ရဲရင့်အောင်၏ တစ်လုံးတည်းသော ဂိုးဖြင့် ရန်ကုန်ယူနိုင်တက်ကို အနိုင်ရ၍ MNL League Cup 2024 တွင် ရှမ်းယူနိုက်တက်ဗိုလ်စွဲ
700
သန့်ဇင် (NP News) - ဇွန် ၂၀
ရှမ်းယူနိုက်တက်အသင်းက ရဲရင့်အောင်၏ တစ်လုံးတည်းသော ဂိုးဖြင့် ရန်ကုန်ယူနိုင်တက်ကို အနိုင်ရ၍ MNL League Cup 2024 ပြိုင်ပွဲတွင် ဗိုလ်စွဲအနိုင်ရရှိခဲ့သည်။
MNL League Cup 2024 ဗိုလ်လုပွဲစဉ်ကို ယမန်နေ့(ဇွန်လ ၁၉ ရက်) ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ပထမပိုင်း ၃၇ မိနစ်တွင် ရဲရင့်အောင်သွင်းယူသည့် တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိကာ MNL League Cup ပြိုင်ပွဲ၏ ပထမဆုံးချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အုပ်စုတွင်းနှင့်ဆီးမီးဖိုင်နယ်တွင် ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့်လည်း ဗိုလ်လုပွဲတွင် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရကာ ဆုဖလားနှင့်လွဲချော်ခဲ့ရသည်။ MNL League Cup 2024 ပြိုင်ပွဲကို ယခုနှစ်မှစတင်ကျင်းပခြင်းဖြစ်ပြီး ကျော်ကိုကိုက ရှမ်းယူနိုက်တက်နှင့် ယခင်အသင်းဟောင်း ရခိုင်ယူနိုက်တက်တို့တွင် ခြေစွမ်းပြကစားကာ (၉)ဂိုးထိသွင်းယူခဲ့နိုင်ခဲ့သဖြင့် ဂိုးသွင်းအများဆုံးဆု ကျပ်(၁၀)သိန်းနှင့် အမှတ်တရဆုတံဆိပ်ရရှိခဲ့သည်။
ထို့ပြင် ဒုတိယရရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းအား တစ်ဦးချင်းငွေတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း (၂၀၀)၊ MNL League Cup 2024 ပြိုင်ပွဲတွင် ပထမရရှိသည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းရွှေတံဆိပ်ဆု၊ ဆုကြေးငွေကျပ်သိန်း (၃၅၀)နှင့် ချန်ပီယံဆုဖလားတို့ကို ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ချန်ပီယံဆုဖလားချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် ယခုနှစ်ရာသီမှစတင်ကာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့မှ သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ရဲရင့္ေအာင္၏ တစ္လုံးတည္းေသာ ဂိုးျဖင့္ ရန္ကုန္ယူႏိုင္တက္ကို အႏိုင္ရ၍ MNL League Cup 2024 တြင္ ရွမ္းယူႏိုက္တက္ဗိုလ္စြဲ
သန႔္ဇင္ (NP News) - ဇြန္ ၂၀
ရွမ္းယူႏိုက္တက္အသင္းက ရဲရင့္ေအာင္၏ တစ္လုံးတည္းေသာ ဂိုးျဖင့္ ရန္ကုန္ယူႏိုင္တက္ကို အႏိုင္ရ၍ MNL League Cup 2024 ၿပိဳင္ပြဲတြင္ ဗိုလ္စြဲအႏိုင္ရရွိခဲ့သည္။
MNL League Cup 2024 ဗိုလ္လုပြဲစဥ္ကို ယမန္ေန႔(ဇြန္လ ၁၉ ရက္) ညေနပိုင္းက ရန္ကုန္ၿမိဳ႕၊ သုဝဏၰကြင္းတြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ရွမ္းယူႏိုက္တက္အသင္းႏွင့္ ရန္ကုန္ယူႏိုက္တက္အသင္းတို႔က အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။ အဆိုပါ ပြဲစဥ္တြင္ ရွမ္းယူႏိုက္တက္အသင္းက ပထမပိုင္း ၃၇ မိနစ္တြင္ ရဲရင့္ေအာင္သြင္းယူသည့္ တစ္လုံးတည္းေသာသြင္းဂိုးျဖင့္ အႏိုင္ရရွိကာ MNL League Cup ၿပိဳင္ပြဲ၏ ပထမဆုံးခ်န္ပီယံဆုဖလားကို ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ အုပ္စုတြင္းႏွင့္ဆီးမီးဖိုင္နယ္တြင္ ရႈံးပြဲမရွိမွတ္တမ္းပိုင္ဆိုင္ခဲ့သည့္ ရန္ကုန္ယူႏိုက္တက္အသင္းအေနျဖင့္လည္း ဗိုလ္လုပြဲတြင္ ရႈံးပြဲႏွင့္ ရင္ဆိုင္ခဲ့ရကာ ဆုဖလားႏွင့္လြဲေခ်ာ္ခဲ့ရသည္။ MNL League Cup 2024 ၿပိဳင္ပြဲကို ယခုႏွစ္မွစတင္က်င္းပျခင္းျဖစ္ၿပီး ေက်ာ္ကိုကိုက ရွမ္းယူႏိုက္တက္ႏွင့္ ယခင္အသင္းေဟာင္း ရခိုင္ယူႏိုက္တက္တို႔တြင္ ေျခစြမ္းျပကစားကာ (၉)ဂိုးထိသြင္းယူခဲ့ႏိုင္ခဲ့သျဖင့္ ဂိုးသြင္းအမ်ားဆုံးဆု က်ပ္(၁၀)သိန္းႏွင့္ အမွတ္တရဆုတံဆိပ္ရရွိခဲ့သည္။
ထို႔ျပင္ ဒုတိယရရွိသည့္ ရန္ကုန္ယူႏိုက္တက္အသင္းအား တစ္ဦးခ်င္းေငြတံဆိပ္ႏွင့္ ဆုေၾကးေငြက်ပ္သိန္း (၂၀၀)၊ MNL League Cup 2024 ၿပိဳင္ပြဲတြင္ ပထမရရွိသည့္ ရွမ္းယူႏိုက္တက္အသင္းအား တစ္ဦးခ်င္းေ႐ႊတံဆိပ္ဆု၊ ဆုေၾကးေငြက်ပ္သိန္း (၃၅၀)ႏွင့္ ခ်န္ပီယံဆုဖလားတို႔ကို ရန္ကုန္တိုင္းေဒသႀကီအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းႏွင့္ အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ အႀကီးတန္း ဒုဥကၠဌႏွင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ဦးေဇာ္ေဇာ္ႏွင့္ တာဝန္ရွိသူမ်ားက ခ်န္ပီယံဆုဖလားခ်ီးျမႇင့္ေပးခဲ့ေၾကာင္း သိရသည္။
ျမန္မာေနရွင္နယ္လိဂ္ေကာ္မတီအေနျဖင့္ ယခုႏွစ္ရာသီမွစတင္ကာ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲကို ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(FIFA)ႏွင့္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ (AFC) တို႔မွ သတ္မွတ္ထားသည့္ ေဘာလုံးျပကၡဒိန္အတိုင္း ေျပာင္းလဲက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။