မြန်မာနယ်စပ်အနီး စိန့်မာတင်ကျွန်းလုံခြုံရေးနှင့်ပတ်သက်သည့် ကောလာဟလများကို မယုံကြည်ကြရန် ဘင်္ဂလားဒေ့ရှ် အစိုးရ သတိပေး

 7442

Htay Oung (NP News) - ဇွန် ၁၉

မြန်မာနယ်စပ် စိန့်မာတင်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလများအတွက် အများပြည်သူတို့အနေနဲ့ ထင်ယောင်ထင်မှား မဖြစ်ကြစေဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပြည်တွင်းလူထု ဆက်ဆံရေး ညွှန်ကြားရေးမှူးရုံး ISPR က တိုက်တွန်းလိုက်တယ်လို့ ဒါကာအခြေစိုက် bdnews24 ဒစ်ဂျစ်တယ် မီဒီယာက ဇွန်လ ၁၇ ရက်က ‌ရေးသားပါ တယ်။

ကျွန်းနဲ့ အနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခများကြောင့် ဆက်စပ်အကျိုးစီးပွားများရှိရာ ရပ်ကွက်အချို့အတွင်း ပျံ့နှံ့နေတဲ့ သတင်းများဟာ ကောလာဟလများသာဖြစ်ကြောင်း၊ ဒီအတွက် အများ ပြည်သူတို့အနေနဲ့ အထင်မှားတွေဝေခြင်း မဖြစ်သင့်ကြောင်း ISPR ရဲ့ တနင်္လာနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံ့အနောက်ဖျားပြည်နယ်အတွင်း မြန်မာ့တပ်မတော်ဟာ ရက္ခိုင့်တပ်တော် သူပုန်အဖွဲ့အပေါ် စစ်ဆင်ရေးများ ပြုလုပ်နေကြောင်း၊ အဲ့ဒီအတွက် နတ်မြစ်နဲ့ အနီးတဝိုက်ရှိ ဘင်္ဂလားဒေ့ရှ် လှေများကို မရည်ရွယ်ဘဲ ကျည်ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ရပ်များကို တုံ့ပြန်တဲ့အနေနဲ့ ဇွန်လ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကဗနပြည်တော်ကို ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာရေတပ်မတော်ဟာ စိန့်မာတင်ကျွန်းအနီး ရေပိုင်နက်မှနေပြီး ရက္ခိုင့်တပ်တော်တည်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး ရက္ခိုင့်တပ်တော်ကလည်း ပြန်လှန်ပစ်ခတ်လျက်ရှိပါတယ်။

မြန်မာရေတပ်မှ စစ်သင်္ဘောအများအပြားတို့ဟာ နယ်စပ်အနီး စစ်ရေးဆောင်ရွက်လျှက်ရှိနေပြီး ဘင်္ဂလားဒေ့ရှ် ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တို့ဟာ အဆိုပါ နယ်မြေရဲ့ အခြေအနေကို စောင့်ကြည့်ရန်အတွက် ပုံမှန်ကင်းလှည့်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ ကျန်ရှိနေတဲ့ စစ်အင်အား အမာခံနယ်မြေများနှင့် ပိုမိုနီးကပ်လာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ မောင်တောမြို့မှ ပြည်သူများအား ထွက်ခွာသွားကြရန် ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA က တောင်းဆိုလိုက်တယ်လို့ ဒါကာထရိုင်ဗြွန်းသတင်းစာက ယနေ့ ရေးသားပါတယ်။ ရက္ခိုင့်တပ်တော်က တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အစိုဗြတပ် အများအပြားကျဆုံးခဲ့ပြီး အဆိုပါဒေသနေ လူအများလည်း ထွက်ပြေးခဲ့ရပါတယ်။

ရက္ခိုင့်တပ်တော်အတွက် နောက်ထပ်ပစ်မှတ်မှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေဖြစ်တယ်လို့ လေ့လာသူများက ယူဆကြပါတယ်။ တိုက်ပွဲများကြောင့် စစ်တွေမြို့မှ ထွက်ခွာလာသူ အတော်များများရှိနေပြီး နစကအစိုးရက အရပ်သားများကို လူသားဒိုင်းများအဖြစ် အသုံးပြုခဲ့တယ်လို့ စွပ်စွဲခြင်းခံရပါတယ်။

အရပ်သားများကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံကြောင်း သတင်းများကြောင့် အခြေအနေဟာ ပိုမိုဆိုးရွားလာပါတယ်။ ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်ရှိ အခြားဒေသများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ယမန်နှစ် ထိုးစစ်ဆင်လာချိန်မှစ၍ စတင်ပြီး ရခိုင်မြို့နယ် ၁၇-မြို့နယ်အနက် ၁၁-မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လောလောဆယ် မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုများကို နယ်ခြားစောင့်တပ်တို့အနေနဲ့ အရေးယူဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မိုဟာမက် အာရှာဖူဇမန်က ညွှန်ကြားလိုက်ကြောင်း ဒါကာထရိုင်ဗြွန်းရဲ့ (16 June 2024) အခြားသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများကို ကိုင်တွယ်ရာမှာ ကြိုတင်ပြင်ဆင်မှုက အရေးကြီးကြောင်း စိန့်မာတင်ကျွန်းအပါအဝင် မြန်မာနိုင်ငံနဲ့ကပ်လျက် အရှေ့တောင်ဘက် နယ်စပ်ဒေသသို့ တနင်္ဂနွေနေ့ လှည့်လည်ကြည့် ရှု့စဉ်အတွင်း BGB အကြီးအကဲက အလေးပေး မှာကြားခဲ့ပါတယ်။

မြန်မာဘက်ခြမ်းမှာ သေနတ်သံများ ရပ်တန့်သွားတဲ့အတွက် ဘင်္ဂလားဒေ့ရှ် တက္ကနဖ် နယ်စပ်ဒေသဟာ ပြန်လည်ငြိမ်သက်လာပါတယ်။ တနင်္ဂနွေနေ့ တက္ကနဖ်နယ်စပ်အနီး မြန်မာရေပြင်ပိုင်နက်မှာ တပ်မတော်စစ်သင်္ဘောများကို မတွေ့ရတော့ပဲ သောကြာနေ့ နံနက် ၁ နာရီမှ စနေနေ့အထိ ဘာ ပစ်ခတ်သံမျှ မကြားရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် တက္ကနဖ်-စိန့်မာတင် လမ်းကြောင်းအတိုင်း ပြည်မကြီးကို ခရီးသွားလာကြရမယ့် ဒေသခံတွေကတော့ စိုးရိမ်နေကြဆဲဖြစ်ပါတယ်။

ပြည်မကြီးနဲ့ တစ်သီးတစ်ခြားလိုဖြစ်နေတဲ့ကျွန်းရဲ့ စိန်ခေါ်မှုအခြေအနေများအောက်မှာ ပြည့်ဝတဲ့ စွမ်းဆောင်ရည်အတွက် BGB ဝန်ထမ်းများအပေါ် ကျေးဇူးတင်ရှိကြောင်း ဗိုလ်ချုပ် အာရှာဖူဇမန်က ပြောပါတယ်။

ထို့ပြင် နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း ပြောဆိုပြီး စစ်ဆင်ရေး၊ လေ့ကျင့်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

(bdnews24., 17 June 2024,” ISPR warns against social media rumours about Saint Martin’s Island security” နှင့် အခြား ဆက်စပ်သတင်းများကို ဆီလျော်အောင် ဘာသာပြန်ဆိုစုစည်းသည်)

zawgyi version
ျမန္မာနယ္စပ္အနီး စိန႔္မာတင္ကြၽန္းလုံၿခဳံေရးႏွင့္ပတ္သက္သည့္ ေကာလာဟလမ်ားကို မယုံၾကည္ၾကရန္ ဘဂၤလားေဒ့ရွ္ အစိုးရ သတိေပး
Htay Oung (NP News) - ဇြန္ ၁၉

ျမန္မာနယ္စပ္ စိန႔္မာတင္ကြၽန္းရဲ႕ လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ ေကာလာဟလမ်ားအတြက္ အမ်ားျပည္သူတို႔အေနနဲ႔ ထင္ေယာင္ထင္မွား မျဖစ္ၾကေစဖို႔ ဘဂၤလားေဒ့ရွ္အစိုးရ ျပည္တြင္းလူထု ဆက္ဆံေရး ၫႊန္ၾကားေရးမႉး႐ုံး ISPR က တိုက္တြန္းလိုက္တယ္လို႔ ဒါကာအေျခစိုက္ bdnews24 ဒစ္ဂ်စ္တယ္ မီဒီယာက ဇြန္လ ၁၇ ရက္က ‌ေရးသားပါ တယ္။

ကြၽန္းနဲ႔ အနီးတစ္ဝိုက္မွာ ျဖစ္ပြားေနတဲ့ ျမန္မာႏိုင္ငံတြင္း ပဋိပကၡမ်ားေၾကာင့္ ဆက္စပ္အက်ိဳးစီးပြားမ်ားရွိရာ ရပ္ကြက္အခ်ိဳ႕အတြင္း ပ်ံ႕ႏွံ႔ေနတဲ့ သတင္းမ်ားဟာ ေကာလာဟလမ်ားသာျဖစ္ေၾကာင္း၊ ဒီအတြက္ အမ်ား ျပည္သူတို႔အေနနဲ႔ အထင္မွားေတြေဝျခင္း မျဖစ္သင့္ေၾကာင္း ISPR ရဲ႕ တနလၤာေန႔ ထုတ္ျပန္ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံ့အေနာက္ဖ်ားျပည္နယ္အတြင္း ျမန္မာ့တပ္မေတာ္ဟာ ရကၡိဳင့္တပ္ေတာ္ သူပုန္အဖြဲ႕အေပၚ စစ္ဆင္ေရးမ်ား ျပဳလုပ္ေနေၾကာင္း၊ အဲ့ဒီအတြက္ နတ္ျမစ္နဲ႔ အနီးတဝိုက္ရွိ ဘဂၤလားေဒ့ရွ္ ေလွမ်ားကို မရည္႐ြယ္ဘဲ က်ည္ထိမွန္မႈျဖစ္ပြားခဲ့ေၾကာင္း၊ အခင္းျဖစ္ရပ္မ်ားကို တုံ႔ျပန္တဲ့အေနနဲ႔ ဇြန္လ ၁၂ ရက္ေန႔မွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကဗနျပည္ေတာ္ကို ကန႔္ကြက္ခဲ့တယ္လို႔ ဆိုပါတယ္။

ျမန္မာေရတပ္မေတာ္ဟာ စိန႔္မာတင္ကြၽန္းအနီး ေရပိုင္နက္မွေနၿပီး ရကၡိဳင့္တပ္ေတာ္တည္ေနရာမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ေနၿပီး ရကၡိဳင့္တပ္ေတာ္ကလည္း ျပန္လွန္ပစ္ခတ္လ်က္ရွိပါတယ္။

ျမန္မာေရတပ္မွ စစ္သေဘၤာအမ်ားအျပားတို႔ဟာ နယ္စပ္အနီး စစ္ေရးေဆာင္႐ြက္လွ်က္ရွိေနၿပီး ဘဂၤလားေဒ့ရွ္ ေရတပ္နဲ႔ ကမ္း႐ိုးတန္းေစာင့္တပ္တို႔ဟာ အဆိုပါ နယ္ေျမရဲ႕ အေျခအေနကို ေစာင့္ၾကည့္ရန္အတြက္ ပုံမွန္ကင္းလွည့္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာအစိုးရရဲ႕ က်န္ရွိေနတဲ့ စစ္အင္အား အမာခံနယ္ေျမမ်ားႏွင့္ ပိုမိုနီးကပ္လာေနတဲ့အတြက္ ဘဂၤလားေဒ့ရွ္နယ္စပ္အနီးရွိ ေမာင္ေတာၿမိဳ႕မွ ျပည္သူမ်ားအား ထြက္ခြာသြားၾကရန္ ရခိုင္လက္နက္ကိုင္အဖြဲ႕ရဲ႕ ႏိုင္ငံေရး အဖြဲ႕အစည္းျဖစ္တဲ့ ရကၡိဳင့္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA က ေတာင္းဆိုလိုက္တယ္လို႔ ဒါကာထ႐ိုင္ႁဗြန္းသတင္းစာက ယေန႔ ေရးသားပါတယ္။ ရကၡိဳင့္တပ္ေတာ္က တပ္စခန္းအမ်ားအျပားကို သိမ္းပိုက္ႏိုင္ခဲ့တဲ့အတြက္ အစိုျဗတပ္ အမ်ားအျပားက်ဆုံးခဲ့ၿပီး အဆိုပါေဒသေန လူအမ်ားလည္း ထြက္ေျပးခဲ့ရပါတယ္။

ရကၡိဳင့္တပ္ေတာ္အတြက္ ေနာက္ထပ္ပစ္မွတ္မွာ ရခိုင္ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြျဖစ္တယ္လို႔ ေလ့လာသူမ်ားက ယူဆၾကပါတယ္။ တိုက္ပြဲမ်ားေၾကာင့္ စစ္ေတြၿမိဳ႕မွ ထြက္ခြာလာသူ အေတာ္မ်ားမ်ားရွိေနၿပီး နစကအစိုးရက အရပ္သားမ်ားကို လူသားဒိုင္းမ်ားအျဖစ္ အသုံးျပဳခဲ့တယ္လို႔ စြပ္စြဲျခင္းခံရပါတယ္။

အရပ္သားမ်ားကို ဖမ္းဆီးၿပီး ေငြေၾကးေတာင္းခံေၾကာင္း သတင္းမ်ားေၾကာင့္ အေျခအေနဟာ ပိုမိုဆိုး႐ြားလာပါတယ္။ ရကၡိဳင့္တပ္ေတာ္ဟာ ရခိုင္ျပည္နယ္ရွိ အျခားေဒသမ်ားကိုပါ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ပါတယ္။ ယမန္ႏွစ္ ထိုးစစ္ဆင္လာခ်ိန္မွစ၍ စတင္ၿပီး ရခိုင္ၿမိဳ႕နယ္ ၁၇-ၿမိဳ႕နယ္အနက္ ၁၁-ၿမိဳ႕နယ္ကို သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ေလာေလာဆယ္ ျမန္မာနယ္စပ္မွာ ျဖစ္ပြားခဲ့တဲ့ မၿငိမ္မသက္မႈမ်ားကို နယ္ျခားေစာင့္တပ္တို႔အေနနဲ႔ အေရးယူေဆာင္႐ြက္ဖို႔ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB) ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ မိုဟာမက္ အာရွာဖူဇမန္က ၫႊန္ၾကားလိုက္ေၾကာင္း ဒါကာထ႐ိုင္ႁဗြန္းရဲ႕ (16 June 2024) အျခားသတင္းတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။

ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနမ်ားကို ကိုင္တြယ္ရာမွာ ႀကိဳတင္ျပင္ဆင္မႈက အေရးႀကီးေၾကာင္း စိန႔္မာတင္ကြၽန္းအပါအဝင္ ျမန္မာႏိုင္ငံနဲ႔ကပ္လ်က္ အေရွ႕ေတာင္ဘက္ နယ္စပ္ေဒသသို႔ တနဂၤေႏြေန႔ လွည့္လည္ၾကည့္ ရႈ႕စဥ္အတြင္း BGB အႀကီးအကဲက အေလးေပး မွာၾကားခဲ့ပါတယ္။

ျမန္မာဘက္ျခမ္းမွာ ေသနတ္သံမ်ား ရပ္တန႔္သြားတဲ့အတြက္ ဘဂၤလားေဒ့ရွ္ တကၠနဖ္ နယ္စပ္ေဒသဟာ ျပန္လည္ၿငိမ္သက္လာပါတယ္။ တနဂၤေႏြေန႔ တကၠနဖ္နယ္စပ္အနီး ျမန္မာေရျပင္ပိုင္နက္မွာ တပ္မေတာ္စစ္သေဘၤာမ်ားကို မေတြ႕ရေတာ့ပဲ ေသာၾကာေန႔ နံနက္ ၁ နာရီမွ စေနေန႔အထိ ဘာ ပစ္ခတ္သံမွ် မၾကားရဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ တကၠနဖ္-စိန႔္မာတင္ လမ္းေၾကာင္းအတိုင္း ျပည္မႀကီးကို ခရီးသြားလာၾကရမယ့္ ေဒသခံေတြကေတာ့ စိုးရိမ္ေနၾကဆဲျဖစ္ပါတယ္။

ျပည္မႀကီးနဲ႔ တစ္သီးတစ္ျခားလိုျဖစ္ေနတဲ့ကြၽန္းရဲ႕ စိန္ေခၚမႈအေျခအေနမ်ားေအာက္မွာ ျပည့္ဝတဲ့ စြမ္းေဆာင္ရည္အတြက္ BGB ဝန္ထမ္းမ်ားအေပၚ ေက်းဇူးတင္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ အာရွာဖူဇမန္က ေျပာပါတယ္။

ထို႔ျပင္ ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာနဲ႔ နယ္စပ္လုံၿခဳံေရးကို ထိန္းသိမ္းထားရန္ အေရးႀကီးေၾကာင္း ေျပာဆိုၿပီး စစ္ဆင္ေရး၊ ေလ့က်င့္ေရးနဲ႔ အုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥရပ္မ်ားအတြက္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးခဲ့ေၾကာင္း သတင္းရရွိပါတယ္။

(bdnews24., 17 June 2024,” ISPR warns against social media rumours about Saint Martin’s Island security” ႏွင့္ အျခား ဆက္စပ္သတင္းမ်ားကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုစုစည္းသည္)

Related news

© 2021. All rights reserved.