ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး အရှေ့တောင်အာရှနိုင်ငံဖြစ်လာနိုင်

 871

ရောင်နီ (NP News) - ဇွန် ၁၉

ထိုင်းဆီးနိတ်လွှတ်တော်ဟာ အင်္ဂါနေ့ (ဇွန် ၁၈)မှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ တန်းတူညီမျှရေးဥပဒေကို နောက်ဆုံးဖတ်ကြား အတည်ပြုခဲ့ပါတယ်။ ဒါဟာ အရှေ့တောင်အာရှမှာ လိင်တူချစ်သူတွေကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာဖို့ လမ်းခင်းပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီဥပဒေဟာ တော်ဝင်ခွင့်ပြုချက်သာ ရရှိပြီးရင်တော့ ရက်ပေါင်း (၁၂၀)အတွင်း အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လိင်တူချစ်သူအရေး တက်ကြွလှုပ်ရှားသူတွေက ပထမဆုံး လိင်တူလက်ထပ် မင်္ဂလာပွဲကို လာမယ့် အောက်တိုဘာလမှာ ကျင်းပနိုင်ဖို့ မျှော်လင့်နေပါတယိ။ ဒါပေမဲ့ လက်ရှိမှာ တော်ဝင်မိသားစုရဲ့ ခွင့်ပြုချက်မရရှိသေးပါဘူး။ ဥပဒေအသစ်ဟာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေတွေမှာ "ယောက်ျား"၊ "အမျိုးသမီး"၊ "ခင်ပွန်း"၊ "မယား" စတဲ့ ရည်ညွှန်းချက်တွေကို ကျား-မ ဘက်မလိုက်တဲ့ အသုံးအနှုန်းတွေအဖြစ် ပြောင်းလဲထားပြီး လိင်တူစုံတွဲတွေရဲ့ မွေးစားခြင်းနဲ့ အမွေဆက်ခံမှုတွေကိုလည်း တူညီတဲ့ အခွင့်အရေးပေးထားပါတယ်။

ထိုင်းနိုင်ငံဟာ LGBTQ+ နဲ့ပတ်သက်ပြီး နိုင်ငံတကာ ခရီးသွားတွေကြား ရေပန်းစားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ထိုင်းမှာ ဇွန်လအစကလည်း Pride Month နေ့အတွက် LGBTQ+ နဲ့ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာဟာ ဘန်ကောက်မြို့ လမ်းမတွေပေါ်မှာ ချီတက်ပွဲတစ်ခုပြုလုပ်ခဲ့ပြီး အဲဒီချီတက်ပွဲမှာ ၀န်ကြီးချုပ် စရီသာသာဝီဆင်ကလည်း သက်တံရောင် အင်္ကျီကို ၀တ်ဆင်ပြီး ပါဝင်ခဲ့ပါတယ်။

အာရှမှာ အရင်က ထိုင်ဝမ်နဲ့နီပေါမှာပဲ လိင်တူလက်ထပ်ထိမ်းမြားခြင်းကို အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ထိုင်းနိုင်ငံဟာ အာရှမှာ တတိယမြောက်၊ အရှေ့တောင်အာရှမှာ ပထမဆုံး လိင်တူလက်ထပ်ခွင့်ရှိမယ့် နိုင်ငံတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

zawgyi version
ထိုင္းႏိုင္ငံဟာ လိင္တူလက္ထပ္ျခင္းကို တရားဝင္ခြင့္ျပဳတဲ့ ပထမဆုံး အေရွ႕ေတာင္အာရွႏိုင္ငံျဖစ္လာႏိုင္
ေရာင္နီ (NP News) - ဇြန္ ၁၉

ထိုင္းဆီးနိတ္လႊတ္ေတာ္ဟာ အဂၤါေန႔ (ဇြန္ ၁၈)မွာ လက္ထပ္ထိမ္းျမားျခင္းဆိုင္ရာ တန္းတူညီမွ်ေရးဥပေဒကို ေနာက္ဆုံးဖတ္ၾကား အတည္ျပဳခဲ့ပါတယ္။ ဒါဟာ အေရွ႕ေတာင္အာရွမွာ လိင္တူခ်စ္သူေတြကို အသိအမွတ္ျပဳတဲ့ ပထမဆုံးႏိုင္ငံျဖစ္လာဖို႔ လမ္းခင္းေပးခဲ့ျခင္းပဲ ျဖစ္ပါတယ္။

ဒီဥပေဒဟာ ေတာ္ဝင္ခြင့္ျပဳခ်က္သာ ရရွိၿပီးရင္ေတာ့ ရက္ေပါင္း (၁၂၀)အတြင္း အသက္ဝင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လိင္တူခ်စ္သူအေရး တက္ႂကြလႈပ္ရွားသူေတြက ပထမဆုံး လိင္တူလက္ထပ္ မဂၤလာပြဲကို လာမယ့္ ေအာက္တိုဘာလမွာ က်င္းပႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယိ။ ဒါေပမဲ့ လက္ရွိမွာ ေတာ္ဝင္မိသားစုရဲ႕ ခြင့္ျပဳခ်က္မရရွိေသးပါဘူး။ ဥပေဒအသစ္ဟာ လက္ထပ္ထိမ္းျမားျခင္းဆိုင္ရာဥပေဒေတြမွာ "ေယာက္်ား"၊ "အမ်ိဳးသမီး"၊ "ခင္ပြန္း"၊ "မယား" စတဲ့ ရည္ၫႊန္းခ်က္ေတြကို က်ား-မ ဘက္မလိုက္တဲ့ အသုံးအႏႈန္းေတြအျဖစ္ ေျပာင္းလဲထားၿပီး လိင္တူစုံတြဲေတြရဲ႕ ေမြးစားျခင္းနဲ႔ အေမြဆက္ခံမႈေတြကိုလည္း တူညီတဲ့ အခြင့္အေရးေပးထားပါတယ္။

ထိုင္းႏိုင္ငံဟာ LGBTQ+ နဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ ခရီးသြားေတြၾကား ေရပန္းစားတဲ့ ႏိုင္ငံတစ္ခုျဖစ္ပါတယ္။ ထိုင္းမွာ ဇြန္လအစကလည္း Pride Month ေန႔အတြက္ LGBTQ+ နဲ႔ တက္ႂကြလႈပ္ရွားသူ ေထာင္ေပါင္းမ်ားစြာဟာ ဘန္ေကာက္ၿမိဳ႕ လမ္းမေတြေပၚမွာ ခ်ီတက္ပြဲတစ္ခုျပဳလုပ္ခဲ့ၿပီး အဲဒီခ်ီတက္ပြဲမွာ ၀န္ႀကီးခ်ဳပ္ စရီသာသာဝီဆင္ကလည္း သက္တံေရာင္ အက်ႌကို ၀တ္ဆင္ၿပီး ပါဝင္ခဲ့ပါတယ္။

အာရွမွာ အရင္က ထိုင္ဝမ္နဲ႔နီေပါမွာပဲ လိင္တူလက္ထပ္ထိမ္းျမားျခင္းကို အသိအမွတ္ျပဳခဲ့တာ ျဖစ္ပါတယ္။ အခုအခါမွာေတာ့ ထိုင္းႏိုင္ငံဟာ အာရွမွာ တတိယေျမာက္၊ အေရွ႕ေတာင္အာရွမွာ ပထမဆုံး လိင္တူလက္ထပ္ခြင့္ရွိမယ့္ ႏိုင္ငံတစ္ခု ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.