အဝေးသင်သင်တန်းများအတွက် ကျောင်းအပ်လက်ခံခြင်းကို ဇွန်လ (၂၈) ရက်အထိ လက်ခံ ဆောင်ရွက်ပေးမည်

 641

‌စော (NP News) - ဇွန် ၂၀

အဝေးသင်သင်တန်းများအတွက် ကျောင်းအပ်လက်ခံခြင်းကို ဇွန်လ (၂၈)ရက်နောက်ဆုံးထား ၍ ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက ယနေ့ (ဇွန်လ ၂၀ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ယခင်က အဝေးသင်တန်းများ ကျောင်းအပ်လက်ခံခြင်းကို မေလကုန်နောက်ဆုံးထားကာ ဆောင်ရွက်ရန် သတ်မှတ်ခဲ့သော်လည်း ဇွန်လ ၂၈ ရက်အထိ ဆက်လက်လက်ခံပေးရန် တိုးမြှင့်ပေးထားကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ကျောင်းအပ်လက်ခံခြင်းကို ဇွန်လ ၂၈ ရက်နေ့အထိ စနေ၊ တနင်္ဂနွေနေ့များမှအပ ကျန်ရက်များတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုပညာသင်နှစ်၊ ပထမနှစ် အဝေးသင်သင်တန်းကျောင်းအပ်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့နောက်ဆုံးထား၍ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဖေဖော်ဝါရီလ ၅ရက်နေ့မှ လာမည့် ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကို ဇွန်လ (၃)ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိတွင် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ကျောင်းနှင့်တက္ကသိုလ်အချို့ကို ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရသည်။

zawgyi version
အေဝးသင္သင္တန္းမ်ားအတြက္ ေက်ာင္းအပ္လက္ခံျခင္းကို ဇြန္လ (၂၈) ရက္အထိ လက္ခံ ေဆာင္႐ြက္ေပးမည္
‌ေစာ (NP News) - ဇြန္ ၂၀

အေဝးသင္သင္တန္းမ်ားအတြက္ ေက်ာင္းအပ္လက္ခံျခင္းကို ဇြန္လ (၂၈)ရက္ေနာက္ဆုံးထား ၍ ေဆာင္႐ြက္ရန္ ပညာေရးဝန္ႀကီးဌာနက ယေန႔ (ဇြန္လ ၂၀ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

ယခင္က အေဝးသင္တန္းမ်ား ေက်ာင္းအပ္လက္ခံျခင္းကို ေမလကုန္ေနာက္ဆုံးထားကာ ေဆာင္႐ြက္ရန္ သတ္မွတ္ခဲ့ေသာ္လည္း ဇြန္လ ၂၈ ရက္အထိ ဆက္လက္လက္ခံေပးရန္ တိုးျမႇင့္ေပးထားေၾကာင္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ အဆိုပါ ေက်ာင္းအပ္လက္ခံျခင္းကို ဇြန္လ ၂၈ ရက္ေန႔အထိ စေန၊ တနဂၤေႏြေန႔မ်ားမွအပ က်န္ရက္မ်ားတြင္ လက္ခံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ယခုပညာသင္ႏွစ္၊ ပထမႏွစ္ အေဝးသင္သင္တန္းေက်ာင္းအပ္လက္ခံျခင္းကို ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၂၆ ရက္မွ ၂၀၂၄ ခုႏွစ္၊ ဇြန္လ ၂၈ ရက္ေန႔ေနာက္ဆုံးထား၍ ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး ဒုတိယႏွစ္ႏွင့္အထက္ ေက်ာင္းဝင္မွတ္ပုံတင္ျခင္းကို ေဖေဖာ္ဝါရီလ ၅ရက္ေန႔မွ လာမည့္ ဇြန္လ ၂၈ ရက္ေန႔ ေနာက္ဆုံးထား၍ သက္ဆိုင္ရာတကၠသိုလ္ႏွင့္ ဒီဂရီေကာလိပ္မ်ားတြင္ ေဆာင္႐ြက္ၾကရန္ ပညာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား၊ တကၠသိုလ္ႏွင့္ ဒီဂရီေကာလိပ္မ်ားကို ဇြန္လ (၃)ရက္ေန႔တြင္ ေက်ာင္းမ်ားစတင္ဖြင့္လွစ္ခဲ့ေသာ္လည္း လက္ရွိတြင္ တိုက္ပြဲမ်ားေၾကာင့္ ျမန္မာႏိုင္ငံအတြင္းရွိ ေက်ာင္းႏွင့္တကၠသိုလ္အခ်ိဳ႕ကို ဖြင့္လွစ္ႏိုင္ျခင္းမရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.