အစ္စရေးနဲ့ပဋိပက္ခအတွက် အပြည့်အဝပြင်ဆင်ထားတယ်လို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ပြော

 923

Pika (NP News) - ဇွန် ၂ဝ

လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနဲ့ပဋိပက္ခအတွက် အပြည့်အဝပြင်ဆင်ထား တယ်လို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အကြီးအကဲ Hassan Nasrallah က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဆိုက်ပရပ်စ်နိုင်ငံအနေနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကို လက်ခံထားရှိပေးမယ်ဆိုရင် ပစ်မှတ်ထားခံရနိုင်တယ်လို့လည်း ၎င်းက သတိပေးပြောဆိုခဲ့ပါတယ်။

ယခုသီတင်းပတ်အစောပိုင်းက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အစ္စရေးရဲ့လေကြောင်းက တိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားခဲ့တဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အကြီးတန်းတပ်မှူးတစ်ဦးဖြစ်တဲ့ Hajj Sami Taleb Abdullah အတွက် အောက်မေ့ဖွယ်အခမ်းအနားအပြီး ဇွန်လ(၁၉)ရက်မှာ Hassan Nasrallah က ယခုလို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

၎င်းက “ရေကြောင်း၊ လေကြောင်း နဲ့ မြေပြင်မှာ ကျွန်တော်တို့ကို သတိထားရမယ်ဆိုတာ ရန်သူတွေက သိပါတယ်။ စစ်ပွဲဖြစ်ပွားလာခဲ့မယ်ဆိုရင် စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေ မရှိဘဲ လက်တုံ့ပြန်တိုက်ခိုက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ဒရုန်းတွေ၊ ဒုံးကျည်တွေဆီကနေ ဘေးလွတ်ကင်းအောင်ရှောင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၇)ရက်ကနေ စတင်ပြီး အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ဟာ ဒုံးကျည်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နှစ်နိုင်ငံ နယ်စပ်အနီးက အစ္စရေးနိုင်ငံသား(၅၃၀၀၀)ကျော် နဲ့ လက်ဘနွန်နိုင်ငံသား (၁)သန်းနီးပါးတို့ဟာ ၎င်းတို့ရဲ့နေအိမ်ကနေ ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရတယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့မှာ အစ္စရေးနိုင်ငံအတွင်းကို တိုက်ခိုက်ဖို့ လိုအပ်တဲ့ လက်နက်တွေ အားလုံးရှိတယ်လို့လည်း Hassan Nasrallah က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အစၥေရးနဲ႔ပဋိပကၡအတြက္ အျပည့္အဝျပင္ဆင္ထားတယ္လို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ေျပာ
Pika (NP News) - ဇြန္ ၂ဝ

လက္ဘႏြန္အေျခစိုက္ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးနဲ႔ပဋိပကၡအတြက္ အျပည့္အဝျပင္ဆင္ထား တယ္လို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕အႀကီးအကဲ Hassan Nasrallah က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဆိုက္ပရပ္စ္ႏိုင္ငံအေနနဲ႔ အစၥေရးတပ္ဖြဲ႕ဝင္ေတြကို လက္ခံထားရွိေပးမယ္ဆိုရင္ ပစ္မွတ္ထားခံရႏိုင္တယ္လို႔လည္း ၎က သတိေပးေျပာဆိုခဲ့ပါတယ္။

ယခုသီတင္းပတ္အေစာပိုင္းက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို အစၥေရးရဲ႕ေလေၾကာင္းက တိုက္ခိုက္မႈေတြအတြင္း ေသဆုံးသြားခဲ့တဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕အႀကီးတန္းတပ္မႉးတစ္ဦးျဖစ္တဲ့ Hajj Sami Taleb Abdullah အတြက္ ေအာက္ေမ့ဖြယ္အခမ္းအနားအၿပီး ဇြန္လ(၁၉)ရက္မွာ Hassan Nasrallah က ယခုလို ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

၎က “ေရေၾကာင္း၊ ေလေၾကာင္း နဲ႔ ေျမျပင္မွာ ကြၽန္ေတာ္တို႔ကို သတိထားရမယ္ဆိုတာ ရန္သူေတြက သိပါတယ္။ စစ္ပြဲျဖစ္ပြားလာခဲ့မယ္ဆိုရင္ စည္းမ်ဥ္းေတြ၊ ကန႔္သတ္ခ်က္ေတြ မရွိဘဲ လက္တုံ႔ျပန္တိုက္ခိုက္သြားမွာပါ။ ကြၽန္ေတာ္တို႔ရဲ႕ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြဆီကေန ေဘးလြတ္ကင္းေအာင္ေရွာင္ေျပးဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။

အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ကေန စတင္ၿပီး အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ဟာ ဒုံးက်ည္ေတြနဲ႔အျပန္အလွန္ပစ္ခတ္မႈေတြကို ေန႔စဥ္နီးပါး လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အျပန္အလွန္ပစ္ခတ္မႈေတြေၾကာင့္ ႏွစ္ႏိုင္ငံ နယ္စပ္အနီးက အစၥေရးႏိုင္ငံသား(၅၃၀၀၀)ေက်ာ္ နဲ႔ လက္ဘႏြန္ႏိုင္ငံသား (၁)သန္းနီးပါးတို႔ဟာ ၎တို႔ရဲ႕ေနအိမ္ကေန ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္ လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕မွာ အစၥေရးႏိုင္ငံအတြင္းကို တိုက္ခိုက္ဖို႔ လိုအပ္တဲ့ လက္နက္ေတြ အားလုံးရွိတယ္လို႔လည္း Hassan Nasrallah က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.