ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် လိုအပ်သော ကာကွယ်ဆေးများကို နှစ်လစာသိုလှောင်နိုင်မည့် ကာကွယ်ဆေးသိုလှောင်အအေးခန်းအဆောက်အအုံသစ်ကို ရန်ကုန်တွင်ဖွင့်လှစ်

 357

ယွန်း(NP News) - ဇွန် ၁၇

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် လိုအပ်သော ကာကွယ်ဆေးများကို နှစ်လစာသိုလှောင်နိုင်မည့် ကာကွယ်ဆေးသိုလှောင်အအေးခန်းအဆောက်အအုံသစ်ကို ရန်ကုန်တွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောက်အအုံသစ်ဖွင့်ပွဲကို ပြီးခဲ့သည့် ဇွန်(၁၅)ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အ ဆောက်အအုံ၊ ရေ၊ မီးတို့အတွက် ကုန်ကျစရိတ်သည် ခန့်မှန်းတန်ဖိုး မြန်မာငွေကျပ် သိန်းပေါင်း ၇၀၈၇ သိန်းခန့်(အမေရိကန်ဒေါ်လာ ၃၃၇၅၀၀) ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ အချက်အလက်များအရ သိရသည်။ ယင်းသုံးထပ်အဆောက်အအုံသစ်ကို ကာကွယ်ဆေးထိုးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့(GAVI) အထောက်အပံ့ဖြင့် Ultra Company Ltd. မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် လိုအပ်သောကာကွယ်ဆေး နှစ်လစာကို သိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း သုံးထပ်အဆောက်အအုံသစ်သည် အလျား ပေ ၆၀၊ အနံ ၄၈ ပေ၊ အမြင့် ၃၉ ပေရှိသော သုံးထပ်ဆောင်အဆောက်အအုံဖြစ်ပြီး မြေညီထပ်တွင် ကာကွယ်ဆေးများကို သိုလှောင်ထားရှိမည့် (30m3 capacity) Walk in cooler အအေးခန်းတစ်လုံး၊ (20m3 capacity) ရှိ Walk in freezer အအေးခန်းတစ်လုံး၊ Washing room တစ်ခန်း၊ Dry store တစ်ခန်းနှင့် အအေးလမ်းကြောင်း ရုံးခန်းတစ်ခန်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပထမထပ်တွင် ရုံးခန်းတစ်ခန်း၊ Function Room သုံးခန်း၊ ဒုတိယထပ်တွင် သင်တန်းခန်းမကျယ်တစ်ခန်းနှင့် Store တစ်ခန်း၊ Function Room တစ်ခန်း၊ အစားသောက်ပြင်ဆင်ခန်းတစ်ခန်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့(ဇွန် ၁၆)တွင် မှော်ဘီမြို့ပြည်သူ့ဆေးရုံ၏ နှစ်ထပ်ကုသဆောင်သစ်ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ဆေးရုံမှော်ဘီမြို့၏ နှစ်ထပ်ကုသ‌ဆောင်သစ်သည် စတုရန်းပေ ၁၆၈၀၀ ကျယ်ဝန်းပြီး နိုင်ငံတော်မှခွင့်ပြုရန်ပုံငွေကျပ် ၁၁၅၉ ဒသမ ၂၀၀ သန်း ကုန်ကျခဲ့ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံအထူးအဖွဲ့(၂)ကို လုပ်ငန်းအပ်နှံ ၍ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင် လုပ်ငန်းများပြီးစီးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါအဆောက်အအုံမြေညီထပ်တွင် အရေးပေါ်လူနာစမ်းသပ်ခန်း၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ကြပ်ကြည့်ရှုခန်း၊ သားဖွားခန်းနှစ်ခန်း၊ မွေးပြီးလူနာစောင့်ကြပ်ကြည့်ရှုခန်း၊ မွေးကင်းစကလေးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ စတိုခန်း၊ ဆေးပေးခန်းတို့ပါဝင်ပြီး ပထမထပ်တွင် အမျိုးသမီးလူနာဆောင်များ၊ ကြပ်မတ်ကုသခန်း၊ ကလေး လူနာကုသခန်းတို့ ပါဝင်ပါကြောင်း သိရသည်။

zawgyi version
ပုံမွန္ကာကြယ္ေဆးထိုးလုပ္ငန္းအတြက္ လိုအပ္ေသာ ကာကြယ္ေဆးမ်ားကို ႏွစ္လစာသိုေလွာင္ႏိုင္မည့္ ကာကြယ္ေဆးသိုေလွာင္အေအးခန္းအေဆာက္အအုံသစ္ကို ရန္ကုန္တြင္ဖြင့္လွစ္
ယြန္း(NP News) - ဇြန္ ၁၇

ပုံမွန္ကာကြယ္ေဆးထိုးလုပ္ငန္းအတြက္ လိုအပ္ေသာ ကာကြယ္ေဆးမ်ားကို ႏွစ္လစာသိုေလွာင္ႏိုင္မည့္ ကာကြယ္ေဆးသိုေလွာင္အေအးခန္းအေဆာက္အအုံသစ္ကို ရန္ကုန္တြင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေဆာက္အအုံသစ္ဖြင့္ပြဲကို ၿပီးခဲ့သည့္ ဇြန္(၁၅)ရက္တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အ ေဆာက္အအုံ၊ ေရ၊ မီးတို႔အတြက္ ကုန္က်စရိတ္သည္ ခန႔္မွန္းတန္ဖိုး ျမန္မာေငြက်ပ္ သိန္းေပါင္း ၇၀၈၇ သိန္းခန႔္(အေမရိကန္ေဒၚလာ ၃၃၇၅၀၀) ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ၏ အခ်က္အလက္မ်ားအရ သိရသည္။ ယင္းသုံးထပ္အေဆာက္အအုံသစ္ကို ကာကြယ္ေဆးထိုးျခင္းႏွင့္ ကမာၻလုံးဆိုင္ရာကာကြယ္ေဆးထိုးႏွံေရးမဟာမိတ္အဖြဲ႕(GAVI) အေထာက္အပံ့ျဖင့္ Ultra Company Ltd. မွ တာဝန္ယူေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္း ပုံမွန္ကာကြယ္ေဆးထိုးလုပ္ငန္းအတြက္ လိုအပ္ေသာကာကြယ္ေဆး ႏွစ္လစာကို သိုေလွာင္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး ကာကြယ္ေဆးသိုေလွာင္အေအးခန္း သုံးထပ္အေဆာက္အအုံသစ္သည္ အလ်ား ေပ ၆၀၊ အနံ ၄၈ ေပ၊ အျမင့္ ၃၉ ေပရွိေသာ သုံးထပ္ေဆာင္အေဆာက္အအုံျဖစ္ၿပီး ေျမညီထပ္တြင္ ကာကြယ္ေဆးမ်ားကို သိုေလွာင္ထားရွိမည့္ (30m3 capacity) Walk in cooler အေအးခန္းတစ္လုံး၊ (20m3 capacity) ရွိ Walk in freezer အေအးခန္းတစ္လုံး၊ Washing room တစ္ခန္း၊ Dry store တစ္ခန္းႏွင့္ အေအးလမ္းေၾကာင္း ႐ုံးခန္းတစ္ခန္း ပါဝင္ေၾကာင္း သိရသည္။

ထို႔ျပင္ ပထမထပ္တြင္ ႐ုံးခန္းတစ္ခန္း၊ Function Room သုံးခန္း၊ ဒုတိယထပ္တြင္ သင္တန္းခန္းမက်ယ္တစ္ခန္းႏွင့္ Store တစ္ခန္း၊ Function Room တစ္ခန္း၊ အစားေသာက္ျပင္ဆင္ခန္းတစ္ခန္းတို႔ ပါဝင္ေၾကာင္း သိရသည္။

ထို႔ျပင္ ယမန္ေန႔(ဇြန္ ၁၆)တြင္ ေမွာ္ဘီၿမိဳ႕ျပည္သူ႔ေဆး႐ုံ၏ ႏွစ္ထပ္ကုသေဆာင္သစ္ကို ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။ ျပည္သူ႔ေဆး႐ုံေမွာ္ဘီၿမိဳ႕၏ ႏွစ္ထပ္ကုသ‌ေဆာင္သစ္သည္ စတုရန္းေပ ၁၆၈၀၀ က်ယ္ဝန္းၿပီး ႏိုင္ငံေတာ္မွခြင့္ျပဳရန္ပုံေငြက်ပ္ ၁၁၅၉ ဒသမ ၂၀၀ သန္း ကုန္က်ခဲ့ကာ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အေဆာက္အအုံအထူးအဖြဲ႕(၂)ကို လုပ္ငန္းအပ္ႏွံ ၍ ၂၀၂၃ ခုႏွစ္ ဩဂုတ္ ၁၈ ရက္တြင္ စတင္ေဆာက္လုပ္ခဲ့ရာ ၂၀၂၄ ခုႏွစ္ မတ္ ၃၀ ရက္တြင္ လုပ္ငန္းမ်ားၿပီးစီးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနထံမွ သိရသည္။

အဆိုပါအေဆာက္အအုံေျမညီထပ္တြင္ အေရးေပၚလူနာစမ္းသပ္ခန္း၊ ကိုယ္ဝန္ေဆာင္မိခင္ေစာင့္ၾကပ္ၾကည့္ရႈခန္း၊ သားဖြားခန္းႏွစ္ခန္း၊ ေမြးၿပီးလူနာေစာင့္ၾကပ္ၾကည့္ရႈခန္း၊ ေမြးကင္းစကေလးလူနာ ေစာင့္ၾကပ္ၾကည့္ရႈခန္း၊ စတိုခန္း၊ ေဆးေပးခန္းတို႔ပါဝင္ၿပီး ပထမထပ္တြင္ အမ်ိဳးသမီးလူနာေဆာင္မ်ား၊ ၾကပ္မတ္ကုသခန္း၊ ကေလး လူနာကုသခန္းတို႔ ပါဝင္ပါေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.