ဘရာဇီးမှာ Interlagos Circuit လေ့ကျင့်မှုအတွင်း မတော်တဆမှုကြောင့် အသက် ၉ နှစ်အရွယ် စွန့်စားဆိုင်ကယ်မောင်းသူ ကလေးငယ် သေဆုံး

 1049

ရောင်နီ (NP News) - ဇွန် ၂ဝ

ဘရာဇီးနိုင်ငံ၊ ဆောပေါ်လိုမြို့ရှိ Interlagos Circuit မှာ လေ့ကျင့်မှုတစ်ခုမှာ အာဂျင်တီးနားမှ အသက် ၉ နှစ်အရွယ် စွန့်စားမော်တော်ဆိုင်ကယ်မောင်းသူ ကလေးငယ်တစ်ဦး မတော်တဆမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

လော်ရန်ဇိုဆိုမာချီနီ အမည်ရှိ အဆိုပါကလေးငယ်ဟာ သောကြာနေ့ (ဇွန်လ ၁၄ ရက်) က Interlagos Circuit လေ့ကျင့်မှုမှာ ပထမဆုံးပါဝင်ခဲ့ပြီး မတော်တဆမှုကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဆိုမာချီနီ ဟာ တစ်နာရီ ၂၅ မိုင် (တစ်နာရီ ကီလိုမီတာ ၄၀) မောင်းနှင်နေချိန် နာမည်ကြီး Formula One ပတ်လမ်းရဲ့ အနှေးဆုံးထောင့်ဖြစ်တဲ့ Pinheirinho ကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေရဲ့အဆိုအရ၊ ၎င်းဟာ Albert Einstein ဆေးရုံ၊ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူပြီးနောက် တနင်္လာနေ့ (ဇွန်လ ၁၇ ရက်) ည ၇ နာရီ ၄၃ မိနစ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ကွယ်လွန်မှု သတင်းအတွက် SuperBike Brasil အဖွဲ့က ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။

Zawgyi Version;
ဘရာဇီးမွာ Interlagos Circuit ေလ့က်င့္မႈအတြင္း မေတာ္တဆမႈေၾကာင့္ အသက္ ၉ ႏွစ္အ႐ြယ္ စြန႔္စားဆိုင္ကယ္ေမာင္းသူ ကေလးငယ္ ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၂ဝ

ဘရာဇီးႏိုင္ငံ၊ ေဆာေပၚလိုၿမိဳ႕ရွိ Interlagos Circuit မွာ ေလ့က်င့္မႈတစ္ခုမွာ အာဂ်င္တီးနားမွ အသက္ ၉ ႏွစ္အ႐ြယ္ စြန႔္စားေမာ္ေတာ္ဆိုင္ကယ္ေမာင္းသူ ကေလးငယ္တစ္ဦး မေတာ္တဆမႈေၾကာင့္ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ေလာ္ရန္ဇိုဆိုမာခ်ီနီ အမည္ရွိ အဆိုပါကေလးငယ္ဟာ ေသာၾကာေန႔ (ဇြန္လ ၁၄ ရက္) က Interlagos Circuit ေလ့က်င့္မႈမွာ ပထမဆုံးပါဝင္ခဲ့ၿပီး မေတာ္တဆမႈေၾကာင့္ ျပင္းထန္ဒဏ္ရာရခဲ့ပါတယ္။ ဆိုမာခ်ီနီ ဟာ တစ္နာရီ ၂၅ မိုင္ (တစ္နာရီ ကီလိုမီတာ ၄၀) ေမာင္းႏွင္ေနခ်ိန္ နာမည္ႀကီး Formula One ပတ္လမ္းရဲ႕ အေႏွးဆုံးေထာင့္ျဖစ္တဲ့ Pinheirinho ကို ဝင္တိုက္မိခဲ့တာျဖစ္ပါတယ္။ ပြဲစီစဥ္သူေတြရဲ႕အဆိုအရ၊ ၎ဟာ Albert Einstein ေဆး႐ုံ၊ အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသမႈခံယူၿပီးေနာက္ တနလၤာေန႔ (ဇြန္လ ၁၇ ရက္) ည ၇ နာရီ ၄၃ မိနစ္မွာ ကြယ္လြန္ခဲ့တယ္လို႔ သိရပါတယ္။
သူ႔ရဲ႕ကြယ္လြန္မႈ သတင္းအတြက္ SuperBike Brasil အဖြဲ႕က ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။

Related news

© 2021. All rights reserved.