စစ်ကိုင်းမြို့ရှိ ကမ္ဘောဇဘဏ်(၁)ကို ဓားပြဝင်တိုက်သည့် PDF အဖွဲ့မှ တစ်ဦးကို ငွေကျပ်သိန်း(၃၀၀၀)ကျော်ဖြင့် အသေဖမ်းဆီးရမိ
                        
                            
                             
 3977
 
                             
                            
                            
                         
                        
 
                        သန့်ဇင် (NP News) - ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ကမ္ဘောဇဘဏ်(၁)ကို ဓားပြဝင်တိုက်သည့် PDF အဖွဲ့မှ တစ်ဦးကို ငွေကျပ်သိန်း(၃၀၀၀)ကျော်ဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ယနေ့ (ဇွန်လ ၂၀ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက် ညနေ ၄ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အမျိုးသား လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် သတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းလှည့်ကင်းအဖွဲ့များဖြင့် ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း နစကမှဆိုထားသည်။ 
ထိုသို့ဆောင်ရွက်ခဲ့ရာဖြစ်စဉ်ဖြစ်ပွားပြီး (၁၀)မိနစ်ခန့်အကြာတွင် ပူးပေါင်းလှည့်ကင်းအဖွဲ့သည် ကမ္ဘောဇဘဏ်(၁)သို့ ရောက်ရှိပြီး ဝင်ရောက်စီးနင်းဖမ်းဆီးရာ လုယက်ဓားပြတိုက်သူ အမျိုးသားတစ်ဦးအား အသေဖမ်းဆီးရမိပြီး ဘဏ်အတွင်းမှ ဓါးပြတိုက်ယူဆောင်ထားသည့် ကျပ်သိန်း (၃၀၃၁) သိန်း၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် လုယက်ဓါးပြတိုက်ရာတွင် အသုံးပြုသည့် လက်လုပ်ပစ္စတို တစ်လက်၊ ၉ မမကျည်(၉)တောင့်၊ ဗုံးသီး(စိစစ်ဆဲ) တစ်လုံး၊ ဆိုင်ကယ်နှစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ဓားပြတိုက်သူများမှာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂)မှ ဆင်ရိုင်း (ခ) ခိုင်ဇော်ခင်း ဦးဆောင်သော အဖွဲ့ဖြစ်ကြောင်းနှင့် အသေဖမ်းဆီးရမိသူမှာ အဆိုပါအဖွဲ့မှ ကိုနောင်ဆိုသူ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရန်ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူများကို ထပ်မံဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့တွင်းပိတ်ဆို့၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
                     
                        
                                                                    
 
                                
                                
                                        zawgyi version
စစ္ကိုင္းၿမိဳ႕ရွိ ကေမာၻဇဘဏ္(၁)ကို ဓားျပဝင္တိုက္သည့္ PDF အဖြဲ႕မွ တစ္ဦးကို ေငြက်ပ္သိန္း(၃၀၀၀)ေက်ာ္ျဖင့္ အေသဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဇြန္ ၂၀
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ရွိ ကေမာၻဇဘဏ္(၁)ကို ဓားျပဝင္တိုက္သည့္ PDF အဖြဲ႕မွ တစ္ဦးကို ေငြက်ပ္သိန္း(၃၀၀၀)ေက်ာ္ျဖင့္ အေသဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ယေန႔ (ဇြန္လ ၂၀ ရက္)တြင္ သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ဇြန္လ ၁၉ ရက္ ညေန ၄ နာရီခြဲတြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕၊ ပန္းဘဲတန္းရပ္ကြက္ရွိ ကေမာၻဇဘဏ္(၁)အား အမ်ိဳးသား ေလးဦးက ဆိုင္ကယ္ႏွစ္စီးျဖင့္ ေရာက္ရွိလာၿပီး လုယက္ဓါးျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေနာက္ သတင္းအရ ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း လုံၿခဳံေရးေဆာင္႐ြက္လ်က္ရွိသည့္ ပူးေပါင္းလွည့္ကင္းအဖြဲ႕မ်ားျဖင့္ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္ခဲ့ေၾကာင္း နစကမွဆိုထားသည္။ 
ထိုသို႔ေဆာင္႐ြက္ခဲ့ရာျဖစ္စဥ္ျဖစ္ပြားၿပီး (၁၀)မိနစ္ခန႔္အၾကာတြင္ ပူးေပါင္းလွည့္ကင္းအဖြဲ႕သည္ ကေမာၻဇဘဏ္(၁)သို႔ ေရာက္ရွိၿပီး ဝင္ေရာက္စီးနင္းဖမ္းဆီးရာ လုယက္ဓားျပတိုက္သူ အမ်ိဳးသားတစ္ဦးအား အေသဖမ္းဆီးရမိၿပီး ဘဏ္အတြင္းမွ ဓါးျပတိုက္ယူေဆာင္ထားသည့္ က်ပ္သိန္း (၃၀၃၁) သိန္း၊ လက္ကိုင္ဖုန္းႏွစ္လုံးႏွင့္ လုယက္ဓါးျပတိုက္ရာတြင္ အသုံးျပဳသည့္ လက္လုပ္ပစၥတို တစ္လက္၊ ၉ မမက်ည္(၉)ေတာင့္၊ ဗုံးသီး(စိစစ္ဆဲ) တစ္လုံး၊ ဆိုင္ကယ္ႏွစ္စီးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးခ်က္မ်ားအရ ဓားျပတိုက္သူမ်ားမွာ ေပါင္းလွ႐ြာအေျချပဳ စစ္ကိုင္းခ႐ိုင္ PDF တပ္ရင္း(၂)မွ ဆင္႐ိုင္း (ခ) ခိုင္ေဇာ္ခင္း ဦးေဆာင္ေသာ အဖြဲ႕ျဖစ္ေၾကာင္းႏွင့္ အေသဖမ္းဆီးရမိသူမွာ အဆိုပါအဖြဲ႕မွ ကိုေနာင္ဆိုသူ ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ဖမ္းဆီးရန္က်န္ရွိသည့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ထပ္မံေဖာ္ထုတ္ဖမ္းဆီးရမိႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕တြင္းပိတ္ဆို႔၍ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။