ထိုင်းဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် မောပန်းပင်ပန်းနေဟုဆို

 204

ဂျန်ဇက် (NP News) - ဇွန် ၁၇

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ချိုင်းဝါချာရွန်ကီက ဝန်ကြီးချုပ်ဟာ နေမကောင်းဖြစ်နေပြီး မောပန်းမှုတွေရှိနေကာ ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးနေရကြောင်း ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။

ဆရာဝန်က ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်ကို အခြားသူတွေအပေါ် ကူးစက်မှုတွေထပ်မံမဖြစ်ပွားအောင် ရက်အနည်းငယ်အနားယူဖို့ အကြံပေးထားကြောင်း၊ လာမယ့်ရက်ပိုင်းအတွင်း ပုံမှန်အတိုင်း လုပ်ငန်းတာဝန်တွေကို ပြန်လည်ရယူဖွယ်ရှိနေကြောင်း၊ ချိုင်းဝါချာရွန်ကီက ထပ်မံပြောဆိုခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်က "ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျွန်တော်နဲ့အတူ ထိတွေ့ဆက်ဆံခဲ့သူအားလုံးကို တောင်းပန်ပါတယ်။ အလုပ်တွေကို မကြာမီပြန်လုပ်နိုင်မှာပါ"လို့ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ လက်ရှိအချိန်မှာ ဖိအားတွေနဲ့ရင်ဆိုင်နေရပြီး ထိုင်းအထက်လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကို ရာထူးကဖြုတ်ချဖို့ ကြိုးပမ်းနေ ကြောင်းသိရပါတယ်။ ဆာရက်သာတာဗီဆင်ဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ထိုင်းရွေးကောက် ပွဲမှာ ဒုတိယမဲအများဆုံးနဲ့အနိုင်ရတဲ့ ဖြူထိုင်းပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်တပ်က ရွေးကောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ထောက်ခံမှုကြောင့် ဝန်ကြီးချုပ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

zawgyi version
ထိုင္းဝန္ႀကီးခ်ဳပ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ေမာပန္းပင္ပန္းေနဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၁၇

ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ ထိုင္းအစိုးရတာဝန္ရွိသူတစ္ဦးကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ထိုင္းအစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ခ်ိဳင္းဝါခ်ာ႐ြန္ကီက ဝန္ႀကီးခ်ဳပ္ဟာ ေနမေကာင္းျဖစ္ေနၿပီး ေမာပန္းမႈေတြရွိေနကာ ဆရာဝန္ေတြနဲ႔တိုင္ပင္ေဆြးေႏြးေနရေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့ပါတယ္။

ဆရာဝန္က ဝန္ႀကီးခ်ဳပ္ဆာရက္သာတာဗီဆင္ကို အျခားသူေတြအေပၚ ကူးစက္မႈေတြထပ္မံမျဖစ္ပြားေအာင္ ရက္အနည္းငယ္အနားယူဖို႔ အႀကံေပးထားေၾကာင္း၊ လာမယ့္ရက္ပိုင္းအတြင္း ပုံမွန္အတိုင္း လုပ္ငန္းတာဝန္ေတြကို ျပန္လည္ရယူဖြယ္ရွိေနေၾကာင္း၊ ခ်ိဳင္းဝါခ်ာ႐ြန္ကီက ထပ္မံေျပာဆိုခဲ့ပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္က "ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကြၽန္ေတာ္နဲ႔အတူ ထိေတြ႕ဆက္ဆံခဲ့သူအားလုံးကို ေတာင္းပန္ပါတယ္။ အလုပ္ေတြကို မၾကာမီျပန္လုပ္ႏိုင္မွာပါ"လို႔ေျပာပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ဟာ လက္ရွိအခ်ိန္မွာ ဖိအားေတြနဲ႔ရင္ဆိုင္ေနရၿပီး ထိုင္းအထက္လႊတ္ေတာ္အမတ္ေတြက ဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ကို ရာထူးကျဖဳတ္ခ်ဖို႔ ႀကိဳးပမ္းေန ေၾကာင္းသိရပါတယ္။ ဆာရက္သာတာဗီဆင္ဟာ ၿပီးခဲ့တဲ့ႏွစ္က က်င္းပတဲ့ထိုင္းေ႐ြးေကာက္ ပြဲမွာ ဒုတိယမဲအမ်ားဆုံးနဲ႔အႏိုင္ရတဲ့ ျဖဴထိုင္းပါတီရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး စစ္တပ္က ေ႐ြးေကာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ေထာက္ခံမႈေၾကာင့္ ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့သူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.