မြန်မာထက် ထိုင်းတို့နောက်ကျနေသော လုံခြုံရေးကဏ္ဍတစ်ခုကို လွှတ်တော်အမတ် သတိပေး

 10901

ဂျန်ဇက် (NP News) - ဇွန် ၁၈

ထိုင်းစစ်တပ်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသတစ်လျှောက် ဒရုန်းများဖြန့်ကြက် ချထားရာတွင် မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက နောက်ကျနေကြောင်း ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ Wiroj Lakkhanaadisorn က ထုတ်ဖော်ပြောဆိုလိုက်သည်။ ၎င်းသည် ထိုင်းရှေ့သို့ချီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သကဲ့သို့ ထိုင်းလွှတ်တော်၏လက်နက်ပိုင်းဆိုင်ရာဝန်ဆောင်မှုကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး ထိုင်းနိုင်ငံ၏ စစ်ဘက်သုံးဒရုန်းအခြေအနေများနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းစစ်တပ်၏ ဒရုန်းစွမ်းရည်ပိုင်းသည် ထိုင်းနိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသကို ခြိမ်း ခြောက်နေသည့်အရာများကို တုံ့ပြန်ရင်ဆိုင်ရာတွင် မျှော်လင့်သလောက်ကောင်းမွန်မှုမရှိဘဲ ယိုယွင်းနေကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ ၎င်းက ထိုင်းစစ်တပ်သည် လာမည့် ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဒရုန်း(၁၀)စင်းထပ်မံဝယ်ယူရန် စီစဉ်ထားသော်လည်း နိုင်ငံအ နောက်ပိုင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အရာများကို တုံ့ပြန်ရန် လုံလောက်မှုမရှိသေးကြောင်း ပြောသည်။

မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များသည် နယ်စပ်ဒေသများတွင် ပိုမိုကောင်းမွန်သည့် ဒရုန်းများ ဖြန့်ကြက်ချထား အသုံးပြုနေပြီး မြန်မာနိုင်ငံဘက်ခြမ်းမှအသုံးပြုနေသည့် ဒရုန်းများထဲတွင် ဒုံးကျည်များ၊ တင်ဆောင်နိုင်သော တိုက်ခိုက်ရေးဒရုန်းများ၊ ထောက်လှမ်းရေးဒရုန်းများပါဝင်နေရာ ထိုင်းနိုင်ငံ၏လုံခြုံရေးအတွက် သိသာသော စိန်ခေါ်မှုများဖြစ်လာနေကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ ထိုင်းလွှတ်တော်၏လက်နက်ပိုင်းဆိုင် ရာဝန်ဆောင်မှု ကော်မတီ ဥက္ကဌက ‘‘ထိုင်းစစ်တပ်ဟာ တရုတ်၊ အစ္စရေးနဲ့တူရကီနိုင်ငံထုတ် ဒရုန်းတွေပိုင်ဆိုင်ထားတယ်။ အဲဒီဒရုန်းတွေထဲမှာတိုက်ခိုက်ရေးသုံး ဒရုန်းတွေမပါဝင်ဘူး၊ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်’’ဟု ပြောသည်။

ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး တရားမဝင်တင်ပို့နေသူများနှင့်လူကုန်ကူးဂိုဏ်းများကလည်း ဒရုန်းများကို ပိုမို အသုံးပြုလာနေရာ ထိုင်းနိုင်ငံ၏လုံခြုံရေးအခြေနေကိုပိုမိုခက်ခဲရှုပ်ထွေးလာစေခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ ထိုင်းစစ်တပ်ပိုင်ဆိုင်ထားသောလက် နက်များထဲတွင် ဒရုန်းတွေကို တုံ့ပြန်ဖျက်ဆီးနိုင်မည့် လက်နက်အရေအတွက်လည်း နည်းပါးနေကြောင်း၊ လာမည့် ဘဏ္ဍာနှစ်အတွင်း ထိုင်းဘတ်သန်း ၄၀ အသုံးပြုပြီး ထိုင်းစစ်တပ် ပိုင်ဆိုင်ထားသော ဘီးတပ်တိုက်ခိုက်ရေးယာဉ်များ ပြင်ဆင်အသုံးပြုရန် လုပ်ဆောင်ရမည်ဖြစ်ပြီး အဆိုပါတိုက်ခိုက်ရေးယာဉ်များကို အရှည် ၂၄၀ဝ ကီလိုမီတာထိစပ်နေသော ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် ဖြန့်ကျက်ချထားရမည်ဖြစ်ကြောင်းထိုင်းလွှတ်တော်၏လက် နက်ပိုင်းဆိုင်ရာဝန်ဆောင်မှုကော်မတီ ဥက္ကဌကပြောသည်။

zawgyi version
ျမန္မာထက္ ထိုင္းတို႔ေနာက္က်ေနေသာ လုံၿခဳံေရးက႑တစ္ခုကို လႊတ္ေတာ္အမတ္ သတိ ေပး
ဂ်န္ဇက္ (NP News) - ဇြန္ ၁၈

ထိုင္းစစ္တပ္သည္ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံနယ္စပ္ေဒသတစ္ေလွ်ာက္ ဒ႐ုန္းမ်ားျဖန႔္ၾကက္ ခ်ထားရာတြင္ ျမန္မာႏိုင္ငံႏွင့္ႏႈိင္းယွဥ္ပါက ေနာက္က်ေနေၾကာင္း ထိုင္းလႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူ Wiroj Lakkhanaadisorn က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ၎သည္ ထိုင္းေရွ႕သို႔ခ်ီပါတီ၏ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္သကဲ့သို႔ ထိုင္းလႊတ္ေတာ္၏လက္နက္ပိုင္းဆိုင္ရာဝန္ေဆာင္မႈေကာ္မတီ ဥကၠ႒ျဖစ္ၿပီး ထိုင္းႏိုင္ငံ၏ စစ္ဘက္သုံးဒ႐ုန္းအေျခအေနမ်ားႏွင့္ ပတ္သက္၍ ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ထိုင္းစစ္တပ္၏ ဒ႐ုန္းစြမ္းရည္ပိုင္းသည္ ထိုင္းႏိုင္ငံအေနာက္ပိုင္း နယ္စပ္ေဒသကို ၿခိမ္း ေျခာက္ေနသည့္အရာမ်ားကို တုံ႔ျပန္ရင္ဆိုင္ရာတြင္ ေမွ်ာ္လင့္သေလာက္ေကာင္းမြန္မႈမရွိဘဲ ယိုယြင္းေနေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။ ၎က ထိုင္းစစ္တပ္သည္ လာမည့္ ၂၀၂၅ ခုႏွစ္ ဘ႑ာႏွစ္အတြင္း ဒ႐ုန္း(၁၀)စင္းထပ္မံဝယ္ယူရန္ စီစဥ္ထားေသာ္လည္း ႏိုင္ငံအ ေနာက္ပိုင္းလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနသည့္ အရာမ်ားကို တုံ႔ျပန္ရန္ လုံေလာက္မႈမရွိေသးေၾကာင္း ေျပာသည္။

ျမန္မာစစ္တပ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားသည္ နယ္စပ္ေဒသမ်ားတြင္ ပိုမိုေကာင္းမြန္သည့္ ဒ႐ုန္းမ်ား ျဖန႔္ၾကက္ခ်ထား အသုံးျပဳေနၿပီး ျမန္မာႏိုင္ငံဘက္ျခမ္းမွအသုံးျပဳေနသည့္ ဒ႐ုန္းမ်ားထဲတြင္ ဒုံးက်ည္မ်ား၊ တင္ေဆာင္ႏိုင္ေသာ တိုက္ခိုက္ေရးဒ႐ုန္းမ်ား၊ ေထာက္လွမ္းေရးဒ႐ုန္းမ်ားပါဝင္ေနရာ ထိုင္းႏိုင္ငံ၏လုံၿခဳံေရးအတြက္ သိသာေသာ စိန္ေခၚမႈမ်ားျဖစ္လာေနေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။ ထိုင္းလႊတ္ေတာ္၏လက္နက္ပိုင္းဆိုင္ ရာဝန္ေဆာင္မႈ ေကာ္မတီ ဥကၠဌက ‘‘ထိုင္းစစ္တပ္ဟာ တ႐ုတ္၊ အစၥေရးနဲ႔တူရကီႏိုင္ငံထုတ္ ဒ႐ုန္းေတြပိုင္ဆိုင္ထားတယ္။ အဲဒီဒ႐ုန္းေတြထဲမွာတိုက္ခိုက္ေရးသုံး ဒ႐ုန္းေတြမပါဝင္ဘူး၊ ခက္ခဲတဲ့ စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ေနရတယ္’’ဟု ေျပာသည္။

ထိုင္းႏွင့္ ျမန္မာနယ္စပ္ေဒသတြင္ မူးယစ္ေဆးဝါး တရားမဝင္တင္ပို႔ေနသူမ်ားႏွင့္လူကုန္ကူးဂိုဏ္းမ်ားကလည္း ဒ႐ုန္းမ်ားကို ပိုမို အသုံးျပဳလာေနရာ ထိုင္းႏိုင္ငံ၏လုံၿခဳံေရးအေျခေနကိုပိုမိုခက္ခဲရႈပ္ေထြးလာေစခဲ့ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့သည္။ ထိုင္းစစ္တပ္ပိုင္ဆိုင္ထားေသာလက္ နက္မ်ားထဲတြင္ ဒ႐ုန္းေတြကို တုံ႔ျပန္ဖ်က္ဆီးႏိုင္မည့္ လက္နက္အေရအတြက္လည္း နည္းပါးေနေၾကာင္း၊ လာမည့္ ဘ႑ာႏွစ္အတြင္း ထိုင္းဘတ္သန္း ၄၀ အသုံးျပဳၿပီး ထိုင္းစစ္တပ္ ပိုင္ဆိုင္ထားေသာ ဘီးတပ္တိုက္ခိုက္ေရးယာဥ္မ်ား ျပင္ဆင္အသုံးျပဳရန္ လုပ္ေဆာင္ရမည္ျဖစ္ၿပီး အဆိုပါတိုက္ခိုက္ေရးယာဥ္မ်ားကို အရွည္ ၂၄၀ဝ ကီလိုမီတာထိစပ္ေနေသာ ထိုင္းႏွင့္ျမန္မာနယ္စပ္ေဒသတစ္ေလွ်ာက္တြင္ ျဖန႔္က်က္ခ်ထားရမည္ျဖစ္ေၾကာင္းထိုင္းလႊတ္ေတာ္၏လက္ နက္ပိုင္းဆိုင္ရာဝန္ေဆာင္မႈေကာ္မတီ ဥကၠဌကေျပာသည္။

Related news

© 2021. All rights reserved.