တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ လုပ်ရပ်က ဓါးပြလုပ်ရပ်မျိုးဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဝေဖန်ပြစ်တင်

 1130

ဂျန်ဇက် (NP News) - ဇွန် ၂ဝ

ဖိလစ်ပိုင်စစ်တပ်က တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်ကျွန်းစုနား ကိုသွားလာတဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေအပေါ် တက်ရောက်ကာ ရိုက်နှက်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေနဲ့ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Second Thomas Shoal ကျွန်းစုနားမှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောအပေါ်ကို တရုတ်ကမ်းခြေ စောင့်သင်္ဘောပေါ်ကတပ်ဖွဲ့ဝင်တွေတက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ တုတ်တွေ၊ ဓါးတွေနဲ့ လှံတွေကိုင်ဆောင် ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်သင်္ဘောအပေါ်ကို တက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်သင်္ဘောအပေါ်ကိုတက်လာတဲ့တရုတ်တပ်ဖွဲ့တွေရဲ့လုပ်ရပ်ဟာ ဓါးပြလုပ်ရပ်မျိုး ဖြစ်နေကြောင်း၊ သိမ်းယူသွားတဲ့ပစ္စည်းတွေနဲ့ လက်နက်တွေကို ပြန်လည်ပေးစေလိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့တဲ့ အရာတွေအတွက် ပြန်လည်လျော်ပေးစေလိုကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ပြောပါတယ်။

နိုင်ငံတကာမီဒီယာတွေမှာဖော်ပြတဲ့ရုပ်သံဖိုင်တွေထဲမှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေအပေါ်တက်ရောက်ပြီး စစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီ လုပ်ဆောင်ခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။ ရုပ်သံဖိုင်တွေထဲမှာ အသေးစားဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘောတစ်စီးအနီးကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်သင်္ဘောနှစ်စီး ချဉ်းကပ်လာခဲ့ပြီး ဖိလစ်ပိုင်သင်္ဘောအပေါ် တက်ရောက်တဲ့ ပုံစံမျိုးတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တရုတ် နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်းပိုင်နက်နယ်မြေအငြင်းပွားနေပြီး ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်သင်္ဘောတွေ နဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်သင်္ဘောတွေ မကြာခဏ တိုက်မိတာတွေ၊ တားဆီးနှောက်ယှက်တာတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;

Related news

© 2021. All rights reserved.