နှစ်နိုင်ငံကြား ဆက်ဆံရေးအားကောင်းလာမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ရုရှားစစ်သင်္ဘောတွေ လစ်ဗျားကို ရောက်ရှိနေ
949
Pika (NP News) - ဇွန် ၂ဝ
ရုရှားရေတပ်သင်္ဘောတွေဟာ အီဂျစ်နိုင်ငံကို အလည်အပတ်ခရီးစဉ်သွားရောက်ပြီးနောက် လစ်ဗျားနိုင်ငံ Tobruk မြို့ကို ရောက်ရှိလာခဲ့တယ်လို့ လစ်ဗျားအမျိုးသားတပ်မတော် (LNA) ရဲ့ အထွေထွေကွပ်ကဲရေးဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ Slava အတန်းအစား ပဲ့ထိန်းဒုံးကျည်ခရုဇ်သင်္ဘော Varyagနဲ့ Udaloy အတန်းအစား ဖရီးဂိတ်သင်္ဘော Marshal Shaposhnikovတို့ဟာ လစ်ဗျားရေတပ်အခြေစိုက်စခန်းမှာ သုံးရက်ကြာ ရှိနေဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
LNA က “လစ်ဗျားစစ်တပ်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးပိုမိုအားကောင်းလာမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ပဲ့ထိန်း ဒုံးကျည်ခရုဇ်သင်္ဘော Varyag နဲ့ ဖရီးဂိတ်သင်္ဘော Marshal Shaposhnikov တို့ဟာ အီဂျစ်ခရီးစဉ်အပြီး လစ်ဗျား နိုင်ငံ Tobruk မြို့ကို ရောက်ရှိလာခဲ့ပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ အဲဒီခရီးစဉ်ဟာ ရုရှားနိုင်ငံမှာရှိတဲ့ စစ်သင်တန်းကျောင်းကို ကျောင်းသားတွေနဲ့ အရာရှိ (၂၅၀)ဦးကို စေလွှတ်တာ အပါအဝင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေဖို့အတွက် ခြေလှမ်းတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ LNA က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲဒီခရီးစဉ်ဟာ လစ်ဗျားနဲ့ရုရှားရေတပ်ကြား လေ့ကျင့်မှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတွေ၊ ထောက်ပံ့ပို့ဆောင်ရေး၊ အတွေ့အကြုံ နဲ့ သတင်းအချက်အလက်ဖလှယ်ရေးတို့နဲ့ ရေကြောင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတို့ကို အတည်ပြုဖို့ ရည်ရွယ်ထားတယ်လို့ LNA ရဲ့ ရေတပ်အရာရှိတစ်ဦးက ရှင်းပြပြောခဲ့ပါတယ်။ ပဲ့ထိန်းဒုံးကျည်ခရုဇ်သင်္ဘော Varyag နဲ့ ဖရီးဂိတ်သင်္ဘော Marshal Shaposhnikov တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ (၁၀)ရက်က (၁၄)ရက်အထိ အီဂျစ်နိုင်ငံ Alexandria ဆိပ်ကမ်းကို သွားရောက်လည်ပတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် ရုရှားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီသင်္ဘောတွေအပေါ်မှာ ပွဲတော်အခမ်းအနားတွေကို ကျင်းပခဲ့ပြီး ရုရှား နဲ့ အီဂျစ်တပ်ဖွဲ့တွေဟာ ဇွန်လ(၁၄)ရက်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးအားေကာင္းလာမႈ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ႐ုရွားစစ္သေဘၤာေတြ လစ္ဗ်ားကို ေရာက္ရွိေန
Pika (NP News) - ဇြန္ ၂ဝ
႐ုရွားေရတပ္သေဘၤာေတြဟာ အီဂ်စ္ႏိုင္ငံကို အလည္အပတ္ခရီးစဥ္သြားေရာက္ၿပီးေနာက္ လစ္ဗ်ားႏိုင္ငံ Tobruk ၿမိဳ႕ကို ေရာက္ရွိလာခဲ့တယ္လို႔ လစ္ဗ်ားအမ်ိဳးသားတပ္မေတာ္ (LNA) ရဲ႕ အေထြေထြကြပ္ကဲေရးဌာနရဲ႕ သတင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။ Slava အတန္းအစား ပဲ့ထိန္းဒုံးက်ည္ခ႐ုဇ္သေဘၤာ Varyagနဲ႔ Udaloy အတန္းအစား ဖရီးဂိတ္သေဘၤာ Marshal Shaposhnikovတို႔ဟာ လစ္ဗ်ားေရတပ္အေျခစိုက္စခန္းမွာ သုံးရက္ၾကာ ရွိေနဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။
LNA က “လစ္ဗ်ားစစ္တပ္နဲ႔ ႐ုရွားတို႔ၾကား ဆက္ဆံေရးပိုမိုအားေကာင္းလာမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ပဲ့ထိန္း ဒုံးက်ည္ခ႐ုဇ္သေဘၤာ Varyag နဲ႔ ဖရီးဂိတ္သေဘၤာ Marshal Shaposhnikov တို႔ဟာ အီဂ်စ္ခရီးစဥ္အၿပီး လစ္ဗ်ား ႏိုင္ငံ Tobruk ၿမိဳ႕ကို ေရာက္ရွိလာခဲ့ပါတယ္” လို႔ ထုတ္ျပန္ေျပာဆိုထားပါတယ္။ အဲဒီခရီးစဥ္ဟာ ႐ုရွားႏိုင္ငံမွာရွိတဲ့ စစ္သင္တန္းေက်ာင္းကို ေက်ာင္းသားေတြနဲ႔ အရာရွိ (၂၅၀)ဦးကို ေစလႊတ္တာ အပါအဝင္ ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈအားေကာင္းေစဖို႔အတြက္ ေျခလွမ္းေတြရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ LNA က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီခရီးစဥ္ဟာ လစ္ဗ်ားနဲ႔႐ုရွားေရတပ္ၾကား ေလ့က်င့္မႈေတြ၊ နည္းပညာပိုင္းဆိုင္ရာ ျပဳျပင္ထိန္းသိမ္းမႈေတြ၊ ေထာက္ပံ့ပို႔ေဆာင္ေရး၊ အေတြ႕အႀကဳံ နဲ႔ သတင္းအခ်က္အလက္ဖလွယ္ေရးတို႔နဲ႔ ေရေၾကာင္းလုံၿခဳံေရး ပူးေပါင္း ေဆာင္႐ြက္မႈတို႔ကို အတည္ျပဳဖို႔ ရည္႐ြယ္ထားတယ္လို႔ LNA ရဲ႕ ေရတပ္အရာရွိတစ္ဦးက ရွင္းျပေျပာခဲ့ပါတယ္။ ပဲ့ထိန္းဒုံးက်ည္ခ႐ုဇ္သေဘၤာ Varyag နဲ႔ ဖရီးဂိတ္သေဘၤာ Marshal Shaposhnikov တို႔ဟာ ၿပီးခဲ့တဲ့ ဇြန္လ (၁၀)ရက္က (၁၄)ရက္အထိ အီဂ်စ္ႏိုင္ငံ Alexandria ဆိပ္ကမ္းကို သြားေရာက္လည္ပတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ႐ုရွားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အဲဒီသေဘၤာေတြအေပၚမွာ ပြဲေတာ္အခမ္းအနားေတြကို က်င္းပခဲ့ၿပီး ႐ုရွား နဲ႔ အီဂ်စ္တပ္ဖြဲ႕ေတြဟာ ဇြန္လ(၁၄)ရက္မွာ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။