စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ တောင်ကိုရီးယား BTS အဖွဲ့ဝင် Jin

 677

Pika (NP News) - ဇွန် ၁၇

တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်သည် ဇွန်လ(၁၂) ရက်နေ့တွင် ၎င်း၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးသွားပြီဖြစ်ကြောင်းသိရသည်။

ဂျင်၏ စစ်မှုထမ်းတာဝန်ပြီးဆုံးခြင်းကို ဂုဏ်ပြုရန်အတွက် အဖွဲ့ဝင်များဖြစ်သော J-hope, V, RM, ဂျောင်ကွတ် နှင့် Jimin တို့က လာရောက် တွေ့ဆုံခဲ့ကြကြောင်းလည်းသိရသည်။

BTS ၏ အခြားအဖွဲ့ဝင်(၆)ဦးသည် လက်ရှိအချိန်တွင် စစ်မှုထမ်းဆောင်နေဆဲဖြစ်ကြောင်း လည်းသိရသည်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် စတင်စစ်မှုထမ်းခဲ့သော ဂျင်သည် စစ်မှုထမ်းတာဝန်အရင်ဆုံးပြီးဆုံးသည့် ပထမဆုံး အဖွဲ့ဝင်လည်း ဖြစ်သည်။ ဇွန်လ(၁၂)ရက်နေ့အစောပိုင်းတွင့် Yeon cheon ကောင်တီရှိ စစ်အခြေစိုက်စခန်းမှ ထွက်လာခဲ့သောဂျင်ကို J-hope, V, RM, ဂျောင်ကွတ်နှင့် Jimin တို့က လာရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ BTS အဖွဲ့ဝင်များ သည် ဂျင်၏စစ်မှုထမ်း တာဝန်ပြီးဆုံးခြင်းကို ဂုဏ်ပြုရန်အတွက် ၎င်းတို့၏တပ်ဖွဲ့များထံ ပျက်ကွက်ခွင့်ကို လျှောက်ထားခဲ့ကြကြောင်းလည်းသိရသည်။

ပရိသတ်တစ်ဦးက"ဂျင်က ပြီးခဲ့တဲ့ (၅၄၈) ရက်လုံး အကောင်းဆုံးတာဝန်ထမ်းဆောင်ပြီးပါပြီ။ မယိမ်းယိုင်တဲ့ ချစ်ခြင်းတွေနဲ့ ဂျင်အနားမှာ အမြဲတမ်း ရပ်တည်သွားမှာပါ"ဆိုသည့်စာတန်းကို ကိုင်ဆောင်ထားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ Yeoncheon ကောင်တီက ]ပြီးခဲ့တဲ့ အချိန်(၁)နှစ်ခွဲက အရမ်းကိုပျော်ဖို့ကောင်းခဲ့ပါတယ်။ကျွန်တော်တို့ ဂျင်ကို ဘယ်တော့မှ မေ့သွားမှာမဟုတ်ပါဘူး'ဟု ရေးသားခဲ့သည်။ စစ်မှုထမ်းတာဝန်ကို ဒုတိယမြောက်ပြီးဆုံး မည့် အခြားအဖွဲ့ဝင်တစ်ဦးမှာ J-Hope ဖြစ်ပြီး လာမည့်အောက်တိုဘာလတွင် စစ်မှုထမ်းတာဝန်ပြီးဆုံး နိုင်ဖွယ်ရှိနေသည်။

ထို့ပြင် အဖွဲ့ဝင်အားလုံးသည် ၂၀၂၅ခုနှစ် တွင် ပြန်လည်ပေါင်းစည်းကာ ၎င်းတို့၏ဖျော်ဖြေရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ဖွယ်ရှိနေကြောင်း လည်းသိရသည်။

zawgyi version
စစ္မႈထမ္းတာဝန္ၿပီးဆုံးသြားၿပီျဖစ္တဲ့ ေတာင္ကိုရီးယား BTS အဖြဲ႕ဝင္ Jin
Pika (NP News) - ဇြန္ ၁၇

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္သည္ ဇြန္လ(၁၂) ရက္ေန႔တြင္ ၎၏စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္းသိရသည္။

ဂ်င္၏ စစ္မႈထမ္းတာဝန္ၿပီးဆုံးျခင္းကို ဂုဏ္ျပဳရန္အတြက္ အဖြဲ႕ဝင္မ်ားျဖစ္ေသာ J-hope, V, RM, ေဂ်ာင္ကြတ္ ႏွင့္ Jimin တို႔က လာေရာက္ ေတြ႕ဆုံခဲ့ၾကေၾကာင္းလည္းသိရသည္။

BTS ၏ အျခားအဖြဲ႕ဝင္(၆)ဦးသည္ လက္ရွိအခ်ိန္တြင္ စစ္မႈထမ္းေဆာင္ေနဆဲျဖစ္ေၾကာင္း လည္းသိရသည္။ ၂၀၂၂ခုႏွစ္ ဒီဇင္ဘာလတြင္ စတင္စစ္မႈထမ္းခဲ့ေသာ ဂ်င္သည္ စစ္မႈထမ္းတာဝန္အရင္ဆုံးၿပီးဆုံးသည့္ ပထမဆုံး အဖြဲ႕ဝင္လည္း ျဖစ္သည္။ ဇြန္လ(၁၂)ရက္ေန႔အေစာပိုင္းတြင့္ Yeon cheon ေကာင္တီရွိ စစ္အေျခစိုက္စခန္းမွ ထြက္လာခဲ့ေသာဂ်င္ကို J-hope, V, RM, ေဂ်ာင္ကြတ္ႏွင့္ Jimin တို႔က လာေရာက္ေတြ႕ဆုံခဲ့ၾကျခင္း ျဖစ္သည္။ BTS အဖြဲ႕ဝင္မ်ား သည္ ဂ်င္၏စစ္မႈထမ္း တာဝန္ၿပီးဆုံးျခင္းကို ဂုဏ္ျပဳရန္အတြက္ ၎တို႔၏တပ္ဖြဲ႕မ်ားထံ ပ်က္ကြက္ခြင့္ကို ေလွ်ာက္ထားခဲ့ၾကေၾကာင္းလည္းသိရသည္။

ပရိသတ္တစ္ဦးက"ဂ်င္က ၿပီးခဲ့တဲ့ (၅၄၈) ရက္လုံး အေကာင္းဆုံးတာဝန္ထမ္းေဆာင္ၿပီးပါၿပီ။ မယိမ္းယိုင္တဲ့ ခ်စ္ျခင္းေတြနဲ႔ ဂ်င္အနားမွာ အၿမဲတမ္း ရပ္တည္သြားမွာပါ"ဆိုသည့္စာတန္းကို ကိုင္ေဆာင္ထားသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ Yeoncheon ေကာင္တီက ]ၿပီးခဲ့တဲ့ အခ်ိန္(၁)ႏွစ္ခြဲက အရမ္းကိုေပ်ာ္ဖို႔ေကာင္းခဲ့ပါတယ္။ကြၽန္ေတာ္တို႔ ဂ်င္ကို ဘယ္ေတာ့မွ ေမ့သြားမွာမဟုတ္ပါဘူး'ဟု ေရးသားခဲ့သည္။ စစ္မႈထမ္းတာဝန္ကို ဒုတိယေျမာက္ၿပီးဆုံး မည့္ အျခားအဖြဲ႕ဝင္တစ္ဦးမွာ J-Hope ျဖစ္ၿပီး လာမည့္ေအာက္တိုဘာလတြင္ စစ္မႈထမ္းတာဝန္ၿပီးဆုံး ႏိုင္ဖြယ္ရွိေနသည္။

ထို႔ျပင္ အဖြဲ႕ဝင္အားလုံးသည္ ၂၀၂၅ခုႏွစ္ တြင္ ျပန္လည္ေပါင္းစည္းကာ ၎တို႔၏ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ားကို ျပန္လည္စတင္ႏိုင္ဖြယ္ရွိေနေၾကာင္း လည္းသိရသည္။

Related news

© 2021. All rights reserved.