ပြည်တွင်းဆန်စပါးဈေးနှုန်းအဆမတန် မြင့်တက်နေသည့်အတွက် ဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများအား ခေါ်ယူမေးမြန်းနေ
6230
သန့်ဇင် (NP News) - ဇွန် ၂၂
ပြည်တွင်းဆန်စပါးဈေးနှုန်းအဆမတန် မြင့်တက်နေသည့်အတွက် ဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများအား ခေါ်ယူမေးမြန်းနေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ယနေ့ (ဇွန်လ ၂၂ ရက်) ထုတ်ပြန်ချက်အရ သိရသည်။ ယခုရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်အတွင်း၌ ဆန်စပါးဈေးနှုန်းများအဆမတန်မြင့်တက်လျက်ရှိသည်။
ထိုသို့ ဆန်စပါးဈေးနှုန်းအဆမတန်မြင့်တက်လာခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား လိုအပ်သည်များ မေးမြန်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက ဆန်ဈေးနှုန်း ထုတ်ပြန်ကြေညာခဲ့ရာတွင် ဧည့်မထအုပ်စုတွင် ၂၅မှတ်ဆန်ကို ၇၀၀၀၀ ကျပ်မှ ၇၂၀၀၀ကျပ်၊ ၁၅မှတ်ဆန်ကို ၇၂၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်၊ ၁၀-၅မှတ်ဆန်ကို ၇၅၀၀၀ကျပ်မှ ၇၈၀၀၀ကျပ်နှင့် ရက် ၉၀၊ ပခန်း၊ အညာသားနှင့် အထူးဧည့်မထအုပ်စုများတွင် ၁၀-၅မှတ်ဆန်ကို ၈၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်ဟုလည်းကောင်း ဧရာမင်း၊ ဧရာဗဒေသာ(မြန်မာပြည်အထက်ပိုင်း)ဆန်များတွင် ၁၀-၅ မှတ်ဆန်ကို ၉၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ဟုလည်းကောင်း၊ ဧရာဝတီပေါ်ဆန်းများတွင် ၁၀-၅မှတ်ဆန်ကို ၁၁၀၀၀၀ကျပ်မှ ၁၂၀၀၀၀ကျပ်ဟုလည်းကောင်း၊ အခြားပေါ်ဆန်းများတွင် ၁၀-၅ မှတ်ဆန်ကို ၁၀၀၀၀၀ကျပ်မှ ၁၁၀၀၀၀ကျပ်ဟုလည်းကောင်း ဧရာဝတီကြားပျံ(ဘေးကြား၊ တောင်ပျံ)တွင် ၁၀-၅မှတ်ဆန်ကို ၁၂၀၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ်ဟုလည်းကောင်း ရွှေဘိုပေါ်ဆန်းတွင် ၁၀-၅မှတ်ဆန်ကို ၁၃၅၀၀၀ကျပ်မှ ၁၄၅၀၀၀ကျပ်ဟုလည်းကောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာခဲ့သော်လည်း ပြည်တွင်းစားသုံးသူဈေးကွက်အတွင်း၌ ဆန်ဈေးများ အဆမတန်မြင့်တက်လျက်ရှိကာ ဧည့်မထအုပ်စုတွင် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ၁၂၀၀၀၀ အထိပေါက်ဈေးရှိကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းစားသုံးကုန်ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းအဆမတန်မြင့်တက်နေခြင်းသာမက အခြားကုန်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိနေသည်။
zawgyi version
ျပည္တြင္းဆန္စပါးေဈးႏႈန္းအဆမတန္ ျမင့္တက္ေနသည့္အတြက္ ဆန္စပါးအသင္းခ်ဳပ္မွတာဝန္ရွိသူမ်ားအား ေခၚယူေမးျမန္းေန
သန႔္ဇင္ (NP News) - ဇြန္ ၂၂
ျပည္တြင္းဆန္စပါးေဈးႏႈန္းအဆမတန္ ျမင့္တက္ေနသည့္အတြက္ ဆန္စပါးအသင္းခ်ဳပ္မွတာဝန္ရွိသူမ်ားအား ေခၚယူေမးျမန္းေနေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕၏ ယေန႔ (ဇြန္လ ၂၂ ရက္) ထုတ္ျပန္ခ်က္အရ သိရသည္။ ယခုရက္ပိုင္းအတြင္း ျပည္တြင္းေဈးကြက္အတြင္း၌ ဆန္စပါးေဈးႏႈန္းမ်ားအဆမတန္ျမင့္တက္လ်က္ရွိသည္။
ထိုသို႔ ဆန္စပါးေဈးႏႈန္းအဆမတန္ျမင့္တက္လာျခင္းႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ားအား လိုအပ္သည္မ်ား ေမးျမန္းေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ၿပီးခဲ့သည့္ ရက္ပိုင္းက ဆန္ေဈးႏႈန္း ထုတ္ျပန္ေၾကညာခဲ့ရာတြင္ ဧည့္မထအုပ္စုတြင္ ၂၅မွတ္ဆန္ကို ၇၀၀၀၀ က်ပ္မွ ၇၂၀၀၀က်ပ္၊ ၁၅မွတ္ဆန္ကို ၇၂၀၀၀က်ပ္မွ ၇၅၀၀၀က်ပ္၊ ၁၀-၅မွတ္ဆန္ကို ၇၅၀၀၀က်ပ္မွ ၇၈၀၀၀က်ပ္ႏွင့္ ရက္ ၉၀၊ ပခန္း၊ အညာသားႏွင့္ အထူးဧည့္မထအုပ္စုမ်ားတြင္ ၁၀-၅မွတ္ဆန္ကို ၈၅၀၀၀က်ပ္မွ ၉၀၀၀၀က်ပ္ဟုလည္းေကာင္း ဧရာမင္း၊ ဧရာဗေဒသာ(ျမန္မာျပည္အထက္ပိုင္း)ဆန္မ်ားတြင္ ၁၀-၅ မွတ္ဆန္ကို ၉၅၀၀၀ က်ပ္မွ ၁၀၀၀၀၀ က်ပ္ဟုလည္းေကာင္း၊ ဧရာဝတီေပၚဆန္းမ်ားတြင္ ၁၀-၅မွတ္ဆန္ကို ၁၁၀၀၀၀က်ပ္မွ ၁၂၀၀၀၀က်ပ္ဟုလည္းေကာင္း၊ အျခားေပၚဆန္းမ်ားတြင္ ၁၀-၅ မွတ္ဆန္ကို ၁၀၀၀၀၀က်ပ္မွ ၁၁၀၀၀၀က်ပ္ဟုလည္းေကာင္း ဧရာဝတီၾကားပ်ံ(ေဘးၾကား၊ ေတာင္ပ်ံ)တြင္ ၁၀-၅မွတ္ဆန္ကို ၁၂၀၀၀၀က်ပ္မွ ၁၃၀၀၀၀က်ပ္ဟုလည္းေကာင္း ေ႐ႊဘိုေပၚဆန္းတြင္ ၁၀-၅မွတ္ဆန္ကို ၁၃၅၀၀၀က်ပ္မွ ၁၄၅၀၀၀က်ပ္ဟုလည္းေကာင္း အသီးသီးထုတ္ျပန္ေၾကညာခဲ့သည္။
ထိုသို႔ ထုတ္ျပန္ေၾကညာခဲ့ေသာ္လည္း ျပည္တြင္းစားသုံးသူေဈးကြက္အတြင္း၌ ဆန္ေဈးမ်ား အဆမတန္ျမင့္တက္လ်က္ရွိကာ ဧည့္မထအုပ္စုတြင္ ၂၄ ျပည္ဆန္တစ္အိတ္လွ်င္ ၁၂၀၀၀၀ အထိေပါက္ေဈးရွိေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္တြင္းစားသုံးကုန္ေဈးကြက္အတြင္း၌ ဆန္ေဈးႏႈန္းအဆမတန္ျမင့္တက္ေနျခင္းသာမက အျခားကုန္ေဈးႏႈန္းမ်ားလည္း ျမင့္တက္လ်က္ရွိေနသည္။