ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်ရှိမြို့များမှ ပြည်သူများ မြို့သိမ်းတိုက်ပွဲဒဏ်ကို အလူးအလဲခံစားနေကြရဟု ALP ဆို

 7767

ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်နေရသည့် နေရာအချို့ကိုတွေ့မြင်ရစဉ်

သန့်ဇင် (NP News) - ဇွန် ၂၀

ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် နှင့် ဘူးသီးတောင်ရှိမြို့များမှ ပြည်သူများ မြို့သိမ်းတိုက်ပွဲဒဏ်ကို အလူးအလဲခံစားနေကြရကြောင်း မောင်တောမြို့အခြေအနေနှင့်ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

လက်ရှိတွင် အထက်ပါမြို့နယ်များအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအချို့ကို AA အဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာဖြစ်ပွားနေသောစစ်ပွဲများကြောင့် ပြည်သူများစွာအိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်လျက်ရှိနေကြောင်း၊ မြို့သိမ်းတိုက်ပွဲများ၏ ဒဏ်ကိုအလူးအလဲခံစားနေကြရသော ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့များမှ ပြည်သူများသည်လည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ဘဲရှိနေကြောင်းနှင့် မိုးတွင်းရာသီ၌ နေထိုင်စရာ၊ စားသောက်ဖွယ်ရာမရှိသော ဘဝများကို နေတိုင်းကြုံတွေ့နေကြရကာ သံတွဲနှင့် တောင်ကုတ်တို့တွင်လည်း ပြည်သူအချို့ အခက်အခဲကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထပ်မံ၍ မောင်တောမြို့အတွင်း၌ တိုက်ပွဲခေါ်ဆောင်ရန် ပြင်ဆင်နေကြသည်ကို ကြားသိနေရသည့်အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ များစွာစိတ်မချမ်းမသာဖြစ်ရကြောင်း၊ မောင်တော်မြို့အတွင်း၌ နေကြသူများမှာ မွတ်စလင်များသက်သက်သာမဟုတ်ပဲ၊ ရခိုင်ဗုဒ္ဓဘာသာများ နှင့် ဟိန္ဒူ၊ ဒိုင်းနက်စသော အခြားသောလူမျိုးစုများပါရှိနေကြရာ ထိုဒေသ၌ အခြေစိုက်နေထိုင်သူများအားလုံး ဘေးကင်းရန်အရေးကြီးပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ ထုတ်ပြန်ထားတာက မြို့တွင်းတိုက်ပွဲတွေမဖော်ဆောင်ဖို့ မေတ္တာရပ်ခံချက်ပါ။ မောင်တောမြို့ဆိုတာက ရခိုင်လူမျိုးတွေတင် နေတာမဟုတ်ဘူး။ မွတ်စလင်တွေကော၊ ဟိန္ဒူတွေကော၊ ဒိုးနက်တွေနဲ့ အခြားလူမျိုးတွေ လူမျိုးပေါင်းစုံနေထိုင်တဲ့နေရာ ဖြစ်တယ်။ ရှေ့မှာလည်း မြို့သိမ်းတိုက်ပွဲတွေကြောင့် မြို့ခံလူထုကဒုက္ခရောက်ကြတာတွေရှိတယ်။ လက်ရှိမှာက မောင်တောမြို့သိမ်းတိုက်ပွဲဖြစ်လာရင် မောင်တောမြို့ခံတွေက မြို့ထဲကနေ ဘယ်သွားလို့ဘယ်ပြေးရမလဲ မသိတဲ့အနေအထားဖြစ်နေတာပါ”ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးခိုင်သူရိန်က NP News ကိုပြောသည်။

ပြည်သူလူထု၏ဘဝများကို စာနာထောက်ထားသောအားဖြင့် မြို့တွင်းတိုက်ပွဲများဖော်ဆောင်မှုမပြုကြရန် ပဋိပက္ခ၌ ပါဝင်နေသူအားလုံးကို မေတ္တာရပ်ခံပါကြောင်း ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ “တိုက်ပွဲကာလတွေမှာ ပြည်သူတွေပြေလည်တယ်ဆိုတာမရှိပါဘူး။ ရခိုင်ပြည်ပြန်လည်ထူထောင်ဖို့တောင်မှ ဘယ်လိုပြောရမလဲမသိဘူး။ လက်ရှိမှာမြို့တွေက တော့တော်တော်ကို ရစရာမရှိအောင်ပျက်စီးသွားကြတာ။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့နေရာဖြစ်တဲ့အတွက် ပညာရေး၊ စားဝတ်နေရေးများစွာအခက်အခဲဖြစ်နိုင်တယ်။ တိုက်ပွဲတွေဖြစ်လာတဲ့အပေါ်မှာလည်း အစစအရာရာယိုယွင်းလာမှုတွေ၊ မတော်တရားမှုတွေနဲ့ ဥဒေစိုးမိုးမှုမရှိတာတွေ များစွာကြုံတွေနေရဦးမှာပါ”ဟု ၎င်းကဆိုသည်။

zawgyi version
ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရမ္းၿဗဲ၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ရွိၿမိဳ႕မ်ားမွ ျပည္သူမ်ား ၿမိဳ႕သိမ္းတိုက္ပြဲဒဏ္ကို အလူးအလဲခံစားေနၾကရဟု ALP ဆို

ပုံစာ - ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားေနထိုင္ေနရသည့္ ေနရာအခ်ိဳ႕ကိုေတြ႕ျမင္ရစဥ္

သန႔္ဇင္ (NP News) - ဇြန္ ၂၀

ရခိုင္ျပည္နယ္အတြင္းရွိ ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရမ္းၿဗဲ၊ ရေသ့ေတာင္ ႏွင့္ ဘူးသီးေတာင္ရွိၿမိဳ႕မ်ားမွ ျပည္သူမ်ား ၿမိဳ႕သိမ္းတိုက္ပြဲဒဏ္ကို အလူးအလဲခံစားေနၾကရေၾကာင္း ေမာင္ေတာၿမိဳ႕အေျခအေနႏွင့္ပတ္သက္၍ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)က ထုတ္ျပန္ခ်က္တြင္ ေရးသား ေဖာ္ျပထားသည္။

လက္ရွိတြင္ အထက္ပါၿမိဳ႕နယ္မ်ားအပါအဝင္ ရခိုင္ျပည္နယ္အတြင္းရွိ ေဒသအခ်ိဳ႕ကို AA အဖြဲ႕က သိမ္းပိုက္ထိန္းခ်ဳပ္ထားျခင္းျဖစ္သည္။ ရခိုင္ျပည္နယ္တြင္ ကာလရွည္ၾကာျဖစ္ပြားေနေသာစစ္ပြဲမ်ားေၾကာင့္ ျပည္သူမ်ားစြာအိုးမဲ့အိမ္မဲ့ျဖစ္ကာ ဒုကၡေရာက္လ်က္ရွိေနေၾကာင္း၊ ၿမိဳ႕သိမ္းတိုက္ပြဲမ်ား၏ ဒဏ္ကိုအလူးအလဲခံစားေနၾကရေသာ ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရမ္းၿဗဲ၊ ရေသ့ေတာင္ႏွင့္ ဘူးသီးေတာင္ၿမိဳ႕မ်ားမွ ျပည္သူမ်ားသည္လည္း လက္ရွိအခ်ိန္ထိ ေနရပ္မျပန္ႏိုင္ဘဲရွိေနေၾကာင္းႏွင့္ မိုးတြင္းရာသီ၌ ေနထိုင္စရာ၊ စားေသာက္ဖြယ္ရာမရွိေသာ ဘဝမ်ားကို ေနတိုင္းႀကဳံေတြ႕ေနၾကရကာ သံတြဲႏွင့္ ေတာင္ကုတ္တို႔တြင္လည္း ျပည္သူအခ်ိဳ႕ အခက္အခဲႀကဳံေတြ႕ေနရေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထပ္မံ၍ ေမာင္ေတာၿမိဳ႕အတြင္း၌ တိုက္ပြဲေခၚေဆာင္ရန္ ျပင္ဆင္ေနၾကသည္ကို ၾကားသိေနရသည့္အတြက္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီမွ မ်ားစြာစိတ္မခ်မ္းမသာျဖစ္ရေၾကာင္း၊ ေမာင္ေတာ္ၿမိဳ႕အတြင္း၌ ေနၾကသူမ်ားမွာ မြတ္စလင္မ်ားသက္သက္သာမဟုတ္ပဲ၊ ရခိုင္ဗုဒၶဘာသာမ်ား ႏွင့္ ဟိႏၵဴ၊ ဒိုင္းနက္စေသာ အျခားေသာလူမ်ိဳးစုမ်ားပါရွိေနၾကရာ ထိုေဒသ၌ အေျခစိုက္ေနထိုင္သူမ်ားအားလုံး ေဘးကင္းရန္အေရးႀကီးပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

“ကြၽန္ေတာ္တို႔ ထုတ္ျပန္ထားတာက ၿမိဳ႕တြင္းတိုက္ပြဲေတြမေဖာ္ေဆာင္ဖို႔ ေမတၱာရပ္ခံခ်က္ပါ။ ေမာင္ေတာၿမိဳ႕ဆိုတာက ရခိုင္လူမ်ိဳးေတြတင္ ေနတာမဟုတ္ဘူး။ မြတ္စလင္ေတြေကာ၊ ဟိႏၵဴေတြေကာ၊ ဒိုးနက္ေတြနဲ႔ အျခားလူမ်ိဳးေတြ လူမ်ိဳးေပါင္းစုံေနထိုင္တဲ့ေနရာ ျဖစ္တယ္။ ေရွ႕မွာလည္း ၿမိဳ႕သိမ္းတိုက္ပြဲေတြေၾကာင့္ ၿမိဳ႕ခံလူထုကဒုကၡေရာက္ၾကတာေတြရွိတယ္။ လက္ရွိမွာက ေမာင္ေတာၿမိဳ႕သိမ္းတိုက္ပြဲျဖစ္လာရင္ ေမာင္ေတာၿမိဳ႕ခံေတြက ၿမိဳ႕ထဲကေန ဘယ္သြားလို႔ဘယ္ေျပးရမလဲ မသိတဲ့အေနအထားျဖစ္ေနတာပါ”ဟု ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္သည့္ ဗိုလ္မႉးခိုင္သူရိန္က NP News ကိုေျပာသည္။

ျပည္သူလူထု၏ဘဝမ်ားကို စာနာေထာက္ထားေသာအားျဖင့္ ၿမိဳ႕တြင္းတိုက္ပြဲမ်ားေဖာ္ေဆာင္မႈမျပဳၾကရန္ ပဋိပကၡ၌ ပါဝင္ေနသူအားလုံးကို ေမတၱာရပ္ခံပါေၾကာင္း ရခိုင္ျပည္လြတ္ ေျမာက္ေရးပါတီ (ALP)၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ “တိုက္ပြဲကာလေတြမွာ ျပည္သူေတြေျပလည္တယ္ဆိုတာမရွိပါဘူး။ ရခိုင္ျပည္ျပန္လည္ထူေထာင္ဖို႔ေတာင္မွ ဘယ္လိုေျပာရမလဲမသိဘူး။ လက္ရွိမွာၿမိဳ႕ေတြက ေတာ့ေတာ္ေတာ္ကို ရစရာမရွိေအာင္ပ်က္စီးသြားၾကတာ။ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်ေနတဲ့ေနရာျဖစ္တဲ့အတြက္ ပညာေရး၊ စားဝတ္ေနေရးမ်ားစြာအခက္အခဲျဖစ္ႏိုင္တယ္။ တိုက္ပြဲေတြျဖစ္လာတဲ့အေပၚမွာလည္း အစစအရာရာယိုယြင္းလာမႈေတြ၊ မေတာ္တရားမႈေတြနဲ႔ ဥေဒစိုးမိုးမႈမရွိတာေတြ မ်ားစြာႀကဳံေတြေနရဦးမွာပါ”ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.