ရှမ်းမြောက်ရှိ ဒေသအချို့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေ

 4373

Pearl (NP News) - ‌ဇွန် ၁၇

ရှမ်းမြောက်ရှိ ဒေသအချို့တွင် တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေလျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း၌ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့အနီး၌ တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ အသီးသီး အင်အားဖြည့်တင်းနေလျက်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေလျက်ရှိသည်။

‘ဇွန်လ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့ အကူး၊ နံနက် (၃)နာရီလောက်မှာ လားရှိုးကိုတိုက်မယ် ဘာညာဆိုပြီး TitTok တွေ ဘာတွေမှာ လျှောက်တက်နေတဲ့အခါကျတော့ လူတွေက စိုးရိမ်ထိတ်လန့်မှုတွေ လည်းရှိတယ်။ တချို့ဆိုရင် ည အိပ်မရဘူး။ စိုးရိမ်ရတာတွေရှိတယ်။ လက်ရှိတော့ ပုံမှန်ပါပဲ။ လုံခြုံရေးလည်း ကြပ်ကြပ်မတ်မတ်ကြီးချနေတာလည်း မတွေ့ရဘူး။ လူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေက ရှိနေတုန်းပဲ။ တချို့ကျတော့လည်း ရွှေ့ပြောင်းနေကြတာတွေ ရှိတယ်’ဟု လားရှိုးမြို့ခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ သတင်းများကြောင့် ဒေသခံများအနေဖြင့် တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့ တို့ကြား တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်နေလျက်ရှိပြီး ဒေသခံအချို့အနေဖြင့်လည်း ရွှေ့ပြောင်းနေထိုင်နေလျက်ရှိကြောင်း ၎င်းကပြောသည်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့နှင့် ကျောက်မဲ မြို့အနီးတို့၌လည်း ယင်းကဲ့သို့သတင်းများ ထွက်ပေါ်နေသည့်အတွက် အဆိုပါဒေသရှိ ဒေသခံများအနေဖြင့်လည်း စိုးရိမ်နေရကြောင်း သိရသည်။

‘အင်အားဖြည့်တယ် ဘာညာကတော့ ကျေးရွာဒေသခံတွေက သူတို့ကမျက်မြင်တွေ့တာ တွေလည်း ရှိတာပေါ့နော်။ မျက်မြင်မတွေ့ဘဲနဲ့ တချို့က တဆင့်စကား တဆင့်ကြားပြီးတော့မှ ပွတာ တွေလည်းရှိတယ်။ ရှမ်းမြောက်ဆိုရင် တန့်ယန်း ဘက်ကလွဲလို့ ဒီဘက်က သီပေါ၊ ကျောက်မဲ ၊ လားရှိုး အဲဒီနားအနီးတစ်ဝိုက်က ကျေးရွာတွေ ဘာညာကတော့ စိုးရိမ်ပူပန်မှုရှိတယ်။ အချိန်မရွေးဖြစ်နိုင်တယ် ဆိုပြီးတော့ သတင်းတွေကလည်း ဟိုနားကြား ဒီနားကြားဆိုတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေရှိတဲ့ မိသားစုတွေကတော့ ပိုစိတ်ပူရတာပေါ့။ သီပေါတို့ ၊ ကျောက်မဲတို့ မြို့နယ်တွေကျတော့ သူတို့မှာတော့ နည်းနည်းလေး ပိုပြီးစိုးရိမ်ထိတ်လန့်စိတ်ပိုရှိတာပေါ့ နော်။ ပြီးတော့ လတ်တလော အတွင်းမှာဆိုရင်လည်း တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေက သူ့တို့နယ်မြေအနီးအနားတွေမှာ အခြေချ လှုပ်ရှားနေတာရှိတယ်လို့ကြားတယ်။ ပြီးရင် စစ်ဆေးရေးဂိတ်တွေ ဘာတွေဖွင့်ထားတယ်ဆိုတော့ သူတို့ကတော့ နီးနီးကပ်ကပ်ရှိနေတော့ သူတို့က ပိုစိတ်ပူပန်မှုရှိတာပေါ့။ လားရှိုးတစ်ဝိုက်တော့ အဲဒီအဖွဲ့တွေ ပေါ်ပေါ်ထင်ထင်ကြီး လူလုံးထွက်ပြနေတာ မဟုတ်တဲ့အတွက် နည်းနည်းစိတ်အေးရတယ်လို့ ပြောလို့ရတယ်’ ဟု ၎င်းက ဆက်လက်ပြောသည်။

သီပေါမြို့တွင်လည်း ပြည်သူများအနေဖြင့် ပုံမှန်အတိုင်း ရောင်းဝယ်မှုများရှိနေသော်လည်း တိုက်ပွဲဖြစ်ပွားမည် ဆိုသော သတင်းကြောင့် စိုးရိမ်မှု များရှိနေကြောင်း သီပေါမြို့ခံ တစ်ဦးကပြောသည်။ ‘အခြေအနေတွေကတော့ ဘာမှန်းမသိရဘူး။ သီပေါကို TNLA က တိုက်မယ်လို့ သတင်း ထွက် တာလည်းရှိတယ်။ ဒါပေမဲ့ သီပေါကို RCSS တို့လို ရှမ်းအဖွဲ့တွေက ပြန်တိုက်မယ်လို့ လည်းကြားရတယ်။ အားလုံးကတော့ စောင့်ကြည့်နေ တဲ့အနေအထားပါ’ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း လားရှိုးမြို့ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။ MNDAA၊ TNLA၊ AAမြောက်ပိုင်း မဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းမြောက်ဒေသအချို့ရှိ တပ်မတော်လုံခြုံရေး စခန်းများကို စတင်ဝင်ရောက်တိုက်ခဲ့ကာ နယ်မြေ တချို့ရရှိပြီး နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် တပ်မတော်နှင့်အပစ်အခတ်ရပ်စဲခဲ့သည်။

zawgyi version
ရွမ္းေျမာက္ရွိ ေဒသအခ်ိဳ႕တြင္ တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားလာမည္ကို ေဒသခံမ်ားစိုးရိမ္ေန
Pearl (NP News) - ‌ဇြန္ ၁၇

ရွမ္းေျမာက္ရွိ ေဒသအခ်ိဳ႕တြင္ တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲမ်ားထပ္မံျဖစ္ပြားလာမည္ကို ေဒသခံမ်ား စိုးရိမ္ေနလ်က္ရွိသည္။ ယခုရက္ပိုင္းအတြင္း၌ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕အနီး၌ တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔မွ အသီးသီး အင္အားျဖည့္တင္းေနလ်က္ရွိေၾကာင္းလည္း သတင္းမ်ားထြက္ေပၚေနလ်က္ရွိသည္။

‘ဇြန္လ ၁၂ရက္ေန႔နဲ႔ ၁၃ရက္ေန႔ အကူး၊ နံနက္ (၃)နာရီေလာက္မွာ လားရႈိးကိုတိုက္မယ္ ဘာညာဆိုၿပီး TitTok ေတြ ဘာေတြမွာ ေလွ်ာက္တက္ေနတဲ့အခါက်ေတာ့ လူေတြက စိုးရိမ္ထိတ္လန႔္မႈေတြ လည္းရွိတယ္။ တခ်ိဳ႕ဆိုရင္ ည အိပ္မရဘူး။ စိုးရိမ္ရတာေတြရွိတယ္။ လက္ရွိေတာ့ ပုံမွန္ပါပဲ။ လုံၿခဳံေရးလည္း ၾကပ္ၾကပ္မတ္မတ္ႀကီးခ်ေနတာလည္း မေတြ႕ရဘူး။ လူေတြကေတာ့ စိုးရိမ္ထိတ္လန႔္မႈေတြက ရွိေနတုန္းပဲ။ တခ်ိဳ႕က်ေတာ့လည္း ေ႐ႊ႕ေျပာင္းေနၾကတာေတြ ရွိတယ္’ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ သတင္းမ်ားေၾကာင့္ ေဒသခံမ်ားအေနျဖင့္ တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕ တို႔ၾကား တိုက္ပြဲမ်ား ျဖစ္ပြားမည္ကို စိုးရိမ္ေနလ်က္ရွိၿပီး ေဒသခံအခ်ိဳ႕အေနျဖင့္လည္း ေ႐ႊ႕ေျပာင္းေနထိုင္ေနလ်က္ရွိေၾကာင္း ၎ကေျပာသည္။ အလားတူ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ သီေပါၿမိဳ႕ႏွင့္ ေက်ာက္မဲ ၿမိဳ႕အနီးတို႔၌လည္း ယင္းကဲ့သို႔သတင္းမ်ား ထြက္ေပၚေနသည့္အတြက္ အဆိုပါေဒသရွိ ေဒသခံမ်ားအေနျဖင့္လည္း စိုးရိမ္ေနရေၾကာင္း သိရသည္။

‘အင္အားျဖည့္တယ္ ဘာညာကေတာ့ ေက်း႐ြာေဒသခံေတြက သူတို႔ကမ်က္ျမင္ေတြ႕တာ ေတြလည္း ရွိတာေပါ့ေနာ္။ မ်က္ျမင္မေတြ႕ဘဲနဲ႔ တခ်ိဳ႕က တဆင့္စကား တဆင့္ၾကားၿပီးေတာ့မွ ပြတာ ေတြလည္းရွိတယ္။ ရွမ္းေျမာက္ဆိုရင္ တန႔္ယန္း ဘက္ကလြဲလို႔ ဒီဘက္က သီေပါ၊ ေက်ာက္မဲ ၊ လားရႈိး အဲဒီနားအနီးတစ္ဝိုက္က ေက်း႐ြာေတြ ဘာညာကေတာ့ စိုးရိမ္ပူပန္မႈရွိတယ္။ အခ်ိန္မေ႐ြးျဖစ္ႏိုင္တယ္ ဆိုၿပီးေတာ့ သတင္းေတြကလည္း ဟိုနားၾကား ဒီနားၾကားဆိုေတာ့ သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးေတြရွိတဲ့ မိသားစုေတြကေတာ့ ပိုစိတ္ပူရတာေပါ့။ သီေပါတို႔ ၊ ေက်ာက္မဲတို႔ ၿမိဳ႕နယ္ေတြက်ေတာ့ သူတို႔မွာေတာ့ နည္းနည္းေလး ပိုၿပီးစိုးရိမ္ထိတ္လန႔္စိတ္ပိုရွိတာေပါ့ ေနာ္။ ၿပီးေတာ့ လတ္တေလာ အတြင္းမွာဆိုရင္လည္း တိုင္းရင္း သားလက္နက္ကိုင္ အဖြဲ႕အစည္းေတြက သူ႔တို႔နယ္ေျမအနီးအနားေတြမွာ အေျခခ် လႈပ္ရွားေနတာရွိတယ္လို႔ၾကားတယ္။ ၿပီးရင္ စစ္ေဆးေရးဂိတ္ေတြ ဘာေတြဖြင့္ထားတယ္ဆိုေတာ့ သူတို႔ကေတာ့ နီးနီးကပ္ကပ္ရွိေနေတာ့ သူတို႔က ပိုစိတ္ပူပန္မႈရွိတာေပါ့။ လားရႈိးတစ္ဝိုက္ေတာ့ အဲဒီအဖြဲ႕ေတြ ေပၚေပၚထင္ထင္ႀကီး လူလုံးထြက္ျပေနတာ မဟုတ္တဲ့အတြက္ နည္းနည္းစိတ္ေအးရတယ္လို႔ ေျပာလို႔ရတယ္’ ဟု ၎က ဆက္လက္ေျပာသည္။

သီေပါၿမိဳ႕တြင္လည္း ျပည္သူမ်ားအေနျဖင့္ ပုံမွန္အတိုင္း ေရာင္းဝယ္မႈမ်ားရွိေနေသာ္လည္း တိုက္ပြဲျဖစ္ပြားမည္ ဆိုေသာ သတင္းေၾကာင့္ စိုးရိမ္မႈ မ်ားရွိေနေၾကာင္း သီေပါၿမိဳ႕ခံ တစ္ဦးကေျပာသည္။ ‘အေျခအေနေတြကေတာ့ ဘာမွန္းမသိရဘူး။ သီေပါကို TNLA က တိုက္မယ္လို႔ သတင္း ထြက္ တာလည္းရွိတယ္။ ဒါေပမဲ့ သီေပါကို RCSS တို႔လို ရွမ္းအဖြဲ႕ေတြက ျပန္တိုက္မယ္လို႔ လည္းၾကားရတယ္။ အားလုံးကေတာ့ ေစာင့္ၾကည့္ေန တဲ့အေနအထားပါ’ ဟု ၎က ဆိုသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလကလည္း လားရႈိးၿမိဳ႕ကို ၿမိဳ႕သိမ္းတိုက္ပြဲ ေဖာ္ေဆာင္မည္ဆိုေသာ သတင္းမ်ားလည္း ထြက္ေပၚခဲ့ဖူးသည္။ MNDAA၊ TNLA၊ AAေျမာက္ပိုင္း မဟာမိတ္လက္နက္ကိုင္ (၃)ဖြဲ႕သည္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၂၇ ရက္တြင္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းေျမာက္ေဒသအခ်ိဳ႕ရွိ တပ္မေတာ္လုံၿခဳံေရး စခန္းမ်ားကို စတင္ဝင္ေရာက္တိုက္ခဲ့ကာ နယ္ေျမ တခ်ိဳ႕ရရွိၿပီး ေနာက္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္တြင္ တပ္မေတာ္ႏွင့္အပစ္အခတ္ရပ္စဲခဲ့သည္။

Related news

© 2021. All rights reserved.