ဘုရင့်မိသားစု ရှယ်ယာပိုင် MCL ဘိလပ်မြေစက်ရုံကို အယ်စေးဝါးတို့ ဖျက်ဆီးခဲ့ခြင်းအတွက် ဘတ်သန်းရာချီ လျော်ကြေးပေးရန် KNU ထံ ထိုင်းက စာပို့သတိပေးထား

 6713

Iris (NP News) - ဇွန် ၁၉

ထိုင်းဘုရင့်မိသားစု ရှယ်ယာပိုင်ဆိုင်သော SCG လုပ်ငန်းစု၏ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှ MCL ဘိလပ်မြေစက်ရုံပိုင်ပစ္စည်းများကို KNLA-PDF မှ အယ်စေးဝါး အလွဲသုံးစားလုပ်ခဲ့မှုကိစ္စအတွက် လျော်ကြေးငွေရလိုကြောင်း KNU ထံ ထိုင်းတာဝန်ရှိသူများက ဆက်သွယ်သတိပေးထားကြောင်း သတင်းရရှိသည်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသ တိုက်ပွဲများအတွင်း၌ အယ်စေးဝါးဦးဆောင်သည့် KNLA-PDF အဖွဲ့များက ထိုင်းလုပ်ငန်းစုပိုင် MCL(Mawlamyine Cement Limited) ဘိလပ် မြေလုပ်ငန်းသုံး ပစ္စည်းများကို ပုံစံမျိုးစုံဖြင့် ခိုးယူသယ်ဆောင်ခြင်း၊ ရောင်းချပစ်ခြင်းအပါအဝင် အလွဲသုံးစားလုပ်ရပ်များ ကျုးလွန်ခဲ့သည်ဟုသိရသည်။ ယင်းအတွက်ကြောင့် ထိုင်းကုမ္ပဏီဘက်က ထိုင်းအာဏာပိုင်များထံ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များကလည်း အယ်စေးဝါးကို အရေးယူပေးနိုင်ရေးနှင့် လျော်ကြေးပြန်လည်ရရှိရေးအတွက် KNU ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘စာထုတ်ပြီးတော့ကို လျော်ကြေးတောင်းတာလို့ သိရတယ်။ ဘတ်သန်း(၄၀ဝ) တောင်းတယ်လို့ ကြားတာ။ အယ်စေးဝါးက လာရှင်းရမှာကို မရှင်းနိုင်ဘဲ တိုက်ပွဲသွားနေရသလိုလို ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလိုနဲ့ ရှောင်ပြေးနေတယ်လို့ သိရတယ်။ မရှင်းနိုင်ရင်တော့ KNU က တာဝန်ခံရတော့မယ်’ ဟု ကရင်အခြေစိုက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KNU ဗဟိုအနေဖြင့် ယင်းကိစ္စအတွက် အယ်စေးဝါးကို ဆင့်ခေါ်မှုများ အကြိမ်ကြိမ်ပြုလုပ်ထားသော်လည်း အယ်စေးဝါးက ရှောင်ပြေးနေခြင်းမျိုးဖြစ်ကြောင်း၊ အယ်စေးဝါးဘက်က ရှင်းလင်းမပေး နိုင်ပါက KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများ မလုံမခြုံဖြစ်ရမည်ကိုလည်း စိုးရိမ်နေကြ ကြောင်းသတင်းရင်းမြစ်က အတည်ပြုသည်။ အယ်စေးဝါး ဦးဆောင်သောအဖွဲ့က ချောင်းနှစ်ခွတိုက်ပွဲကို ဆင်နွှဲနေစဉ်အတွင်း MCL ဘိလပ်မြေစက်ရုံဘက်သို့ မကြာခဏ သွားရောက်၍ စက်ရုံသုံးကားများ၊ ဘက်ဟိုးများ၊ ကွန်ပျူတာများနှင့် အခြားသော ရောင်းချ၍ရနိုင်သည့်ပစ္စည်းများစွာကို အကြိမ်ကြိမ် အင်အားသုံး ရယူသွားကြောင်းသိရသည်။ အင်အားသုံးရယူသွားခြင်းကို အယ်စေးဝါးတို့ဘက်က တိုက်ပွဲ ကြောင့် ထိခိုက်မည်စိုးသဖြင့် ခေတ္တနေရာရွှေ့ထားပေးခြင်းဖြစ်သည်ဟု အကြောင်းပြခဲ့ကြောင်းလည်း သိရသည်။ သို့သော်ယူဆောင်သွားသော ပစ္စည်းများအားလုံးကို ပြန်လည်ပေးအပ်ခြင်း လုံးဝမရှိခဲ့ဟု ဆိုသည်။

“အယ်စေးဝါးက တပ်မဟာ(၆)ကိုလည်း မသွားရဲဘူး။ ဘုရားသုံးဆူလည်း မသွားရဲဘူး။ KNU ကလည်း ထိုင်းဘက်က သတိပေးခံထားရတယ်တဲ့။ မရှင်းပေးနိုင်ရင် ထိုင်းဘက်မှာရှိတဲ့ ကရင်လက်နက် ကိုင်ခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုတွေ အသိမ်းခံရမယ်လို့ သတိပေးထားတာ။ တပ်မဟာ(၆)က အယ် စေးဝါးကို လာရှင်းဖို့ ခေါ်တယ်။ သူကပတ်ပြေးနေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ထိုင်းဘက်ခြမ်းတွင်မူ MCL ဘိလပ်မြေကိစ္စအပြင် ထိုင်းနယ် စပ်လုပ်ငန်းရှင်များ၏ အကျပ်အတည်းအတွက် အကြိတ်အနယ်ဆွေးနွေးမှုများ လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် မြန်မာဘက်ခြမ်းသို့ ကုန်ပစ္စည်းတင်ပို့ရောင်းချနေသော လုပ်ငန်းရှင်များက ထိုင်းလွှတ်တော်အတွင်းသို့ အသိပေးမှုများလုပ်ဆောင်၍ မြန်မာဘက်ခြမ်းတည်ငြိမ်းအေးချမ်းမှုရှိစေရေးအတွက် လုပ်သင့်လုပ်ထိုက်သောဆုံးဖြတ်ချက်များ ချမှတ်ပေးရန် တွန်းအားပေးထားသည်ဟု သိရသည်။

“တပ်မဟာ(၆)ကို ထိုင်းဘက်က အော်ကျောလန်ဖြစ်နေတယ်။ တပ်မဟာ(၇)ကိုတော့ ညှိ လို့ရတယ်။ ထိုင်းကုန်စည်တွေ ဒီဘက်ကို ဖြတ်သန်းဖို့ ကိစ္စမှာ ထိုင်းလုပ်ငန်းရှင်တွေ အသံထွက် လာတော့ ထိုင်းရဲတွေက အလုပ်နည်းနည်းလုပ်ပြလာကြတယ်”ဟု ထိုင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အယ်စေးဝါး၏ အလွဲသုံးစားလုပ်မှုများနှင့် ပတ်သက်လျှင်လည်း KNU ထက် KTLA မှ နယ် ဒါးမြတွင်သာ တာဝန်ပိုရှိကြောင်း ၎င်းက ဆိုသည်။ ထိုင်းအာဏာပိုင်များကမူ အယ်စေးဝါး၏လုပ်ရပ် အတွက် မည်သည့်နေရာတွင် နေထိုင်သည် မသေချာသော နယ်ဒါးမြထက် နေရာဌာနသေချာသော KNU ထံသို့သာ ဆက်သွယ်ခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

“ကရင်ခေါင်းဆောင်တွေရဲ့ပိုက်ဆံတွေ သိမ်းမယ်ဆိုရင် လွယ်လွယ်လေးပါပဲ။ ထိုင်းဘဏ် တွေမှာတော့ သူတို့ပိုက်ဆံတွေ အများကြီးပဲ။ သူတို့ရဲ့ပတ်သက်မှုတွေက ရှုပ်ထွေးတယ်၊ နက်နဲတယ်။ တစ်ခုရှိတာက ထိုင်းဘုရင့်မိသားစု ရှယ်ယာပါတဲ့လုပ်ငန်းကို သွားလုပ်တာကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ” ဟု ထိုင်းသတင်းရင်းမြစ်က ပြောသည်။

ကျိုက်မရောမြို့နယ် ကဒုံစိကျေးရွာအနီးရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် Pacific Link Cement Industries Ltd နှင့် Saim Cem ent Group (SCG) တို့က ၂၀၁၄ ခုနှစ်ကတည်းက စတင်၍ ဒေါ်လာသန်း(၄၀ဝ)ခန့် အကုန်အကျခံ ရင်းနှီးမြှုပ်နှံတည်ထောင်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်တန် (၅၀ဝဝ) အထိထုတ်လုပ်သွားရန် ရည်မှန်းထားသော လုပ်ငန်းမျိုးဖြစ်ကြောင်း သိရသည်။

zawgyi version
ဘုရင့္မိသားစု ရွယ္ယာပိုင္ MCL ဘိလပ္ေျမစက္႐ုံကို အယ္ေစးဝါးတို႔ ဖ်က္ဆီးခဲ့ျခင္းအတြက္ ဘတ္သန္းရာခ်ီ ေလ်ာ္ေၾကးေပးရန္ KNU ထံ ထိုင္းက စာပို႔သတိေပးထား
Iris (NP News) - ဇြန္ ၁၉

ထိုင္းဘုရင့္မိသားစု ရွယ္ယာပိုင္ဆိုင္ေသာ SCG လုပ္ငန္းစု၏ မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္အတြင္းမွ MCL ဘိလပ္ေျမစက္႐ုံပိုင္ပစၥည္းမ်ားကို KNLA-PDF မွ အယ္ေစးဝါး အလြဲသုံးစားလုပ္ခဲ့မႈကိစၥအတြက္ ေလ်ာ္ေၾကးေငြရလိုေၾကာင္း KNU ထံ ထိုင္းတာဝန္ရွိသူမ်ားက ဆက္သြယ္သတိေပးထားေၾကာင္း သတင္းရရွိသည္။

က်ိဳက္မေရာၿမိဳ႕နယ္ ေခ်ာင္းႏွစ္ခြေဒသ တိုက္ပြဲမ်ားအတြင္း၌ အယ္ေစးဝါးဦးေဆာင္သည့္ KNLA-PDF အဖြဲ႕မ်ားက ထိုင္းလုပ္ငန္းစုပိုင္ MCL(Mawlamyine Cement Limited) ဘိလပ္ ေျမလုပ္ငန္းသုံး ပစၥည္းမ်ားကို ပုံစံမ်ိဳးစုံျဖင့္ ခိုးယူသယ္ေဆာင္ျခင္း၊ ေရာင္းခ်ပစ္ျခင္းအပါအဝင္ အလြဲသုံးစားလုပ္ရပ္မ်ား က်ဳးလြန္ခဲ့သည္ဟုသိရသည္။ ယင္းအတြက္ေၾကာင့္ ထိုင္းကုမၸဏီဘက္က ထိုင္းအာဏာပိုင္မ်ားထံ တိုင္ၾကားခဲ့ျခင္းျဖစ္ၿပီး ထိုင္းအာဏာပိုင္မ်ားကလည္း အယ္ေစးဝါးကို အေရးယူေပးႏိုင္ေရးႏွင့္ ေလ်ာ္ေၾကးျပန္လည္ရရွိေရးအတြက္ KNU ထံ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

‘စာထုတ္ၿပီးေတာ့ကို ေလ်ာ္ေၾကးေတာင္းတာလို႔ သိရတယ္။ ဘတ္သန္း(၄၀ဝ) ေတာင္းတယ္လို႔ ၾကားတာ။ အယ္ေစးဝါးက လာရွင္းရမွာကို မရွင္းႏိုင္ဘဲ တိုက္ပြဲသြားေနရသလိုလို ဟိုဟာလုပ္သလိုလို ဒီဟာလုပ္သလိုလိုနဲ႔ ေရွာင္ေျပးေနတယ္လို႔ သိရတယ္။ မရွင္းႏိုင္ရင္ေတာ့ KNU က တာဝန္ခံရေတာ့မယ္’ ဟု ကရင္အေျခစိုက္သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

KNU ဗဟိုအေနျဖင့္ ယင္းကိစၥအတြက္ အယ္ေစးဝါးကို ဆင့္ေခၚမႈမ်ား အႀကိမ္ႀကိမ္ျပဳလုပ္ထားေသာ္လည္း အယ္ေစးဝါးက ေရွာင္ေျပးေနျခင္းမ်ိဳးျဖစ္ေၾကာင္း၊ အယ္ေစးဝါးဘက္က ရွင္းလင္းမေပး ႏိုင္ပါက KNU ထိပ္ပိုင္းေခါင္းေဆာင္မ်ား၏ ပိုင္ဆိုင္မႈမ်ား မလုံမၿခဳံျဖစ္ရမည္ကိုလည္း စိုးရိမ္ေနၾက ေၾကာင္းသတင္းရင္းျမစ္က အတည္ျပဳသည္။ အယ္ေစးဝါး ဦးေဆာင္ေသာအဖြဲ႕က ေခ်ာင္းႏွစ္ခြတိုက္ပြဲကို ဆင္ႏႊဲေနစဥ္အတြင္း MCL ဘိလပ္ေျမစက္႐ုံဘက္သို႔ မၾကာခဏ သြားေရာက္၍ စက္႐ုံသုံးကားမ်ား၊ ဘက္ဟိုးမ်ား၊ ကြန္ပ်ဴတာမ်ားႏွင့္ အျခားေသာ ေရာင္းခ်၍ရႏိုင္သည့္ပစၥည္းမ်ားစြာကို အႀကိမ္ႀကိမ္ အင္အားသုံး ရယူသြားေၾကာင္းသိရသည္။ အင္အားသုံးရယူသြားျခင္းကို အယ္ေစးဝါးတို႔ဘက္က တိုက္ပြဲ ေၾကာင့္ ထိခိုက္မည္စိုးသျဖင့္ ေခတၱေနရာေ႐ႊ႕ထားေပးျခင္းျဖစ္သည္ဟု အေၾကာင္းျပခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္ယူေဆာင္သြားေသာ ပစၥည္းမ်ားအားလုံးကို ျပန္လည္ေပးအပ္ျခင္း လုံးဝမရွိခဲ့ဟု ဆိုသည္။

“အယ္ေစးဝါးက တပ္မဟာ(၆)ကိုလည္း မသြားရဲဘူး။ ဘုရားသုံးဆူလည္း မသြားရဲဘူး။ KNU ကလည္း ထိုင္းဘက္က သတိေပးခံထားရတယ္တဲ့။ မရွင္းေပးႏိုင္ရင္ ထိုင္းဘက္မွာရွိတဲ့ ကရင္လက္နက္ ကိုင္ေခါင္းေဆာင္ေတြရဲ႕ပိုင္ဆိုင္မႈေတြ အသိမ္းခံရမယ္လို႔ သတိေပးထားတာ။ တပ္မဟာ(၆)က အယ္ ေစးဝါးကို လာရွင္းဖို႔ ေခၚတယ္။ သူကပတ္ေျပးေနတယ္” ဟု သတင္းရင္းျမစ္က ေျပာသည္။ ထိုင္းဘက္ျခမ္းတြင္မူ MCL ဘိလပ္ေျမကိစၥအျပင္ ထိုင္းနယ္ စပ္လုပ္ငန္းရွင္မ်ား၏ အက်ပ္အတည္းအတြက္ အႀကိတ္အနယ္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနၾကၿပီျဖစ္ေၾကာင္း သိရသည္။ အထူးသျဖင့္ ျမန္မာဘက္ျခမ္းသို႔ ကုန္ပစၥည္းတင္ပို႔ေရာင္းခ်ေနေသာ လုပ္ငန္းရွင္မ်ားက ထိုင္းလႊတ္ေတာ္အတြင္းသို႔ အသိေပးမႈမ်ားလုပ္ေဆာင္၍ ျမန္မာဘက္ျခမ္းတည္ၿငိမ္းေအးခ်မ္းမႈရွိေစေရးအတြက္ လုပ္သင့္လုပ္ထိုက္ေသာဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ေပးရန္ တြန္းအားေပးထားသည္ဟု သိရသည္။

“တပ္မဟာ(၆)ကို ထိုင္းဘက္က ေအာ္ေက်ာလန္ျဖစ္ေနတယ္။ တပ္မဟာ(၇)ကိုေတာ့ ညႇိ လို႔ရတယ္။ ထိုင္းကုန္စည္ေတြ ဒီဘက္ကို ျဖတ္သန္းဖို႔ ကိစၥမွာ ထိုင္းလုပ္ငန္းရွင္ေတြ အသံထြက္ လာေတာ့ ထိုင္းရဲေတြက အလုပ္နည္းနည္းလုပ္ျပလာၾကတယ္”ဟု ထိုင္းသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။ အယ္ေစးဝါး၏ အလြဲသုံးစားလုပ္မႈမ်ားႏွင့္ ပတ္သက္လွ်င္လည္း KNU ထက္ KTLA မွ နယ္ ဒါးျမတြင္သာ တာဝန္ပိုရွိေၾကာင္း ၎က ဆိုသည္။ ထိုင္းအာဏာပိုင္မ်ားကမူ အယ္ေစးဝါး၏လုပ္ရပ္ အတြက္ မည္သည့္ေနရာတြင္ ေနထိုင္သည္ မေသခ်ာေသာ နယ္ဒါးျမထက္ ေနရာဌာနေသခ်ာေသာ KNU ထံသို႔သာ ဆက္သြယ္ျခင္းျဖစ္ႏိုင္သည္ဟု ေျပာသည္။

“ကရင္ေခါင္းေဆာင္ေတြရဲ႕ပိုက္ဆံေတြ သိမ္းမယ္ဆိုရင္ လြယ္လြယ္ေလးပါပဲ။ ထိုင္းဘဏ္ ေတြမွာေတာ့ သူတို႔ပိုက္ဆံေတြ အမ်ားႀကီးပဲ။ သူတို႔ရဲ႕ပတ္သက္မႈေတြက ရႈပ္ေထြးတယ္၊ နက္နဲတယ္။ တစ္ခုရွိတာက ထိုင္းဘုရင့္မိသားစု ရွယ္ယာပါတဲ့လုပ္ငန္းကို သြားလုပ္တာကေတာ့ ကိုယ့္ေသတြင္း ကိုယ္တူးတာပဲ” ဟု ထိုင္းသတင္းရင္းျမစ္က ေျပာသည္။

က်ိဳက္မေရာၿမိဳ႕နယ္ ကဒုံစိေက်း႐ြာအနီးရွိ ေမာ္လၿမိဳင္ဘိလပ္ေျမစက္႐ုံ (MCL) သည္ Pacific Link Cement Industries Ltd ႏွင့္ Saim Cem ent Group (SCG) တို႔က ၂၀၁၄ ခုႏွစ္ကတည္းက စတင္၍ ေဒၚလာသန္း(၄၀ဝ)ခန႔္ အကုန္အက်ခံ ရင္းႏွီးျမႇဳပ္ႏွံတည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး တစ္ရက္တန္ (၅၀ဝဝ) အထိထုတ္လုပ္သြားရန္ ရည္မွန္းထားေသာ လုပ္ငန္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.