သန်လျင်တံတားသစ်ကို ရှော့တိုက်ဒုံးပစ်မည့်အဖွဲ့၏ ကြိုးကိုင်သူ ဖြူနှင်းအေးတို့ မဲဆောက်မှတစ်ဆင့် အမေရိကန်သို့ တိမ်းရှောင်ရန်ကြိုးပမ်းနေ

 52753

Iris (NP News) - ဇွန် ၁၇

သန်လျင်တံတားသစ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည့်အဖွဲ့၏ နောက်ကွယ်မှကြိုးကိုင်သူ ဖြူနှင်းအေးနှင့် အခြား သော တက်ကြွလှုပ်ရှားသူများက မဲဆောက်မှတစ်ဆင့် အမေရိကန်သို့ ထွက်ပြေးရန် ဗီဇာရသွားပြီဖြစ်ကြောင်း သတင်း ရရှိသည်။

ဇွန်လ(၈)ရက် နံနက်ခင်းပိုင်း၌ သန်လျင်တံတားအသစ်ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရန် မြို့ပြပြောက်ကျား အုပ်စုတစ်စုက ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့သည့်အပြင် ဖမ်းဆီးခြင်းခံလိုက်ရပြီး ကွင်းဆက်တရားခံများကိုပါ နစကအာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်ကို တွေ့ရသည်။ နစက၏ ဇွန်လ (၁၀)ရက်က ထုတ်ပြန်ချက်အရ ဖောက်ခွဲ တိုက်ခိုက် ရေးသမား(၉)ဦး၏ နောက်ကွယ်တွင် မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေသူ ဖြူနှင်းအေး(ခ) မီးအိမ်ရှင်ဆိုသည့် အမျိုးသမီးက ဦးဆောင်းခဲ့သည်ဟု သိရသည်။

“ဖြူနှင်းအေးက အမေရိကန်ကို ၂၁ ရက်နေ့မှာ ထွက်တော့မယ်။ ဖောက်ခွဲတိုက်ခိုက်ရေး ကိစ္စတွေခိုင်းတဲ့သူ တွေထဲမှာ သူနဲ့အတူတူ နိုင်ငံလင်း (ရန်ကုန် လူမှုရေးဝန်ကြီးဟောင်း)ရဲ့ အမေ ဒေါ်ဖြူလည်းပါတယ်။ သူတို့တွေအားလုံး က မဲဆောက်က CK Hill ဟိုတယ်မှာ နေကြတာ။ ဖောက်ခွဲတိုက်ခိုက်မှု မအောင်မြင်တော့ သူတို့တွေလန့်နေကြတယ်။ ၂၁ ရက်နေ့မထွက်ခင်မှာ အင်တာပိုလ်ကနေ လာဖမ်းမှာ ကို သူတို့ကြောက်နေကြတယ်” ဟု မဲဆောက်အခြေစိုက် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဟိုတယ်အတွင်း၌ စုပေါင်းနေထိုင်ကြသော NUG ဘက်တော်သား ပြည်ပြေးများကလည်း ဖောက်ခွဲတိုက်ခိုက်မှုလုပ်ရပ် မအောင်မြင်ခြင်းအတွက် ဖြူနှင်းအေးတို့ကို အပြစ်တင်ပုံချခြင်းများ လုပ်ဆောင်နေကြပြီး အချင်းချင်းကြားတွင် အဆင်မပြေမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။ အထူးသဖြင့် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ခဲ့ခြင်းအတွက် အမေရိကန်ဘက်က သတိထားမိပြီး လက်မခံဘဲ ဗီဇာပယ်ဖျက်ခြင်းများလုပ်မည်ကို စိုးရိမ်နေကြ ခြင်းဟုဆိုသည်။ လွန်ခဲ့သောရက်ပိုင်းအတွင်းကလည်း ဩစတြေးလျသို့ ထွက်ခွာရန်အတွက် လူဦးရေ (၁၀ဝ)ကျော်သော ပြည်ပြေးအဖွဲ့များက မဲဆောက်မှတစ်ဆင့် ဘန်ကောက်သို့ ကားများဖြင့် ထွက်ခွာခဲ့ကြောင်း၊ ဘန်ကောက်ရောက်သည့် အချိန်၌ (၆၀)ဦးထက်မနည်းသော ပြည်ပြေးများကို ဩစတြေးလျဘက်က ဗီဇာပယ်ဖျက်မှုလုပ်ခဲ့သဖြင့် မဲဆောက်သို့ ပြန်လာခဲ့ကြကြောင်း ကြားသိရသည်။

‘မဲဆောက်ကနေ သွားတဲ့အုပ်စုက အမတ်တွေချည်းပဲ မဟုတ်ဘူး။ အမတ်က နည်းနည်းပဲပါ တယ်။ သူတို့ မိသားစုဝင်တွေ ပိုများတယ်။ အိသဉ္ဇာမောင်ရဲ့ အမျိုးတွေတောင်ပါတယ်’ ဟု ၎င်းက ပြောသည်။ နိုင်ငံရေးလှုပ်ရှားသူ ဦးပြေသိမ်း၏သမီးဖြစ်သည့် ဒေါ်ဖြူနှင်းအေး နောက်ကွယ်မှကြိုးကိုင်သော ဖောက်ခွဲ တိုက်ခိုက်ရေးလုပ်ရပ်အတွက် ထိုင်းအင်တာပိုလ်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ချိတ်ဆက်လာလျှင် အရေးယူမှု များလုပ်ပေးနိုင်ခြေရှိသည်ဟုသိရသည်။ သို့သော်လည်း အမေရိကန်အစိုးရကိုယ်တိုင်က အကာအကွယ်ပေးထားသော ပုဂ္ဂိုလ် ဖြစ်နေလျှင် ထိုင်းရဲများက သတိထားထိန်းကျောင်း ခြင်းများလုပ်မည်ဖြစ်ပြီး ဖမ်းဆီးရဲမည်မဟုတ် ကြောင်းလည်း သတင်းရင်းမြစ်က အတည်ပြုသည်။

ဒေါ်ဖြူနှင်းအေး၏ စီစဉ်ပေးချက်အရ သန်လျင်တံတားအသစ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည့် ဖြစ်စဉ်အတွက် အမျိုးသား(၁၂)ဦး၊ အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့၏ထွက်ဆိုချက်အရ မဲဆောက်မှ ဒေါ်ဖြူနှင်းအေးက ငွေပေး၍ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ သန်လျင်တံတားအသစ်ဖွင့်ပွဲကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်မည့်လုပ်ငန်းစဉ်ကို တားဆီးနိုင်ရေးအတွက် လုံခြုံရေးအထူး တပ်ဖွဲ့ဝင်များက ညအိပ်စောင့်ဆိုင်း၍ သက်စွန့်ဆံ ဖျား ဖမ်းဆီးပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
သန္လ်င္တံတားသစ္ကို ေရွာ့တိုက္ဒုံးပစ္မည့္အဖြဲ႕၏ ႀကိဳးကိုင္သူ ျဖဴႏွင္းေအးတို႔ မဲေဆာက္မွတစ္ဆင့္ အေမရိကန္သို႔ တိမ္းေရွာင္ရန္ႀကိဳးပမ္းေန
Iris (NP News) - ဇြန္ ၁၇

သန္လ်င္တံတားသစ္ကို ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္မည့္အဖြဲ႕၏ ေနာက္ကြယ္မွႀကိဳးကိုင္သူ ျဖဴႏွင္းေအးႏွင့္ အျခား ေသာ တက္ႂကြလႈပ္ရွားသူမ်ားက မဲေဆာက္မွတစ္ဆင့္ အေမရိကန္သို႔ ထြက္ေျပးရန္ ဗီဇာရသြားၿပီျဖစ္ေၾကာင္း သတင္း ရရွိသည္။

ဇြန္လ(၈)ရက္ နံနက္ခင္းပိုင္း၌ သန္လ်င္တံတားအသစ္ကို ေရွာ့တိုက္ဒုံးျဖင့္ပစ္ခတ္ရန္ ၿမိဳ႕ျပေျပာက္က်ား အုပ္စုတစ္စုက ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရွိခဲ့သည့္အျပင္ ဖမ္းဆီးျခင္းခံလိုက္ရၿပီး ကြင္းဆက္တရားခံမ်ားကိုပါ နစကအာဏာပိုင္မ်ားက ေဖာ္ထုတ္ႏိုင္ခဲ့သည္ကို ေတြ႕ရသည္။ နစက၏ ဇြန္လ (၁၀)ရက္က ထုတ္ျပန္ခ်က္အရ ေဖာက္ခြဲ တိုက္ခိုက္ ေရးသမား(၉)ဦး၏ ေနာက္ကြယ္တြင္ မဲေဆာက္ၿမိဳ႕သို႔ ထြက္ေျပးတိမ္းေရွာင္ေနသူ ျဖဴႏွင္းေအး(ခ) မီးအိမ္ရွင္ဆိုသည့္ အမ်ိဳးသမီးက ဦးေဆာင္းခဲ့သည္ဟု သိရသည္။

“ျဖဴႏွင္းေအးက အေမရိကန္ကို ၂၁ ရက္ေန႔မွာ ထြက္ေတာ့မယ္။ ေဖာက္ခြဲတိုက္ခိုက္ေရး ကိစၥေတြခိုင္းတဲ့သူ ေတြထဲမွာ သူနဲ႔အတူတူ ႏိုင္ငံလင္း (ရန္ကုန္ လူမႈေရးဝန္ႀကီးေဟာင္း)ရဲ႕ အေမ ေဒၚျဖဴလည္းပါတယ္။ သူတို႔ေတြအားလုံး က မဲေဆာက္က CK Hill ဟိုတယ္မွာ ေနၾကတာ။ ေဖာက္ခြဲတိုက္ခိုက္မႈ မေအာင္ျမင္ေတာ့ သူတို႔ေတြလန႔္ေနၾကတယ္။ ၂၁ ရက္ေန႔မထြက္ခင္မွာ အင္တာပိုလ္ကေန လာဖမ္းမွာ ကို သူတို႔ေၾကာက္ေနၾကတယ္” ဟု မဲေဆာက္အေျခစိုက္ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

ဟိုတယ္အတြင္း၌ စုေပါင္းေနထိုင္ၾကေသာ NUG ဘက္ေတာ္သား ျပည္ေျပးမ်ားကလည္း ေဖာက္ခြဲတိုက္ခိုက္မႈလုပ္ရပ္ မေအာင္ျမင္ျခင္းအတြက္ ျဖဴႏွင္းေအးတို႔ကို အျပစ္တင္ပုံခ်ျခင္းမ်ား လုပ္ေဆာင္ေနၾကၿပီး အခ်င္းခ်င္းၾကားတြင္ အဆင္မေျပမႈမ်ား ျဖစ္ခဲ့ေၾကာင္း သိရသည္။ အထူးသျဖင့္ အၾကမ္းဖက္ေဖာက္ခြဲတိုက္ခိုက္မႈမ်ားလုပ္ခဲ့ျခင္းအတြက္ အေမရိကန္ဘက္က သတိထားမိၿပီး လက္မခံဘဲ ဗီဇာပယ္ဖ်က္ျခင္းမ်ားလုပ္မည္ကို စိုးရိမ္ေနၾက ျခင္းဟုဆိုသည္။ လြန္ခဲ့ေသာရက္ပိုင္းအတြင္းကလည္း ဩစေၾတးလ်သို႔ ထြက္ခြာရန္အတြက္ လူဦးေရ (၁၀ဝ)ေက်ာ္ေသာ ျပည္ေျပးအဖြဲ႕မ်ားက မဲေဆာက္မွတစ္ဆင့္ ဘန္ေကာက္သို႔ ကားမ်ားျဖင့္ ထြက္ခြာခဲ့ေၾကာင္း၊ ဘန္ေကာက္ေရာက္သည့္ အခ်ိန္၌ (၆၀)ဦးထက္မနည္းေသာ ျပည္ေျပးမ်ားကို ဩစေၾတးလ်ဘက္က ဗီဇာပယ္ဖ်က္မႈလုပ္ခဲ့သျဖင့္ မဲေဆာက္သို႔ ျပန္လာခဲ့ၾကေၾကာင္း ၾကားသိရသည္။

‘မဲေဆာက္ကေန သြားတဲ့အုပ္စုက အမတ္ေတြခ်ည္းပဲ မဟုတ္ဘူး။ အမတ္က နည္းနည္းပဲပါ တယ္။ သူတို႔ မိသားစုဝင္ေတြ ပိုမ်ားတယ္။ အိသၪၨာေမာင္ရဲ႕ အမ်ိဳးေတြေတာင္ပါတယ္’ ဟု ၎က ေျပာသည္။ ႏိုင္ငံေရးလႈပ္ရွားသူ ဦးေျပသိမ္း၏သမီးျဖစ္သည့္ ေဒၚျဖဴႏွင္းေအး ေနာက္ကြယ္မွႀကိဳးကိုင္ေသာ ေဖာက္ခြဲ တိုက္ခိုက္ေရးလုပ္ရပ္အတြက္ ထိုင္းအင္တာပိုလ္ကလည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဘက္က ခ်ိတ္ဆက္လာလွ်င္ အေရးယူမႈ မ်ားလုပ္ေပးႏိုင္ေျခရွိသည္ဟုသိရသည္။ သို႔ေသာ္လည္း အေမရိကန္အစိုးရကိုယ္တိုင္က အကာအကြယ္ေပးထားေသာ ပုဂၢိဳလ္ ျဖစ္ေနလွ်င္ ထိုင္းရဲမ်ားက သတိထားထိန္းေက်ာင္း ျခင္းမ်ားလုပ္မည္ျဖစ္ၿပီး ဖမ္းဆီးရဲမည္မဟုတ္ ေၾကာင္းလည္း သတင္းရင္းျမစ္က အတည္ျပဳသည္။

ေဒၚျဖဴႏွင္းေအး၏ စီစဥ္ေပးခ်က္အရ သန္လ်င္တံတားအသစ္ကို ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္မည့္ ျဖစ္စဥ္အတြက္ အမ်ိဳးသား(၁၂)ဦး၊ အမ်ိဳးသမီးတစ္ဦးတို႔ ဖမ္းဆီးခံခဲ့ရၿပီး ၎တို႔၏ထြက္ဆိုခ်က္အရ မဲေဆာက္မွ ေဒၚျဖဴႏွင္းေအးက ေငြေပး၍ ေစခိုင္းခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။ သန္လ်င္တံတားအသစ္ဖြင့္ပြဲကို နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ တက္ေရာက္ခဲ့ျခင္းျဖစ္ၿပီး ေဖာက္ခြဲတိုက္ခိုက္မည့္လုပ္ငန္းစဥ္ကို တားဆီးႏိုင္ေရးအတြက္ လုံၿခဳံေရးအထူး တပ္ဖြဲ႕ဝင္မ်ားက ညအိပ္ေစာင့္ဆိုင္း၍ သက္စြန႔္ဆံ ဖ်ား ဖမ္းဆီးေပးခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

Picture

My Iphone

18/06/2024 22:51

ပန်ဆယ်လိုဆီကနေ သတင်းရလို့ ဖမ်းနိုင်တာကို လာကြွားမနေနဲ့ လီးပဲ

Related news

© 2021. All rights reserved.