကြေးများအား တရားခံပြေးရည်မွန်က ဖမ်းဆီးရန်ကျန်ရှိသည့် ချမ်းငြိမ်းသူ (ခ)ပန်ဒါလေး မှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ တရားခံပြေးရည်မွန်၏ စေခိုင်းမှုဖြင့် Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့မှ ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်ဖောက်ခွဲမှု (၂)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
သန္လ်င္တံတားသစ္ဖြင့္ပြဲအား ၁၀၇ မမေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ရန္စီစဥ္ခဲ့သူမ်ားအနက္ Dark Shadow အဖြဲ႕ဝင္(၄)ဦးကို ထပ္မံဖမ္းဆီးရမိ

ယြန္း (NP News) - ဇြန္ ၁၇

သန္လ်င္တံတားအမွတ္(၃)ဖြင့္ပြဲ အခမ္းအနားကို ၁၀၇ မမေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ရန္ စီစဥ္ခဲ့သူမ်ားအနက္ Dark Shadow အဖြဲ႕ဝင္(၄)ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဇြန္(၁၆)ရက္ ညပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။

အဆိုပါတံတားဖြင့္ပြဲ အခမ္းအနားကို ၁၀၇ မမေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ရန္ ႀကံစည္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားျဖစ္သည့္ ခ်ိဳႀကီး(ခ)ဟိန္းထက္ေအာင္ အပါအဝင္ အမ်ိဳးသား (၈)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး စုစုေပါင္း(၉)ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ၿပီးခဲ့သည့္ ဇြန္လ ၁၀ ရက္ေန႔တြင္ နစကမွထုတ္ျပန္ထားခဲ့သည္။

ဖမ္းဆီးရမိသူ ခ်ိဳႀကီး(ခ)ဟိန္းထက္ေအာင္၏ ထြက္ဆိုခ်က္အရ ဇြန္လ ၁၄ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အၾကမ္းဖက္လုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိေသာ Dark Shadow အမည္ခံအၾကမ္းဖက္အဖြဲ႕ဝင္မ်ားျဖစ္သည့္ မ်ိဳးသိန္းထြန္း(၃၄)ႏွစ္အား FGC-9 ေသနတ္ ၁ လက္၊ က်ည္အိမ္ ၁ ခုတို႔ႏွင့္အတူ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ဥယ်ာဥ္ရပ္ကြက္၊ တိရစာၦန္ဥယ်ာဥ္ ဝန္ထမ္းအိမ္ရာ၊ ပ်ိဳးၿခံလိုင္း၊ အခန္းအမွတ္(၁၃)တြင္လည္းေကာင္း၊ ေဇာ္ႀကီး(ခ)ကိုထက္(၃၀)ႏွစ္အား လက္လုပ္မိုင္း (၁)လုံး၊ တ႐ုတ္လက္ပစ္ဗုံး (၁)လုံး၊ ရီမု (၁)ခု တို႔ႏွင့္အတူ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ ပိေတာက္လမ္း၊ အမွတ္(၆)ရပ္ကြက္၊ က်န္စစ္သားအိမ္ရာ၊ နီလာအေဆာင္၊ အခန္းအမွတ္(B-7)တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အလားတူ ရဲေဇာ္ထြန္း(ခ)ဖီးနစ္(၃၄)ႏွစ္အား ပြိဳင့္-၃၈ က်ည္ (၂၉)ေတာင့္၊ လက္လုပ္မိုင္း (၅) လုံး၊ လက္လုပ္ရႈိ႕ပစ္ဗုံး ၁ လုံး၊ Keypad ဖုန္း ၄ လုံး၊ ဓာတ္ခဲ ၉ လုံး၊ ပုလဲဓာတ္ေျမဩဇာ ၁ ထုပ္တို႔ႏွင့္အတူ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ဥယ်ာဥ္ရပ္ကြက္၊ တိရစာၦန္ဥယ်ာဥ္ဝန္ထမ္းအိမ္ရာ၊ သီဟလိုင္း၊ အခန္းအမွတ္(၄)တြင္ လည္းေကာင္း၊ ရွိန္းျမင့္မိုရ္ေအာင္(ခ)ကိုရွိန္း(၂၁)ႏွစ္အား လႈိင္သာယာ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၆)ရပ္ကြက္၊ က်န္စစ္သားအိမ္ရာ၊ တိုက္(၄၅)၊ အခန္း(၁၀၃)တြင္ လည္းေကာင္း အသီးသီးထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ခ်ိဳႀကီး၊ ရဲေဇာ္ထြန္း၊ ေဇာ္ႀကီးႏွင့္ ရွိန္းျမင့္မိုရ္ေအာင္တို႔သည္ ၂၀၂၁ ခုႏွစ္၊ ဩဂုတ္လတြင္ လူမႈကြန္ရက္၌ ရင္းႏွီးခဲ့သူ ရန္ကုန္ UG အၾကမ္းဖက္အဖြဲ႕ဝင္ ဖမ္းဆီးရန္က်န္ရွိသူ ျဖဴႏွင္းေအး(ခ)မီးအိမ္ရွင္၏ စည္း႐ုံးမႈျဖင့္ KNLA တပ္မဟာ(၆) လႈပ္ရွားနယ္ေျမ ေလးေက့ေကာ္ၿမိဳ႕သစ္အနီး၌ အၾကမ္းဖက္ေဖာက္ခြဲေရးသင္တန္း (၁)လ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။ ၎တို႔သည္ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ဖမ္းဆီးရန္က်န္ရွိသူ ခ်မ္းၿငိမ္းသူ(ခ)ပန္ဒါေလး ေခါင္း ေဆာင္သည့္ Dark Shadow အမည္ခံအၾကမ္းဖက္အဖြဲ႕သို႔ ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ရန္ကုန္ၿမိဳ႕အတြင္းရွိ လႈိင္သာယာၿမိဳ႕နယ္၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ႏွင့္ ဒဂုံ (ဆိပ္ကမ္း)ၿမိဳ႕နယ္တို႔တြင္ အၾကမ္းဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး လိုအပ္သည့္ လက္နက္/ ခဲယမ္းမ်ား၊ ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္ ေငြေၾကးမ်ားအား တရားခံေျပးရည္မြန္က ဖမ္းဆီးရန္က်န္ရွိသည့္ ခ်မ္းၿငိမ္းသူ (ခ)ပန္ဒါေလး မွတစ္ဆင့္ ေထာက္ပံ့ေပးခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။ ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ တရားခံေျပးရည္မြန္၏ ေစခိုင္းမႈျဖင့္ Dark Shadow အမည္ခံအၾကမ္းဖက္အဖြဲ႕မွ ရန္ကုန္ၿမိဳ႕အတြင္း၌ အၾကမ္းဖက္ေဖာက္ခြဲမႈ (၂)ႀကိမ္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ဖမ္းဆီးရမိတရားခံမ်ားအား ဥပေဒအရထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.