Harry Potter ဇာတ်ကောင်နဲ့လူသိများတဲ့ ဒယ်နီရယ်ရက်ကလစ်ဖ် အကောင်းဆုံး ဂီတဇာတ်ဆောင်အတွက် ပထမဆုံး Tony Award ရရှိ

 504

ရောင်နီ (NP News) - ဇွန် ၁၈

Harry Potter ဇာတ်ကားစီးရီးမှာ Harry Potter ဇာတ်ကောင်အဖြစ် လူသိများတဲ့ သရုပ်ဆောင် ဒယ်နီရယ်ရက်ကလစ်ဖ် တနင်္ဂနွေနေ့ (ဇွန် ၁၆) က သူ့ရဲ့ပထမဆုံး Tony Award ဆုကို "Merrily We Roll Along" တေးဂီတရုပ်ရှင်နဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။

နာမည်ကျော် အနုပညာရှင် စတီဖင်ဆောင်ဟင်မ်နဲ့ ဂျော့ဖော့တ်တို့ရဲ့ ၁၉၈၁ ခုနှစ်က ထွက်ရှိတဲ့ ဂီတပြဇာတ်ကို ပြန်လည်ဆန်းသစ်ထားတဲ့ "Merrily We Roll Along" ဂီတရုပ်ရှင်မှာ ဒယ်နီရယ်က ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒယ်နီရယ်အတွက် ရရှိခဲ့တဲ့ Tony Awards ဟာ ၎င်းရဲ့ main character နဲ့ ရရှိတဲ့ ပထမဆုံး Tony Awards ဆုလည်း ဖြစ်ပါတယ်။

Tony Awards ဟာ အမ်မီ၊ ဂရမ်မီနဲ့ အော်စကာဆုတွေလိုပဲ အမေရိကန်ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဖျော်ဖြေရေးဆု လေးခုထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒယ်နီရယ်အတွက် Harry Potter ပြီးနောက် ရရှိတဲ့ "အောင်မြင်မှုအသစ်တစ်ခု ဖြစ်တယ်လို့ The Hollywood Reporter က ဆိုပါတယ်။

Zawgyi Version;
ရောင်နီ (NP News) - ဇွန် ၁၈




Related news

© 2021. All rights reserved.