ဆော်ဒီအာရေးဗျနိုင်ငံမှာ ဟဂျ်ဘုရားဖူးကာလအတွင်း အပူရှပ်မှုကြောင့် ဘုရားဖူး(၅၀၀)ကျော် သေဆုံး
 926
Pika (NP News) - ဇွန် ၂ဝ
ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့မှာ အပူချိန်က (၄၉)ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်ခဲ့မှုနဲ့အတူ ယခုနှစ်ဟဂျ် ဘုရားဖူးခရီးစဉ်အတွင်း အပူရှပ်မှုကြောင့် လူရာချီသေဆုံးခဲ့ပြီး အခြားလူထောင်ချီ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဆော်ဒီအာရေးဗျနဲ့ အီဂျစ်နိုင်ငံတို့ဟာ ထပ်မံတိုးမြင့်လာနိုင်ခြေရှိတဲ့သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက် ထုတ်ပြန်တာမျိုး ဒါမှမဟုတ် မှတ်ချက်ပေးတာမျိုး မရှိသေးဘူးလို့လည်း AP နဲ့ CNN သတင်းဌာနတို့က ဖော်ပြခဲ့ပါတယ်။
ယခုနှစ် ဟဂျ်ဘုရားဖူးကာလအတွင်း လူအများအပြား မြေပြင်ပေါ်ကို လဲကျပြီး သတိလစ်သွားတာကို အိန္ဒိယ ဘုရားဖူးခရီးသည်တစ်ဦးက တွေ့မြင်ခဲ့တယ်လို့ AP သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒါ့ပြင် လူအချို့ ဟာ အထွတ်အမြတ်ထားရာ ကျောက်တုံးကိုကိုင်နေကြစဉ်အချိန်အတွင်း အပူရှပ်မှုတွေကြောင့် မူးမေ့ပြီး လဲကျ သွားခဲ့တယ်လို့လည်း သိရပါတယ်။ သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး တရားဝင်အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့်လည်း ငါးရက်ကြာဘုရားဖူးခရီးစဉ်အတွင်း အနည်းဆုံးလူ(၅၅၀)ဦး သေဆုံးခဲ့တယ်ဆိုတဲ့ ဖော်ပြမှုတွေလည်း ရှိနေတယ်လို့ AP က ပြောကြားခဲ့ပါတယ်။
အပူရှပ်မှုကြောင့် အီဂျစ်နိုင်ငံသား(၆၀၀)ဦး သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက်က (၉၀၀)ကျော်ထိ ရှိလာနိုင် တယ်လို့ပြောဆိုခဲ့တဲ့ အမည်မသိအာရပ်သံတမန်တစ်ဦးရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး AFP က ဖော်ပြခဲ့တယ် လို့လည်း သိရပါတယ်။ ဟဂျ်ဘုရားဖူးပွဲတော်အတွင်း ခရီးသွားများ သေဆုံးမှုမှာ ထူးခြားတဲ့ကိစ္စတစ်ခု မဟုတ်ဘူးလို့ လည်း သိရပါတယ်။
ပြီးခဲ့နှစ် ဟဂျ်ဘုရားဖူးခရီးစဉ်အတွင်း လူ(၂၀၀)ကျော် သေဆုံးခဲ့ဖူးပြီး အများစုမှာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ် တယ်လို့ Jakarta Post သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့နှစ်တွေအတွင်း ဟဂျ်ဘုရားဖူး ကာလမှာ လူနင်းမိမှုတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ဆော်ဒီအာရေးဗျနိုင်ငံမှာ ဟဂ်ျဘုရားဖူးကာလအတွင်း အပူရှပ်မှုကြောင့် ဘုရားဖူး(၅၀၀)ကျော် သေဆုံး
Pika (NP News) - ဇွန် ၂ဝ
ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့မှာ အပူချိန်က (၄၉)ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်ခဲ့မှုနဲ့အတူ ယခုနှစ်ဟဂ်ျ ဘုရားဖူးခရီးစဉ်အတွင်း အပူရှပ်မှုကြောင့် လူရာချီသေဆုံးခဲ့ပြီး အခြားလူထောင်ချီ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့နှစ် ဟဂ်ျဘုရားဖူးခရီးစဉ်အတွင်း လူ(၂၀၀)ကျော် သေဆုံးခဲ့ဖူးပြီး အများစုမှာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ် တယ်လို့ Jakarta Post သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့နှစ်တွေအတွင်း ဟဂ်ျဘုရားဖူး ကာလမှာ လူနင်းမိမှုတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
Related news
© 2021. All rights reserved.