ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး အစိုးရအဖွဲ့ဝန်ကြီးရာထူးတွေက နုတ်ထွက်

 552

ဂျန်ဇက် (NP News) - ဇွန် ၂ဝ

ဖိလစ်ပိုင် ဒုတိယသမ္မတဆာရာဒူတာတေးဟာ အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက် ဇွန် ၁၉ ရက်မှာ ဖိလစ်ပိုင်အစိုးရအဖွဲ့ဝန်ကြီးရာထူးတွေကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာ နဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကြား ပြီးခဲ့တဲ့လအတွင်း အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက် ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးဟာ ရာထူးက ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟာ ဆာရာဒူတာတေးရဲ့ပညာရေးဝန်ကြီး၊ အကြမ်းသောင်းကျန်သူနှိမ်နှင်းရေးအဖွဲ့ ဒုတိယအကြီးအကဲ ရာထူးက နုတ်ထွက်ခြင်းကို လက်ခံခဲ့ကြောင်း သိရပါတယ်။

ဆာရာဒူတာတေးဟာ ရာထူးက နုတ်ထွက်တဲ့အကြောင်းကို ကြေညာခဲ့ပေမယ့် ဘာကြောင့်နုတ်ထွက်ရသလဲဆိုတဲ့အချက်ကို အသေးစိတ်သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ကြောင်း သိရပါတယ်။ ဆာရာဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတရာထူးအပြင် ပညာရေးဝန်ကြီး၊ အကြမ်းသောင်းကျန်သူနှိမ်နှင်းရေးအဖွဲ့ ဒုတိယအကြီးအကဲ၊ ရာထူးတွေပါ ရယူထားခြင်းဖြစ်ရာ ဒုတိယသမ္မတအဖြစ် ဆက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။

ဒူတာတေးက "ကျွန်မဟာ အားနည်းချက်တွေရှိလို့ နုတ်ထွက်တာမျိုး မဟုတ်ဘူး၊ ဆရာမတွေနဲ့ လူငယ်တွေ အတွက်တော့ အမှန်တကယ်ကို စိုးရိမ်ရတယ်" လို့ ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူများက ၎င်းနဲ့ သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာကြား နိုင်ငံရေးအမြင်တွေနဲ့ မူဝါဒ ပိုင်းဆိုင်ရာသဘောထားကွဲလွဲမှုတွေကြောင့် ပညာရေးဝန်ကြီးရာထူးက နုတ်ထွက်ခဲ့တာမျိုးဖြစ်တယ်လို့ ပြောပါ တယ်။ ဆာရာဒူတာတေးဟာ ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ သတင်းကြီးခဲ့ပေမယ့် သူမဟာ ဖာဒီနန် မာကိုစ့်ဂျူနီယာနဲ့ မဟာမိတ်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

ဖာဒီနန်မာကိုစ့်ဂျူနီယာဟာ သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း သမ္မတဟောင်းဒူတာတေး လက်ထက်က ချမှတ်ခဲ့တဲ့ တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုတွေ၊ ကွန်မြူနစ်လက်နက်ကိုင်အုပ်စုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာမူဝါဒတွေကို အပြောင်းအလဲလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ဒုတိယသမၼတ ဆာရာဒူတာေတး အစိုးရအဖြဲ႕ဝန္ႀကီးရာထူးေတြက ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - ဇြန္ ၂ဝ

ဖိလစ္ပိုင္ ဒုတိယသမၼတဆာရာဒူတာေတးဟာ အျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ ဇြန္ ၁၉ ရက္မွာ ဖိလစ္ပိုင္အစိုးရအဖြဲ႕ဝန္ႀကီးရာထူးေတြကေန ႏုတ္ထြက္ခဲ့တယ္လို႔ သိရပါတယ္။
ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာ နဲ႔ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးၾကား ၿပီးခဲ့တဲ့လအတြင္း အျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ ဒူတာေတးရဲ႕သမီးျဖစ္သူ ဆာရာဒူတာေတးဟာ ရာထူးက ထြက္သြားခဲ့တာျဖစ္ပါတယ္။ ဖိလစ္ပိုင္သမၼတဟာ ဆာရာဒူတာေတးရဲ႕ပညာေရးဝန္ႀကီး၊ အၾကမ္းေသာင္းက်န္သူႏွိမ္ႏွင္းေရးအဖြဲ႕ ဒုတိယအႀကီးအကဲ ရာထူးက ႏုတ္ထြက္ျခင္းကို လက္ခံခဲ့ေၾကာင္း သိရပါတယ္။

ဆာရာဒူတာေတးဟာ ရာထူးက ႏုတ္ထြက္တဲ့အေၾကာင္းကို ေၾကညာခဲ့ေပမယ့္ ဘာေၾကာင့္ႏုတ္ထြက္ရသလဲဆိုတဲ့အခ်က္ကို အေသးစိတ္သတင္းထုတ္ျပန္တာမ်ိဳး မရွိခဲ့ေၾကာင္း သိရပါတယ္။ ဆာရာဒူတာေတးဟာ ဖိလစ္ပိုင္သမၼတရာထူးအျပင္ ပညာေရးဝန္ႀကီး၊ အၾကမ္းေသာင္းက်န္သူႏွိမ္ႏွင္းေရးအဖြဲ႕ ဒုတိယအႀကီးအကဲ၊ ရာထူးေတြပါ ရယူထားျခင္းျဖစ္ရာ ဒုတိယသမၼတအျဖစ္ ဆက္ရွိမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒူတာေတးက "ကြၽန္မဟာ အားနည္းခ်က္ေတြရွိလို႔ ႏုတ္ထြက္တာမ်ိဳး မဟုတ္ဘူး၊ ဆရာမေတြနဲ႔ လူငယ္ေတြ အတြက္ေတာ့ အမွန္တကယ္ကို စိုးရိမ္ရတယ္" လို႔ ေျပာပါတယ္။
ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားက ၎နဲ႔ သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာၾကား ႏိုင္ငံေရးအျမင္ေတြနဲ႔ မူဝါဒ ပိုင္းဆိုင္ရာသေဘာထားကြဲလြဲမႈေတြေၾကာင့္ ပညာေရးဝန္ႀကီးရာထူးက ႏုတ္ထြက္ခဲ့တာမ်ိဳးျဖစ္တယ္လို႔ ေျပာပါ တယ္။ ဆာရာဒူတာေတးဟာ ၂၀၂၂ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရမယ္လို႔ သတင္းႀကီးခဲ့ေပမယ့္ သူမဟာ ဖာဒီနန္ မာကိုစ့္ဂ်ဴနီယာနဲ႔ မဟာမိတ္ဖြဲ႕စည္းခဲ့ေၾကာင္း သိရပါတယ္။

ဖာဒီနန္မာကိုစ့္ဂ်ဴနီယာဟာ သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း သမၼတေဟာင္းဒူတာေတး လက္ထက္က ခ်မွတ္ခဲ့တဲ့ ေတာင္တ႐ုတ္ပင္လယ္အေရးအျငင္းပြားမႈေတြ၊ ကြန္ျမဴနစ္လက္နက္ကိုင္အုပ္စုေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈဆိုင္ရာမူဝါဒေတြကို အေျပာင္းအလဲလုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.