အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတွင်းမှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်

 823

Pika (NP News) - ဇွန် ၁၉

အစ္စရေးတပ်ဖွဲ့ရဲ့တိုက်လေယာဉ်တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်အများအပြားကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးအစိုးရက ဇွန်လ(၁၈)ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီနေ့အစောပိုင်းမှာပဲ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ ၎င်းတို့ရဲ့သူလျှိုဒရုန်းတွေ ပျံသန်းပြီး Haifa ဆိပ်ကမ်းကို ဗီဒီယိုရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် လက်ဘနွန်နိုင်ငံ နယ်စပ်အနီး Gesher HaZiv ကမ်းရိုးတန်းဒေသမှာရှိတဲ့ kibbutz အသိုင်းအဝိုင်းမှာ သံသယဖြစ်ဖွယ်လေကြောင်းပစ်မှတ်တစ်ခုကို အောင်မြင်စွာကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစ္စရေးစစ်တပ်က 'အစ္စရေးတိုက်လေယာဉ်တွေဟာ Ayta Ash Shab ရွာက စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတစ်ခု၊ Taybeh၊ Odaisseh နဲ့ Jibbain ဒေသတွေမှာရှိတဲ့ အခြေခံအဆောက်အအုံတွေ အများအပြားအပါအဝင် လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်'လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့က စတင်ပြီး အစ္စရေးနဲ့ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ နှစ်နိုင်ငံနယ်စပ်အနီးမှာ ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နိုင်ငံကို ထိုးစစ်ဆင်ဖို့အတွက် အစီအစဉ်တွေကို အပြီးသတ်ပြီးပြီဖြစ်တယ်လို့ အစ္စရေးအစိုးရက ဇွန်လ(၁၈)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစ္စရေးအစိုးရဟာ ဟစ် ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ လက်ဘနွန်နိုင်ငံတို့ကို ဆန့်ကျင်တိုက်ခိုက်မယ့် ကစားပွဲရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ ဆုံးဖြတ်မယ့်အချိန်နဲ့ နီးကပ်နေပြီဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz ကပြောကြားခဲ့ပါတယ်။ ၎င်းက 'စစ်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခံရပြီး လက်ဘနွန်နိုင်ငံက အထိနာပါလိမ့်မယ်'လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
အစၥေရးစစ္တပ္က လက္ဘႏြန္ႏိုင္ငံတြင္းမွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ေတြကို ဗုံးႀကဲတိုက္ခိုက္
Pika (NP News) - ဇြန္ ၁၉

အစၥေရးတပ္ဖြဲ႕ရဲ႕တိုက္ေလယာဥ္ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္မွတ္အမ်ားအျပားကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရးအစိုးရက ဇြန္လ(၁၈)ရက္ေန႔ ညေနပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီေန႔အေစာပိုင္းမွာပဲ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးႏိုင္ငံေျမာက္ပိုင္းမွာ ၎တို႔ရဲ႕သူလွ်ိဳဒ႐ုန္းေတြ ပ်ံသန္းၿပီး Haifa ဆိပ္ကမ္းကို ဗီဒီယို႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။

ဒါ့ျပင္ လက္ဘႏြန္ႏိုင္ငံ နယ္စပ္အနီး Gesher HaZiv ကမ္း႐ိုးတန္းေဒသမွာရွိတဲ့ kibbutz အသိုင္းအဝိုင္းမွာ သံသယျဖစ္ဖြယ္ေလေၾကာင္းပစ္မွတ္တစ္ခုကို ေအာင္ျမင္စြာၾကားျဖတ္ဟန႔္တားႏိုင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အစၥေရးစစ္တပ္က 'အစၥေရးတိုက္ေလယာဥ္ေတြဟာ Ayta Ash Shab ႐ြာက စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အအုံတစ္ခု၊ Taybeh၊ Odaisseh နဲ႔ Jibbain ေဒသေတြမွာရွိတဲ့ အေျခခံအေဆာက္အအုံေတြ အမ်ားအျပားအပါအဝင္ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္'လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔က စတင္ၿပီး အစၥေရးနဲ႔ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ ႏွစ္ႏိုင္ငံနယ္စပ္အနီးမွာ ဒုံးက်ည္ေတြနဲ႔ အျပန္အလွန္ ပစ္ခတ္မႈေတြကို ဆက္တိုက္လုပ္ေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။ အစၥေရးစစ္တပ္ဟာ လက္ဘႏြန္ႏိုင္ငံကို ထိုးစစ္ဆင္ဖို႔အတြက္ အစီအစဥ္ေတြကို အၿပီးသတ္ၿပီးၿပီျဖစ္တယ္လို႔ အစၥေရးအစိုးရက ဇြန္လ(၁၈)ရက္ေန႔မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အစၥေရးအစိုးရဟာ ဟစ္ ဘိုလာလက္နက္ကိုင္အဖြဲ႕နဲ႔ လက္ဘႏြန္ႏိုင္ငံတို႔ကို ဆန႔္က်င္တိုက္ခိုက္မယ့္ ကစားပြဲရဲ႕ စည္းမ်ဥ္းေတြကို ေျပာင္းလဲဖို႔ ဆုံးျဖတ္မယ့္အခ်ိန္နဲ႔ နီးကပ္ေနၿပီျဖစ္တယ္လို႔ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး Israel Katz ကေျပာၾကားခဲ့ပါတယ္။ ၎က 'စစ္ပြဲျဖစ္ပြားခဲ့မယ္ဆိုရင္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ဖ်က္ဆီးခံရၿပီး လက္ဘႏြန္ႏိုင္ငံက အထိနာပါလိမ့္မယ္'လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.