AA က မောင်တောမြို့ခံများကို ဇွန်လ ၁၆ ရက်ညပိုင်းမှစ၍ အမြန်ဆုံးထွက်ခွာကြရန်ပြောကြားသော်လည်း မြို့ခံများအချိန်မီထွက်ခွာရန် အခက်အခဲရှိနေ

 1689

NP News - ဇွန် ၁၇

AA က မောင်တောမြို့ခံများကို ဇွန်လ ၁၆ ရက် ညပိုင်းမှစ၍ အမြန်ဆုံးထွက်ခွာကြရန် ထုတ်ပြန်ချက်ထုတ်ကာ ပြောကြားထားသော်လည်း မြို့ခံများအချိန်မီထွက်ခွာရန် အခက်အခဲရှိနေကြောင်း မောင်တောမြို့ခံတစ်ဦးက NP News ကိုပြောသည်။

AA အဖွဲ့က (ဇွန်လ ၁၆ ရက်)ညပိုင်းက သတင်းထုတ်ပြန်ရာတွင် မောင်တောမြို့ကို ၎င်းတို့အဖွဲ့က တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မြို့ခံများကို ယင်းနေ့၊ ည (၉)နာရီအချိန်မှစ၍ မြို့မှထွက်ခွာရန် ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက် မောင်တောမြို့ခံများအနေဖြင့် စိုးရိမ်ထိန့်လန့်မှုများဖြစ်ပေါ်ခဲ့ပြီး အချိန်မီထွက်ခွာရန်ပြင်ဆင်ခဲ့သော်လည်း နယ်မြေအခြေအနေများအရ ထွက်မရသည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

“ထွက်လို့မရတဲ့အခြေအနေဖြစ်နေတာပါ။ အိမ်ထဲမှာပဲ လုံခြုံအောင်နေကြရမယ့် အနေအ ထားပါ။ လမ်းတွေပိတ်ထားတော့ ဘယ်မှသွားမရဘူး။ ကမ်းထိုးယာဥ်လည်းမလာတော့ သွားမရတော့တာပါ”ဟု အထက်ပါသတင်းအရစ်အမြစ်က ဆိုသည်။

ထုတ်ပြန်ချက်ထုတ်ပြန်ပြီးချိန်တွင် မောင်တောမြို့ခံများအနေဖြင့် အစစအရာရာအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းလည်း ၎င်းက ဆိုသည်။

“စာထုတ်လိုက်ပြီဆိုတော့ စျေး၀ယ်ဖို့အခက်အခဲတွေ အကုန်ကြုံရပီပေါ့နော် အရင်ကတော့သူ့ဟာသူ အဆင်ပြေပါသေးတယ်။ မြို့မှာက ရခိုင်က ရာဂဏာန်းပဲရှိပါတော့တယ်။ ဘင်္ဂါလီသိန်းဂဏာန်းထိရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

zawgyi version
AA က ေမာင္ေတာၿမိဳ႕ခံမ်ားကို ဇြန္လ ၁၆ ရက္ညပိုင္းမွစ၍ အျမန္ဆုံးထြက္ခြာၾကရန္ေျပာၾကားေသာ္လည္း ၿမိဳ႕ခံမ်ားအခ်ိန္မီထြက္ခြာရန္ အခက္အခဲရွိေန

NP News - ဇြန္ ၁၇

AA က ေမာင္ေတာၿမိဳ႕ခံမ်ားကို ဇြန္လ ၁၆ ရက္ ညပိုင္းမွစ၍ အျမန္ဆုံးထြက္ခြာၾကရန္ ထုတ္ျပန္ခ်က္ထုတ္ကာ ေျပာၾကားထားေသာ္လည္း ၿမိဳ႕ခံမ်ားအခ်ိန္မီထြက္ခြာရန္ အခက္အခဲရွိေနေၾကာင္း ေမာင္ေတာၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

AA အဖြဲ႕က (ဇြန္လ ၁၆ ရက္)ညပိုင္းက သတင္းထုတ္ျပန္ရာတြင္ ေမာင္ေတာၿမိဳ႕ကို ၎တို႔အဖြဲ႕က တိုက္ခိုက္ေတာ့မည္ျဖစ္ေသာေၾကာင့္ ၿမိဳ႕ခံမ်ားကို ယင္းေန႔၊ ည (၉)နာရီအခ်ိန္မွစ၍ ၿမိဳ႕မွထြက္ခြာရန္ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားျခင္းျဖစ္သည္။ အဆိုပါ ထုတ္ျပန္ခ်က္ထုတ္ျပန္ၿပီးေနာက္ ေမာင္ေတာၿမိဳ႕ခံမ်ားအေနျဖင့္ စိုးရိမ္ထိန႔္လန႔္မႈမ်ားျဖစ္ေပၚခဲ့ၿပီး အခ်ိန္မီထြက္ခြာရန္ျပင္ဆင္ခဲ့ေသာ္လည္း နယ္ေျမအေျခအေနမ်ားအရ ထြက္မရသည့္အေျခအေနႏွင့္ရင္ဆိုင္ေနရေၾကာင္း သိရသည္။

“ထြက္လို႔မရတဲ့အေျခအေနျဖစ္ေနတာပါ။ အိမ္ထဲမွာပဲ လုံၿခဳံေအာင္ေနၾကရမယ့္ အေနအ ထားပါ။ လမ္းေတြပိတ္ထားေတာ့ ဘယ္မွသြားမရဘူး။ ကမ္းထိုးယာဥ္လည္းမလာေတာ့ သြားမရေတာ့တာပါ”ဟု အထက္ပါသတင္းအရစ္အျမစ္က ဆိုသည္။

ထုတ္ျပန္ခ်က္ထုတ္ျပန္ၿပီးခ်ိန္တြင္ ေမာင္ေတာၿမိဳ႕ခံမ်ားအေနျဖင့္ အစစအရာရာအခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္းလည္း ၎က ဆိုသည္။

“စာထုတ္လိုက္ၿပီဆိုေတာ့ ေစ်း၀ယ္ဖို႔အခက္အခဲေတြ အကုန္ႀကဳံရပီေပါ့ေနာ္ အရင္ကေတာ့သူ႔ဟာသူ အဆင္ေျပပါေသးတယ္။ ၿမိဳ႕မွာက ရခိုင္က ရာဂဏာန္းပဲရွိပါေတာ့တယ္။ ဘဂၤါလီသိန္းဂဏာန္းထိရွိပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.