တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့ ရေတပ်သင်္ဘောတွေ ထပ်မံတိုက်မိမှုဖြစ်ပွား

 2539

Pika (NP News) - ဇွန် ၁၉

ဇွန်လ(၁၇)ရက်နေ့က တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စီးနဲ့ ဖိလစ်ပိုင်ရေတပ်သင်္ဘောတစ်စီးတို့ တိုက်မိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်မိမှုနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက မတူညီတဲ့မှတ်တမ်းတွေကို ပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဖိလစ်ပိုင်ရေတပ်သင်္ဘောတစ်စီးဟာ Second Thomas Shoal ကျွန်းမှာ သောင်တင်နေတဲ့ BRP Sierra Madre သင်္ဘောပေါ်မှာတပ်စွဲထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေကို ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ဖို့ ကြိုးပမ်းခဲ့ချိန်အတွင်း အဲဒီတိုက်မိမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ရေတပ်အတွက် တည်ဆောက်ခဲ့တဲ့ BRP Sierra Madre သင်္ဘောဟာ အဆိုပါကျွန်းပေါ်မှာ ၁၉၉၁ ခုနှစ်တည်းက သောင်တင်ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်ရဲ့ စစ်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်စစ်တပ်က 'ဇွန်လ(၁၇)ရက်နေ့မှာ ဖိလစ်ပိုင်ရေတပ်သင်္ဘောတစ်စီးဟာ ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တွေလုပ်ဆောင်နေစဉ်အချိန်အတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စီးက အရှိန်နဲ့မောင်းနှင်လာပြီး ဝင်တိုက်ခဲ့တာပါ။ အဲဒီတိုက်မိမှုကြောင့် ဖိလစ်ပိုင်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ်'လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်သင်္ဘောဟာ ထောက်ပံ့ရေးမစ်ရှင်တွေလုပ်ဆောင်နေစဉ်အချိန်အတွင်း ၎င်းတို့ရဲ့ သင်္ဘောအနီးကို ချဉ်းကပ်ပြီးတော့ တမင်ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်မိမှုတွေဖြစ်ပွားပြီးနောက် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖိလစ်ပိုင်ရေတပ်သင်္ဘောကို စစ်ဆေးဖို့နဲ့ အဲဒီဒေသတွင်းကနေ မောင်းထုတ်ဖို့အတွက် လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က 'ဒီဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းမှုဟာ ဥပဒေအရ ကျိုးကြောင်းဆီလျော်ပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်'လို့ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကလည်း အဲဒီကျွန်းအနီးမှာ ဖိလစ်ပိုင်နဲ့တရုတ်တို့ရဲ့ သင်္ဘောတွေ တိုက်မိမှုဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။

zawgyi version
ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔ရဲ႕ ေရတပ္သေဘၤာေတြ ထပ္မံတိုက္မိမႈျဖစ္ပြား
Pika (NP News) - ဇြန္ ၁၉

ဇြန္လ(၁၇)ရက္ေန႔က ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ကမ္းေျခေစာင့္သေဘၤာတစ္စီးနဲ႔ ဖိလစ္ပိုင္ေရတပ္သေဘၤာတစ္စီးတို႔ တိုက္မိခဲ့တယ္လို႔ သိရပါတယ္။ အဲဒီတိုက္မိမႈနဲ႔ပတ္သက္ၿပီး ႏွစ္ဘက္စလုံးက မတူညီတဲ့မွတ္တမ္းေတြကို ေျပာဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ဖိလစ္ပိုင္ေရတပ္သေဘၤာတစ္စီးဟာ Second Thomas Shoal ကြၽန္းမွာ ေသာင္တင္ေနတဲ့ BRP Sierra Madre သေဘၤာေပၚမွာတပ္စြဲထားတဲ့ ဖိလစ္ပိုင္တပ္ဖြဲ႕ေတြကို ေထာက္ပံ့ေရးပစၥည္းေတြပို႔ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့ခ်ိန္အတြင္း အဲဒီတိုက္မိမႈျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။ဒုတိယကမာၻစစ္အတြင္း အေမရိကန္ေရတပ္အတြက္ တည္ေဆာက္ခဲ့တဲ့ BRP Sierra Madre သေဘၤာဟာ အဆိုပါကြၽန္းေပၚမွာ ၁၉၉၁ ခုႏွစ္တည္းက ေသာင္တင္ခဲ့တာျဖစ္ၿပီး ဖိလစ္ပိုင္စစ္တပ္ရဲ႕ စစ္စခန္းတစ္ခုအျဖစ္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဖိလစ္ပိုင္စစ္တပ္က 'ဇြန္လ(၁၇)ရက္ေန႔မွာ ဖိလစ္ပိုင္ေရတပ္သေဘၤာတစ္စီးဟာ ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္ေတြလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း တ႐ုတ္ကမ္းေျခေစာင့္သေဘၤာတစ္စီးက အရွိန္နဲ႔ေမာင္းႏွင္လာၿပီး ဝင္တိုက္ခဲ့တာပါ။ အဲဒီတိုက္မိမႈေၾကာင့္ ဖိလစ္ပိုင္ေရတပ္ တပ္ဖြဲ႕ဝင္တစ္ဦး ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့ပါတယ္'လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕က ဖိလစ္ပိုင္သေဘၤာဟာ ေထာက္ပံ့ေရးမစ္ရွင္ေတြလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ၎တို႔ရဲ႕ သေဘၤာအနီးကို ခ်ဥ္းကပ္ၿပီးေတာ့ တမင္ဝင္တိုက္ခဲ့တာျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္မိမႈေတြျဖစ္ပြားၿပီးေနာက္ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ဖိလစ္ပိုင္ေရတပ္သေဘၤာကို စစ္ေဆးဖို႔နဲ႔ အဲဒီေဒသတြင္းကေန ေမာင္းထုတ္ဖို႔အတြက္ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕က 'ဒီျဖစ္ရပ္ကို ကိုင္တြယ္ေျဖရွင္းမႈဟာ ဥပေဒအရ က်ိဳးေၾကာင္းဆီေလ်ာ္ၿပီး ပေရာ္ဖက္ရွင္နယ္က်တဲ့ လုပ္ရပ္တစ္ခုပဲျဖစ္ပါတယ္'လို႔ ေျပာဆိုထားပါတယ္။ ၿပီးခဲ့တဲ့မတ္လတုန္းကလည္း အဲဒီကြၽန္းအနီးမွာ ဖိလစ္ပိုင္နဲ႔တ႐ုတ္တို႔ရဲ႕ သေဘၤာေတြ တိုက္မိမႈျဖစ္ပြားခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.