လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကိုတစ်ရက်လျှင် အများဆုံးငွေကျပ် သိန်း(၅၀)အထိ တိုးမြှင့်သတ်မှတ်

 7075

ယွန်း (NP News) - ဇွန် ၁၇

လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို တစ်ရက်လျှင်အများဆုံး ငွေကျပ်သိန်း(၅၀)အထိ ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်တွင် ပြင်ဆင်တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန် ဆောင်မှုလုပ်ငန်းများအနေဖြင့် အစိုးရဌာနများနှင့် အများပြည်သူများ ဒီဂျစ်တယ်ငွေပေးချေမှုများကို အသုံးပြုနိုင်ရန်အတွက် ပမာဏကြီးမား သော ငွေပေးချေမှုများကို CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သောပေးချေမှုများအတွက် CBM -NET System ACH စနစ်ကို အသုံးပြုဆောင်ရွက်ရန် အသိပေးထားသည်။
ထို့ပြင် QR အသုံးပြုပေးချေမှုများအတွက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် Digital Payment Switch နှင့် ချိတ်ဆက်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်‌ဗဟိုဘဏ်က ဆိုထားသည်။

ထို့ကြောင့် အစိုးရငွေပေးချေမှုများနှင့် ပုဂ္ဂလိကငွေပေးချေမှုများအတွက် လက်လီသုံးစွဲမှုများကို ဒီဂျစ်တယ် ငွေပေးချေမှုစနစ်အသုံးပြု၍ အဆင်ပြေစွာပေးချေနိုင်ရေးအတွက် ဗဟိုဘဏ်က အထက်ပါကဲ့သို့ ပြင်ဆင်သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ ဗဟိုဘဏ်အနေဖြင့် လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်း (P2P)အတွက် လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ် လျှင် ကျပ် (၁၀) သိန်းနှင့် တစ်ရက်လျှင်အများဆုံး ကျပ်သိန်း (၅၀) အထိ ပြင်ဆင်သတ် မှတ်လိုက်ပြီး လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ငွေပေးချေခြင်း (P2M) ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရွန်နစ်အရောင်းဆိုင်များ၊ ဆောက်လုပ် ရေးပစ္စည်း အရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစင် တာများပါဝင်သောအုပ်စုအတွက် လုပ်ငန်းဆောင်ရွက်မှု ပမာဏကို တစ်နေ့လျှင် အများဆုံး ကျပ် သိန်း (၁၀ဝ) အထိ သတ်မှတ်လိုက်ကြောင်း သိရသည်။

‘ဒီဂျစ်တယ်ငွေပေးချေမှုဆိုတာ အွန်လိုင်း ကနေပေးချေတဲ့ဟာကိုပြောတာပေါ့။ သူကအရင်တုန်းကတော့ (၁၀) သိန်း၊ အခုက သိန်း (၅၀) ကို တိုးပေးလိုက်တာ။ အရင်ကဆို တစ်ကြိမ်လွှဲရင် (၁၀) သိန်းပေးတယ်။ တစ်ရက်ကို သိန်း (၂၀) အထိပဲရတယ်။ အခုက သိန်း (၅၀) တိုးလိုက်တာပေါ့။ ကိုယ့် ပိုက်ဆံကိုယ် ဘယ်လောက်လွှဲလွှဲ ကောင်းတာပဲလေ။ ဒီဂျစ်တယ်ကတော့ ဖြစ်နိုင်လို့ရှိရင် သူတို့ရဲ့ Secu­rity system တွေဘာတွေ ကောင်းတယ်ဆိုရင် မြှင့်ပေးလိုက်လည်း ပြဿနာမရှိဘူး။ ဒါပေမဲ့ တစ်ကြိမ်လွှဲရင် ဘယ်လောက်ပဲလွှဲရမယ်ဆိုပြီး နိုင်ငံခြားမှာလည်းရှိတယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းက အွန်လိုင်းလိမ်လည်မှုတွေများတဲ့အတွက်ကြောင့် အများကြီးပေးမလွှဲတာ'ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက NP News ကို သုံးသပ်ပြောကြားထားသည်။

အလားတူ မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံးလက်ကျန်ပမာဏကို ကျပ်သိန်း (၁၀ဝ) အထိ သာထားရန်နှင့် ကျပ်သိန်း (၁၀ဝ) ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ်ဆက်၍ နေ့စဉ်ဘဏ်စာရင်းသို့ ပြောင်းရွှေရန်လည်း အသိပေးထားသည်။ ထို့ပြင် ကျပ်သိန်း (၁၀ဝ) အထိ လူပုဂ္ဂိုလ် အချင်းချင်းငွေပေးချေခြင်း (P2P) နှင့် အစိုးရငွေပေး ချေမှုများအတွက် Mobile Banking အသုံးပြု၍ ဆောင်ရွက်ခြင်းကို CBM- NET ACH Funct­ion ဖြင့် ချိတ်ဆက်ဆောင် ရွက်ရန်နှင့် ကျပ်သိန်း (၁၀ဝ)အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန် ဗဟိုဘဏ်ကဆိုထားသည်။

အလားတူ Consumer Wallet ကိုအသုံး ပြု၍ Merchant ကဲ့သို့ ရောင်း/ဝယ်မှုများ ဆောင်ရွက်ခြင်း (Person to Person ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း)မ ပြုလုပ်နိုင် စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်နှင့် ပေးချေမှုများတွင်အကြောင်းအရာဖော်ပြခြင်းအပြင် လုပ်ငန်းဆောင်ရွက်မှုအကြိမ်အရေ အတွက် ကို ကန့် သတ်ဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါပြင်ဆင်ချက်များကို ပြီးခဲ့သည့် ဇွန်လ(၁၂)ရက်မှစ၍ တိကျစွာလိုက်နာရန် ထုတ်ပြန်ထားပြီး လိုက်နာရန်ပျက်ကွက်ပါက ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ၊ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲ ရေးနည်းလမ်းအရ အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။

zawgyi version
လူပုဂၢိဳလ္အခ်င္းခ်င္း ေငြေပးေခ်ျခင္းကိုတစ္ရက္လွ်င္ အမ်ားဆုံးေငြက်ပ္ သိန္း(၅၀)အထိ တိုးျမႇင့္သတ္မွတ္
ယြန္း (NP News) - ဇြန္ ၁၇

လူပုဂၢိဳလ္အခ်င္းခ်င္း ေငြေပးေခ်ျခင္းကို တစ္ရက္လွ်င္အမ်ားဆုံး ေငြက်ပ္သိန္း(၅၀)အထိ ေဆာင္႐ြက္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဇြန္လ ၁၂ ရက္တြင္ ျပင္ဆင္တိုးျမႇင့္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။

ဘဏ္ႏွင့္ မိုဘိုင္းေငြေရးေၾကးေရးဝန္ ေဆာင္မႈလုပ္ငန္းမ်ားအေနျဖင့္ အစိုးရဌာနမ်ားႏွင့္ အမ်ားျပည္သူမ်ား ဒီဂ်စ္တယ္ေငြေပးေခ်မႈမ်ားကို အသုံးျပဳႏိုင္ရန္အတြက္ ပမာဏႀကီးမား ေသာ ေငြေပးေခ်မႈမ်ားကို CBM-NET System RTGS စနစ္၊ ပမာဏေသးငယ္ေသာေပးေခ်မႈမ်ားအတြက္ CBM -NET System ACH စနစ္ကို အသုံးျပဳေဆာင္႐ြက္ရန္ အသိေပးထားသည္။
ထို႔ျပင္ QR အသုံးျပဳေပးေခ်မႈမ်ားအတြက္ လက္ရွိအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ Digital Payment Switch ႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံေတာ္‌ဗဟိုဘဏ္က ဆိုထားသည္။

ထို႔ေၾကာင့္ အစိုးရေငြေပးေခ်မႈမ်ားႏွင့္ ပုဂၢလိကေငြေပးေခ်မႈမ်ားအတြက္ လက္လီသုံးစြဲမႈမ်ားကို ဒီဂ်စ္တယ္ ေငြေပးေခ်မႈစနစ္အသုံးျပဳ၍ အဆင္ေျပစြာေပးေခ်ႏိုင္ေရးအတြက္ ဗဟိုဘဏ္က အထက္ပါကဲ့သို႔ ျပင္ဆင္သတ္မွတ္ လိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။ ဗဟိုဘဏ္အေနျဖင့္ လူပုဂၢိဳလ္အခ်င္းခ်င္း ေငြေပးေခ်ျခင္း (P2P)အတြက္ လုပ္ငန္းေဆာင္႐ြက္မႈကို တစ္ႀကိမ္ လွ်င္ က်ပ္ (၁၀) သိန္းႏွင့္ တစ္ရက္လွ်င္အမ်ားဆုံး က်ပ္သိန္း (၅၀) အထိ ျပင္ဆင္သတ္ မွတ္လိုက္ၿပီး လူပုဂၢိဳလ္မွ ေရာင္းခ်သူသို႔ေငြေပးေခ်ျခင္း (P2M) ေဆာင္႐ြက္ရာတြင္ ေ႐ႊဆိုင္မ်ား၊ အီလက္ထ႐ြန္နစ္အေရာင္းဆိုင္မ်ား၊ ေဆာက္လုပ္ ေရးပစၥည္း အေရာင္းဆိုင္မ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈစင္ တာမ်ားပါဝင္ေသာအုပ္စုအတြက္ လုပ္ငန္းေဆာင္႐ြက္မႈ ပမာဏကို တစ္ေန႔လွ်င္ အမ်ားဆုံး က်ပ္ သိန္း (၁၀ဝ) အထိ သတ္မွတ္လိုက္ေၾကာင္း သိရသည္။

‘ဒီဂ်စ္တယ္ေငြေပးေခ်မႈဆိုတာ အြန္လိုင္း ကေနေပးေခ်တဲ့ဟာကိုေျပာတာေပါ့။ သူကအရင္တုန္းကေတာ့ (၁၀) သိန္း၊ အခုက သိန္း (၅၀) ကို တိုးေပးလိုက္တာ။ အရင္ကဆို တစ္ႀကိမ္လႊဲရင္ (၁၀) သိန္းေပးတယ္။ တစ္ရက္ကို သိန္း (၂၀) အထိပဲရတယ္။ အခုက သိန္း (၅၀) တိုးလိုက္တာေပါ့။ ကိုယ့္ ပိုက္ဆံကိုယ္ ဘယ္ေလာက္လႊဲလႊဲ ေကာင္းတာပဲေလ။ ဒီဂ်စ္တယ္ကေတာ့ ျဖစ္ႏိုင္လို႔ရွိရင္ သူတို႔ရဲ႕ Secu­rity system ေတြဘာေတြ ေကာင္းတယ္ဆိုရင္ ျမႇင့္ေပးလိုက္လည္း ျပႆနာမရွိဘူး။ ဒါေပမဲ့ တစ္ႀကိမ္လႊဲရင္ ဘယ္ေလာက္ပဲလႊဲရမယ္ဆိုၿပီး ႏိုင္ငံျခားမွာလည္းရွိတယ္။ ဘာလို႔လဲဆိုေတာ့ ေနာက္ပိုင္းက အြန္လိုင္းလိမ္လည္မႈေတြမ်ားတဲ့အတြက္ေၾကာင့္ အမ်ားႀကီးေပးမလႊဲတာ'ဟု စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးက NP News ကို သုံးသပ္ေျပာၾကားထားသည္။

အလားတူ မိုဘိုင္းေငြေၾကးစာရင္းမ်ား၏ အျမင့္ဆုံးလက္က်န္ပမာဏကို က်ပ္သိန္း (၁၀ဝ) အထိ သာထားရန္ႏွင့္ က်ပ္သိန္း (၁၀ဝ) ေက်ာ္ပါက ဘဏ္စာရင္းႏွင့္ခ်ိတ္ဆက္၍ ေန႔စဥ္ဘဏ္စာရင္းသို႔ ေျပာင္းေ႐ႊရန္လည္း အသိေပးထားသည္။ ထို႔ျပင္ က်ပ္သိန္း (၁၀ဝ) အထိ လူပုဂၢိဳလ္ အခ်င္းခ်င္းေငြေပးေခ်ျခင္း (P2P) ႏွင့္ အစိုးရေငြေပး ေခ်မႈမ်ားအတြက္ Mobile Banking အသုံးျပဳ၍ ေဆာင္႐ြက္ျခင္းကို CBM- NET ACH Funct­ion ျဖင့္ ခ်ိတ္ဆက္ေဆာင္ ႐ြက္ရန္ႏွင့္ က်ပ္သိန္း (၁၀ဝ)အထက္ ေပးေခ်မႈမ်ားအတြက္ CBM-NET System B2B Function ျဖင့္ ေဆာင္႐ြက္ရန္ ဗဟိုဘဏ္ကဆိုထားသည္။

အလားတူ Consumer Wallet ကိုအသုံး ျပဳ၍ Merchant ကဲ့သို႔ ေရာင္း/ဝယ္မႈမ်ား ေဆာင္႐ြက္ျခင္း (Person to Person ေပးေခ်မႈကို အသုံးျပဳ၍ ကုန္ပစၥည္းဝယ္ယူျခင္း၊ ေရာင္းခ်ျခင္း)မ ျပဳလုပ္ႏိုင္ ေစေရးအတြက္ စနစ္တက် စိစစ္ေဆာင္႐ြက္ရန္ႏွင့္ ေပးေခ်မႈမ်ားတြင္အေၾကာင္းအရာေဖာ္ျပျခင္းအျပင္ လုပ္ငန္းေဆာင္႐ြက္မႈအႀကိမ္အေရ အတြက္ ကို ကန႔္ သတ္ေဆာင္႐ြက္ရန္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အဆိုပါျပင္ဆင္ခ်က္မ်ားကို ၿပီးခဲ့သည့္ ဇြန္လ(၁၂)ရက္မွစ၍ တိက်စြာလိုက္နာရန္ ထုတ္ျပန္ထားၿပီး လိုက္နာရန္ပ်က္ကြက္ပါက ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားဥပေဒ ၊ ပုဒ္မ ၁၅၄ အရ စီမံခန႔္ခြဲ ေရးနည္းလမ္းအရ အေရးယူေဆာင္႐ြက္မႈျပဳလုပ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အသိေပးထားသည္။

Related news

© 2021. All rights reserved.