ချင်းပြည်နယ်အတွင်း၌ AA ၏ဆိုးယုတ်သောလုပ်ရပ်များရပ်တန့်ရန် ချင်းပြည်ကောင်စီတိုက်တွန်း၊ AA နှင့် CNA ကြားတိုက်ပွဲဖြစ်လာနိုင်ဟုသုံးသပ်

 4237

သုတကျော် (NP News) - ဇွန် ၁၈

ချင်းပြည်နယ်အတွင်း AA က စစ်ရေးလှုပ်ရှားမှုကို ရှောင်ရှားရန် နှင့် လူ့အခွင့်အရေး ချိုး ဖောက်ခြင်းကိုရပ်တန့်ရန် NUG နှင့် နီးစပ်သော ချင်းပြည်ကောင်စီ(Chinland Council) က တိုက် တွန်းထားပြီး AA နှင့် CNAကြား တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

ချင်းပြည်ကောင်စီက အဆိုပါထုတ်ပြန်ချက်ကို ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ ချင်ပြည်ကောင်စီသည် NUG နှင့်ပြီးခဲ့သော မေလ ၁၇ ရက်က အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၄)ရပ်ကိုလည်းချမှတ်သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ထားကာ အဆိုပါကောင်စီသည် ချင်ပြည်နယ်အစိုးရ အဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ULA/AA သည် ချင်းပြည်အတွင်းအပြစ်မဲ့ ချင်းပြည်သူများအပေါ် အတင်းအဓမ္မ တပ် သားများစုဆောင်း၍ စစ်သင်တန်းများ သင်ယူစေ ခြင်း၊ အတင်းအကျပ် အုပ်ချုပ်ရေးယန္တရားများ ဖော် ဆောင်ခြင်းများကို ဆောင်ရွက်နေသည့်အပြင် တိုင်း ရင်းသားလူမျိုးစုအချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုကို လျစ်လျူရှု၍ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်များကို တား ဆီးပိတ်ပင်ပြီး အခြေခံလူ့အခွင့်အရေးများကို ချိုး ဖောက်နေသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရသည်ဟု ချင်းပြည်ကောင်စီ၏ စာတွင် ဖော်ပြထားသည်။

ယခု လုပ်ရပ်များသည် တော်လှန်ရေးကာ လအတွင်း တိုင်းရင်းသားလူမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေသည့်အပြင် တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် ဖော်ဆောင်နေသည့် တော်လှန်ရေးလမ်းစဉ်များကိုလည်း နှောင့်နှေးစေသည်ကို တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ချင်းပြည်၏ အချုပ်အခြာအာဏာသည် ချင်းပြည်အတွင်းရှိ ပြည်သူလူထုများဖြစ်သည့် အ လျောက် ULA/AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေး ဖော်ဆောင်မှုများကို ရှောင်ရှားပေးရန်နှင့် ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း ပြည်သူလူထုများ၏ သဘောထား ဆန္ဒမပါဘဲ အတင်းအကျပ် အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့အ ခွင့်အရေး ချိုးဖောက်ခြင်းများ လုပ်ဆောင်နေမှုများသည် တိုင်းရင်းသားလူမျိုးနွယ်စုများ အချင်းချင်းကြား မလိုလားအပ်သော လူမျိုးရေး ပဋိပက္ခ၊ စစ်ရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည့်အတွက် အထက်ပါ လုပ်ဆောင်နေမှုများကို ရပ်တန့်ပေးရန် အလေးအနက် တိုက်တွန်းသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

'အခုပြဿနာက ဘာဖြစ်သလဲဆိုရင် AA စနက်ပါတာကိုး။ AA က ချင်းမှာ တော်တော် လွှမ်းမိုးသွားပြီလေ။ ဒီဟာပြီးရင် AA နဲ့ CNA နဲ့ ချ တော့မှာ။ AA နဲ့ပတ်သက်တဲ့ စာကိုတော့ CC(ချင်းပြည်ကောင်စီ) က ထုတ်တာပေါ့။ သူတို့တောင်ထုတ်တာဆိုတော့ တချို့ဟာတွေက မြေပြင်မှာ တ ကယ်ဖြစ်ပါတယ်။ တချို့ဟာတွေကျ ကိုယ်တိုင်မမြင်တော့လေ။ မြင်ရင်တော့ ပြောလို့ ရတာပေါ့။ မတူပီမှာလည်း AA ရောက်နေတယ်။ မင်းတပ်မှာလည်း AA ရောက်သွားတယ်။ အားလုံး AA က ရောက်လာတာ'ဟု ချင်းပြည်နယ် ဒေသခံတစ်ဦးက လက်ရှိအခြေ အနေကို NP News သို့ ပြောသည်။

အတည်မပြုနိုင်သောသတင်းများအရ ကျင်ဒွေးမြို့တိုက်ပွဲတွင် AA အဖွဲ့ဘက်မှ လူ(၁၀ဝ) ခန့်သေဆုံးကြောင်းလည်း သတင်းထွက်ပေါ်နေသည်။ 'မတူပီမှာ CNA က တစ်ဖွဲ့ရှိတယ်။ မတူပီမြို့မှာ တပ်မဟာ ၁၊ ၂ ဆိုပြီး ၂ ခု ရှိတယ်။ တပ်မဟာ ၁ ဆိုတာက ချင်းညီနောင်ဆိုပြီး AA ကို သွားခေါ်လာတဲ့ ကောင်တွေ။ ကျင်ဒွေးကို သွားတိုက်တဲ့ AA ကိုသွားခေါ်လာတဲ့ကောင်တွေ။ အဲဒီမှာ ဘယ်သူတွေပါလဲဆိုတော့ ဖလန်း(CDF) ပါတယ်၊ ကန်ပက်လက် (CDF) ပါတယ်၊ မင်းတပ် (ချင်းအမျိုးသားကောင်စီ) ပါတယ်၊ မတူပီ (CDF) ပါတယ်။ AA ကတော့ သူတို့ရဲ့ God father ကြီးပေါ့ဗျာ။ တပ်မဟာ ၂ မှာက CNDF ။ အခုက ကိုယ့်အတ္တကြောင့် ဦးတဲ့သူ တက်သိမ်းဖြစ်နေပြီ။ ကြာတော့ မြို့ပျက်တာပဲ ရှိတာပေါ့။ မတူပီက ချင်းပြည်နယ်ရဲ့ တောင်ပိုင်း မြို့တော်လေ။ တကယ့်ကို အချက်အချာကျတယ်။ ဒီဟာကို လာပြီးတိုက်လို့ရမလား။ တောင်ထိပ်ကနေ စိုးမိုးထားတာလမ်းကို မြွေလိမ်၊မြွေကောက်ဖောက် ထား တာလာချင်တဲ့သူလာ။ လေယာဉ်နဲ့မှပဲရမယ့် အနေအထားပေါ့'ဟု အထက်ပါဒေသခံက ဆိုသည်။

AA အဖွဲ့အနေဖြင့် ပလက်ဝဒေသရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့် ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကို ကျူးလွန်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (Global Khumi Organization - GKO) က ဇွန်လ(၂၀)ရက်တွင် ထုတ်ပြန်သောစာအတွင်းဖော်ပြထားပြီး လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ AA အဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကာ ထို့သို့အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်ရာတွင် ဒေသခံချင်းလူမျိုးများအပေါ် အကြမ်းဖက်မှုမျိုးစုံ၊ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံနှင့် ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူး ခြင်းတို့ကိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြောင်း GKO က ဆိုထားသည်။

၂၀၁၅ ခုနှစ်မှစ၍ AA တပ်ဖွဲ့ဝင်များက အမျိုးသမီးများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာလူကြီးများ၊ လူငယ်ခေါင်းဆောင်တို့ကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သဖြင့် ကိုယ်အင်္ဂါပျက်စီးသွားသူများရှိသည့်အပြင် သေဆုံးသူများလည်းရှိ ကြောင်း နှင့် အလားတူ ဗဗ သည် ချင်းအမျိုးသမီးများ ကို လည်းအကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ကာ မုဒိမ်း ကျင့်၍ (၆)လကြာမှ ကိုယ်ဝန်နှင့်ပြန်လွှတ်မှုများ၊ အသက်မပြည့်သေးသည့် အလယ်တန်း ကျောင်းသူ ပါမကျန် ထပ်ခါတလဲလဲ မုဒိမ်းကျင့်စော်ကားမှု ဖြစ်စဉ်များကိုလည်း ကျူးလွန်ဖူးကြောင်း GKO က ဆိုထားသည်။

AA လက်နက်ကိုင်အဖွဲ့အနေဖြင့် လက်နက်အားကိုးဖြင့် ဒေသခံချင်းလူမျိုးများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သည်းခံလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုသို့ရောက်ရှိတော့မည်ဖြစ်သည့်အပြင် လက်ရှိတွင် ပိုမိုဆိုးရွားလာနေကြောင်း၊ ထို့ကြောင့် AA အနေဖြင့် ပလက်ဝမြို့နယ်တွင်းရှိ ချင်းလူမျိုးများကိုမတရားဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သက်ငယ်မုဒိမ်းမှုများကျူးလွန်ခြင်းအပြင် မူးယစ်ဆေးဝါးရောင်းချဖြန့် ဖြူးခြင်း၊ တစ်ဖက်နိုင်ငံမှ ရခိုင်လူမျိုးများကို အလုံး အရင်းဖြင့် တရားမဝင်တင်သွင်းအခြေချနေထိုင်စေခြင်း၊ ဌာနေတိုင်းရင်းသား ချင်းလူမျိုးများကို ဇာတိမြေပြင်ပေါ်မှ ပျောက်ကွယ်သွားစေရန်ရည်ရွယ်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု (crime against humanity) နှင့် လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ကျူးလွန်ခြင်း၊ ဒေသခံတိုင်းရင်းသားများ၏ အိုးအိမ်များကို သိမ်းယူဖျက်ဆီးခြင်းနှင့် ချင်းလူမျိုးများ၏ စာပေဘာသာစကား၊ ယဉ်ကျေးမှုများ ပပျောက်၍ ဆက် လက်မရပ်တည်နိုင်ရန်နည်းလမ်းမျိုးစုံ အသုံးပြုလုပ်ဆောင်သည့် လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ပေးရန် GKO က တောင်းဆိုထားသည်။

Global Khumi Organization (GKO) သည် နိုင်ငံတကာရောက် ခူမီးချင်းတိုင်းရင်း သားများစုဖွဲ့ထားခြင်းဖြစ်ကာ ပလက်ဝမြို့နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် ပတ်သက်သော အကူအညီများကိုပံ့ပိုးခဲ့သောအဖွဲ့အစည်း ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
ခ်င္းျပည္နယ္အတြင္း၌ AA ၏ဆိုးယုတ္ေသာလုပ္ရပ္မ်ားရပ္တန႔္ရန္ ခ်င္းျပည္ေကာင္စီတိုက္တြန္း၊ AA ႏွင့္ CNA ၾကားတိုက္ပြဲျဖစ္လာႏိုင္ဟုသုံးသပ္
သုတေက်ာ္ (NP News) - ဇြန္ ၁၈

ခ်င္းျပည္နယ္အတြင္း AA က စစ္ေရးလႈပ္ရွားမႈကို ေရွာင္ရွားရန္ ႏွင့္ လူ႔အခြင့္အေရး ခ်ိဳး ေဖာက္ျခင္းကိုရပ္တန႔္ရန္ NUG ႏွင့္ နီးစပ္ေသာ ခ်င္းျပည္ေကာင္စီ(Chinland Council) က တိုက္ တြန္းထားၿပီး AA ႏွင့္ CNAၾကား တိုက္ပြဲျဖစ္လာႏိုင္ေၾကာင္း ေဒသခံတစ္ဦးက သုံးသပ္ေျပာၾကားသည္။

ခ်င္းျပည္ေကာင္စီက အဆိုပါထုတ္ျပန္ခ်က္ကို ဇြန္လ ၁၀ ရက္တြင္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္ကာ ခ်င္ျပည္ေကာင္စီသည္ NUG ႏွင့္ၿပီးခဲ့ေသာ ေမလ ၁၇ ရက္က အြန္လိုင္းမွတစ္ဆင့္ ေတြ႕ဆုံခဲ့ၿပီး ႏွစ္ဖက္ ပူးေပါင္းေဆာင္႐ြက္မည့္ ေရွ႕လုပ္ငန္းစဥ္(၄)ရပ္ကိုလည္းခ်မွတ္သေဘာတူညီခဲ့ၾကေၾကာင္း ထုတ္ျပန္ထားကာ အဆိုပါေကာင္စီသည္ ခ်င္ျပည္နယ္အစိုးရ အဖြဲ႕အျဖစ္ ဖြဲ႕စည္းထားျခင္း ျဖစ္သည္။

ULA/AA သည္ ခ်င္းျပည္အတြင္းအျပစ္မဲ့ ခ်င္းျပည္သူမ်ားအေပၚ အတင္းအဓမၼ တပ္ သားမ်ားစုေဆာင္း၍ စစ္သင္တန္းမ်ား သင္ယူေစ ျခင္း၊ အတင္းအက်ပ္ အုပ္ခ်ဳပ္ေရးယႏၲရားမ်ား ေဖာ္ ေဆာင္ျခင္းမ်ားကို ေဆာင္႐ြက္ေနသည့္အျပင္ တိုင္း ရင္းသားလူမ်ိဳးစုအခ်င္းခ်င္း အျပန္အလွန္ ေလးစား အသိအမွတ္ျပဳမႈကို လ်စ္လ်ဴရႈ၍ လြတ္လပ္စြာ ပညာသင္ၾကားခြင့္၊ ဘာသာေရးလြတ္လပ္ခြင့္မ်ားကို တား ဆီးပိတ္ပင္ၿပီး အေျခခံလူ႔အခြင့္အေရးမ်ားကို ခ်ိဳး ေဖာက္ေနသည့္အတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရသည္ဟု ခ်င္းျပည္ေကာင္စီ၏ စာတြင္ ေဖာ္ျပထားသည္။

ယခု လုပ္ရပ္မ်ားသည္ ေတာ္လွန္ေရးကာ လအတြင္း တိုင္းရင္းသားလူမ်ိဳးႏြယ္စုမ်ားအၾကား ခ်စ္ၾကည္ရင္းႏွီးမႈ၊ အျပန္အလွန္ယုံၾကည္မႈကို ထိခိုက္ပ်က္ျပားေစသည့္အျပင္ တစ္မ်ိဳးသားလုံး လြတ္ေျမာက္ေရးအတြက္ ေဖာ္ေဆာင္ေနသည့္ ေတာ္လွန္ေရးလမ္းစဥ္မ်ားကိုလည္း ေႏွာင့္ေႏွးေစသည္ကို ေတြ႕ရွိရေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေရးသား ထားသည္။

ခ်င္းျပည္၏ အခ်ဳပ္အျခာအာဏာသည္ ခ်င္းျပည္အတြင္းရွိ ျပည္သူလူထုမ်ားျဖစ္သည့္ အ ေလ်ာက္ ULA/AA အေနျဖင့္ ခ်င္းျပည္အတြင္း စစ္ေရးလႈပ္ရွားမႈမ်ား၊ စစ္ေရး ေဖာ္ေဆာင္မႈမ်ားကို ေရွာင္ရွားေပးရန္ႏွင့္ ခ်င္းအမ်ိဳးသားပိုင္နက္နယ္ေျမအတြင္း ျပည္သူလူထုမ်ား၏ သေဘာထား ဆႏၵမပါဘဲ အတင္းအက်ပ္ အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္ျခင္း၊ လူ႔အ ခြင့္အေရး ခ်ိဳးေဖာက္ျခင္းမ်ား လုပ္ေဆာင္ေနမႈမ်ားသည္ တိုင္းရင္းသားလူမ်ိဳးႏြယ္စုမ်ား အခ်င္းခ်င္းၾကား မလိုလားအပ္ေသာ လူမ်ိဳးေရး ပဋိပကၡ၊ စစ္ေရး ပဋိပကၡမ်ား ျဖစ္ေပၚလာေစႏိုင္သည့္အတြက္ အထက္ပါ လုပ္ေဆာင္ေနမႈမ်ားကို ရပ္တန႔္ေပးရန္ အေလးအနက္ တိုက္တြန္းသည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

'အခုျပႆနာက ဘာျဖစ္သလဲဆိုရင္ AA စနက္ပါတာကိုး။ AA က ခ်င္းမွာ ေတာ္ေတာ္ လႊမ္းမိုးသြားၿပီေလ။ ဒီဟာၿပီးရင္ AA နဲ႔ CNA နဲ႔ ခ် ေတာ့မွာ။ AA နဲ႔ပတ္သက္တဲ့ စာကိုေတာ့ CC(ခ်င္းျပည္ေကာင္စီ) က ထုတ္တာေပါ့။ သူတို႔ေတာင္ထုတ္တာဆိုေတာ့ တခ်ိဳ႕ဟာေတြက ေျမျပင္မွာ တ ကယ္ျဖစ္ပါတယ္။ တခ်ိဳ႕ဟာေတြက် ကိုယ္တိုင္မျမင္ေတာ့ေလ။ ျမင္ရင္ေတာ့ ေျပာလို႔ ရတာေပါ့။ မတူပီမွာလည္း AA ေရာက္ေနတယ္။ မင္းတပ္မွာလည္း AA ေရာက္သြားတယ္။ အားလုံး AA က ေရာက္လာတာ'ဟု ခ်င္းျပည္နယ္ ေဒသခံတစ္ဦးက လက္ရွိအေျခ အေနကို NP News သို႔ ေျပာသည္။

အတည္မျပဳႏိုင္ေသာသတင္းမ်ားအရ က်င္ေဒြးၿမိဳ႕တိုက္ပြဲတြင္ AA အဖြဲ႕ဘက္မွ လူ(၁၀ဝ) ခန႔္ေသဆုံးေၾကာင္းလည္း သတင္းထြက္ေပၚေနသည္။ 'မတူပီမွာ CNA က တစ္ဖြဲ႕ရွိတယ္။ မတူပီၿမိဳ႕မွာ တပ္မဟာ ၁၊ ၂ ဆိုၿပီး ၂ ခု ရွိတယ္။ တပ္မဟာ ၁ ဆိုတာက ခ်င္းညီေနာင္ဆိုၿပီး AA ကို သြားေခၚလာတဲ့ ေကာင္ေတြ။ က်င္ေဒြးကို သြားတိုက္တဲ့ AA ကိုသြားေခၚလာတဲ့ေကာင္ေတြ။ အဲဒီမွာ ဘယ္သူေတြပါလဲဆိုေတာ့ ဖလန္း(CDF) ပါတယ္၊ ကန္ပက္လက္ (CDF) ပါတယ္၊ မင္းတပ္ (ခ်င္းအမ်ိဳးသားေကာင္စီ) ပါတယ္၊ မတူပီ (CDF) ပါတယ္။ AA ကေတာ့ သူတို႔ရဲ႕ God father ႀကီးေပါ့ဗ်ာ။ တပ္မဟာ ၂ မွာက CNDF ။ အခုက ကိုယ့္အတၱေၾကာင့္ ဦးတဲ့သူ တက္သိမ္းျဖစ္ေနၿပီ။ ၾကာေတာ့ ၿမိဳ႕ပ်က္တာပဲ ရွိတာေပါ့။ မတူပီက ခ်င္းျပည္နယ္ရဲ႕ ေတာင္ပိုင္း ၿမိဳ႕ေတာ္ေလ။ တကယ့္ကို အခ်က္အခ်ာက်တယ္။ ဒီဟာကို လာၿပီးတိုက္လို႔ရမလား။ ေတာင္ထိပ္ကေန စိုးမိုးထားတာလမ္းကို ေႁမြလိမ္၊ေႁမြေကာက္ေဖာက္ ထား တာလာခ်င္တဲ့သူလာ။ ေလယာဥ္နဲ႔မွပဲရမယ့္ အေနအထားေပါ့'ဟု အထက္ပါေဒသခံက ဆိုသည္။

AA အဖြဲ႕အေနျဖင့္ ပလက္ဝေဒသရွိ ခ်င္းအမ်ိဳးသမီးမ်ားကို ဖမ္းဆီးမုဒိမ္းက်င့္ကာ ကိုယ္ဝန္ျဖင့္ ျပန္လႊတ္သည့္လုပ္ရပ္မ်ားအပါအဝင္ ရာဇဝတ္မႈမ်ားစြာကို က်ဴးလြန္ေနေၾကာင္း ကမာၻလုံးဆိုင္ရာ ခူမီးအဖြဲ႕အစည္း (Global Khumi Organization - GKO) က ဇြန္လ(၂၀)ရက္တြင္ ထုတ္ျပန္ေသာစာအတြင္းေဖာ္ျပထားၿပီး လက္ရွိတြင္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္၌ AA အဖြဲ႕က အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနလ်က္ရွိကာ ထို႔သို႔အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားေဖာ္ေဆာင္ရာတြင္ ေဒသခံခ်င္းလူမ်ိဳးမ်ားအေပၚ အၾကမ္းဖက္မႈမ်ိဳးစုံ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ိဳးစုံႏွင့္ ေဒသတြင္း တရားမဝင္မူးယစ္ေဆးဝါးေရာင္းခ်ျဖန႔္ျဖဴး ျခင္းတို႔ကိုက်ယ္ျပန႔္စြာ လုပ္ေဆာင္လာေၾကာင္း GKO က ဆိုထားသည္။

၂၀၁၅ ခုႏွစ္မွစ၍ AA တပ္ဖြဲ႕ဝင္မ်ားက အမ်ိဳးသမီးမ်ားအပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္၊ ေက်း႐ြာလူႀကီးမ်ား၊ လူငယ္ေခါင္းေဆာင္တို႔ကို အေၾကာင္းမဲ့ ဖမ္းဆီးႏွိပ္စက္သျဖင့္ ကိုယ္အဂၤါပ်က္စီးသြားသူမ်ားရွိသည့္အျပင္ ေသဆုံးသူမ်ားလည္းရွိ ေၾကာင္း ႏွင့္ အလားတူ ဗဗ သည္ ခ်င္းအမ်ိဳးသမီးမ်ား ကို လည္းအေၾကာင္းမဲ့ ဖမ္းဆီးခ်ဳပ္ေႏွာင္ကာ မုဒိမ္း က်င့္၍ (၆)လၾကာမွ ကိုယ္ဝန္ႏွင့္ျပန္လႊတ္မႈမ်ား၊ အသက္မျပည့္ေသးသည့္ အလယ္တန္း ေက်ာင္းသူ ပါမက်န္ ထပ္ခါတလဲလဲ မုဒိမ္းက်င့္ေစာ္ကားမႈ ျဖစ္စဥ္မ်ားကိုလည္း က်ဴးလြန္ဖူးေၾကာင္း GKO က ဆိုထားသည္။

AA လက္နက္ကိုင္အဖြဲ႕အေနျဖင့္ လက္နက္အားကိုးျဖင့္ ေဒသခံခ်င္းလူမ်ိဳးမ်ားအေပၚ က်ဴးလြန္သည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို သည္းခံလာခဲ့သည္မွာ ဆယ္စုႏွစ္တစ္ခုသို႔ေရာက္ရွိေတာ့မည္ျဖစ္သည့္အျပင္ လက္ရွိတြင္ ပိုမိုဆိုး႐ြားလာေနေၾကာင္း၊ ထို႔ေၾကာင့္ AA အေနျဖင့္ ပလက္ဝၿမိဳ႕နယ္တြင္းရွိ ခ်င္းလူမ်ိဳးမ်ားကိုမတရားဖမ္းဆီး၍ ညႇဥ္းပန္းႏွိပ္စက္ျခင္း၊ သတ္ျဖတ္ျခင္း၊ သက္ငယ္မုဒိမ္းမႈမ်ားက်ဴးလြန္ျခင္းအျပင္ မူးယစ္ေဆးဝါးေရာင္းခ်ျဖန႔္ ျဖဴးျခင္း၊ တစ္ဖက္ႏိုင္ငံမွ ရခိုင္လူမ်ိဳးမ်ားကို အလုံး အရင္းျဖင့္ တရားမဝင္တင္သြင္းအေျခခ်ေနထိုင္ေစျခင္း၊ ဌာေနတိုင္းရင္းသား ခ်င္းလူမ်ိဳးမ်ားကို ဇာတိေျမျပင္ေပၚမွ ေပ်ာက္ကြယ္သြားေစရန္ရည္႐ြယ္၍ လူသားမ်ိဳးႏြယ္အေပၚ ရာဇဝတ္မႈ (crime against humanity) ႏွင့္ လူမ်ိဳးတုံး သတ္ျဖတ္မႈ (Genocide) က်ဴးလြန္ျခင္း၊ ေဒသခံတိုင္းရင္းသားမ်ား၏ အိုးအိမ္မ်ားကို သိမ္းယူဖ်က္ဆီးျခင္းႏွင့္ ခ်င္းလူမ်ိဳးမ်ား၏ စာေပဘာသာစကား၊ ယဥ္ေက်းမႈမ်ား ပေပ်ာက္၍ ဆက္ လက္မရပ္တည္ႏိုင္ရန္နည္းလမ္းမ်ိဳးစုံ အသုံးျပဳလုပ္ေဆာင္သည့္ လုပ္ရပ္မ်ားကို ခ်က္ျခင္းရပ္တန႔္ေပးရန္ GKO က ေတာင္းဆိုထားသည္။

Global Khumi Organization (GKO) သည္ ႏိုင္ငံတကာေရာက္ ခူမီးခ်င္းတိုင္းရင္း သားမ်ားစုဖြဲ႕ထားျခင္းျဖစ္ကာ ပလက္ဝၿမိဳ႕နယ္အတြင္း လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ပတ္သက္ေသာ အကူအညီမ်ားကိုပံ့ပိုးခဲ့ေသာအဖြဲ႕အစည္း ျဖစ္ေၾကာင္းလည္း သိရသည္။

Picture

My Iphone

18/06/2024 22:49

ငါလိုးမသား မအလ လီးစုပ်နေတဲ့ ကျော်မျိုးမင်း အဆိပ်အတောက်သတင်းတွေကို ရပ်တန်းကရပ် မဟုတ်ရင် မင်းကို ရှင်းပစ်တော့မယ်

Related news

© 2021. All rights reserved.