တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်သူများဘက်မှ အမြဲရပ်တည်နေပြီး စီးပွားရေးနှင့် ပြည်သူ့အကျိုးပြုကိစ္စများတွင် ပံ့ပိုးပေးသွားမည်ဟုဆို

 1196

ယွန်း(NP News) - ဇွန် ၂၀

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်သူများဘက်မှ အမြဲရပ်တည်နေပြီး စီးပွားရေးနှင့် ပြည်သူ့အကျိုးပြုကိစ္စရပ်များတွင် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူး Mrs. Qiao Li က ဆိုထားသည်။

အဆိုပါစကားကို သံမှူး Mrs. Qiao Li က ဇွန်လ(၁၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့် အထိမ်း အမှတ်အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် တရုတ်သံမှူးက လွန်ခဲ့သည့် နှစ်ပေါင်း(၇၀)က တရုတ်-မြန်မာ ယခင်ခေါင်း ဆောင်များအတူတကွအဆိုပြုခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး မူကြီး(၅)ချက် သည် ယနေ့ခေတ်နိုင်ငံတကာဆက်ဆံရေးအခြေခံသတ်မှတ်ချက်နှင့် နိုင်ငံတကာဥပဒေအခြေခံမူဖြစ်ကြောင်း ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် အမြဲတစေ မြန်မာနိုင်ငံပြည်သူဘက်မှရပ်တည်နေပြီး မြန်မာနိုင်ငံ စီးပွားရေးနှင့် ပြည်သူ့အကျိုးပြုကိစ္စရပ်များတွင် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Mrs. Qiao Li က ဆက်လက်ပြောသည်။

အလားတူ တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက် အကူပြုသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mrs. Qiao Li နှင့် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏သမီး ဒေါ်သန်းသန်းနုတို့တက်ရောက်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အရပ်ဖက်အဖွဲ့အစည်းနှင့် ကုမ္ပဏီများ ၄၀ ကျော်၊ တတ်သိပညာရှင်များလည်း တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

zawgyi version
တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံျပည္သူမ်ားဘက္မွ အၿမဲရပ္တည္ေနၿပီး စီးပြားေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳကိစၥမ်ားတြင္ ပံ့ပိုးေပးသြားမည္ဟုဆို

ယြန္း(NP News) - ဇြန္ ၂၀

တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံျပည္သူမ်ားဘက္မွ အၿမဲရပ္တည္ေနၿပီး စီးပြားေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳကိစၥရပ္မ်ားတြင္ ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး၏ သံမႉး Mrs. Qiao Li က ဆိုထားသည္။

အဆိုပါစကားကို သံမႉး Mrs. Qiao Li က ဇြန္လ(၁၉)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ က်င္းပခဲ့သည့္ တ႐ုတ္ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္း၊ ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာ၊ ျမန္မာ-တ႐ုတ္ ပူးေပါင္းဆက္ဆံေရးဗဟိုအသင္း၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္တို႔က ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူႀကီး (၅)ခ်က္ထုတ္ျပန္ျခင္း ႏွစ္(၇၀)ျပည့္ အထိမ္း အမွတ္အခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အခမ္းအနားတြင္ တ႐ုတ္သံမႉးက လြန္ခဲ့သည့္ ႏွစ္ေပါင္း(၇၀)က တ႐ုတ္-ျမန္မာ ယခင္ေခါင္း ေဆာင္မ်ားအတူတကြအဆိုျပဳခဲ့သည့္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီး(၅)ခ်က္ သည္ ယေန႔ေခတ္ႏိုင္ငံတကာဆက္ဆံေရးအေျခခံသတ္မွတ္ခ်က္ႏွင့္ ႏိုင္ငံတကာဥပေဒအေျခခံမူျဖစ္ေၾကာင္း ေျပာသည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံသည္ အၿမဲတေစ ျမန္မာႏိုင္ငံျပည္သူဘက္မွရပ္တည္ေနၿပီး ျမန္မာႏိုင္ငံ စီးပြားေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳကိစၥရပ္မ်ားတြင္ ဆက္လက္ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း Mrs. Qiao Li က ဆက္လက္ေျပာသည္။

အလားတူ တ႐ုတ္ႏိုင္ငံသည္ အျပဳသေဘာေဆာင္ေသာ အခန္းက႑မွ ဆက္လက္ပါဝင္သြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလည္း အေထာက္ အကူျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ အခမ္းအနားသို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးမွသံမႉး Mrs. Qiao Li ႏွင့္ ျမန္မာႏိုင္ငံ၏ ပထမဆုံးဝန္ႀကီးခ်ဳပ္ ဦးႏု၏သမီး ေဒၚသန္းသန္းႏုတို႔တက္ေရာက္ခဲ့ၿပီး တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ အရပ္ဖက္အဖြဲ႕အစည္းႏွင့္ ကုမၸဏီမ်ား ၄၀ ေက်ာ္၊ တတ္သိပညာရွင္မ်ားလည္း တက္ေရာက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.