လမ်းသွယ်(၁၆)လမ်းပါရှိတဲ့ အာဂျင်တီးနားနိုင်ငံမှ ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကျယ်ဆုံးရိပ်သာလမ်း

 203

Pika (NP News) - ဇွန် ၂၃

အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ရှိ Avenida 9 de Julio လမ်းသည် အကျယ်(၁၄၀)မီ တာခန့်ရှိပြီး ကမ္ဘာပေါ်တွင် အကျယ်ဆုံး ရိပ်သာလမ်း တစ်ခုအဖြစ် ဂင်းနစ်စံချိန်တင်ထားကြောင်းသိရသည်။

အဆိုပါလမ်းတွင် စုစုပေါင်းလမ်းသွယ် (၁၆)လမ်းပါရှိပြီး လမ်းတစ်ဖက်မှတစ်ဖက်သို့ကူးကာ သွားလာရန် အတွက် အချိန်အတော်ယူရ ကြောင်းသိရသည်။ Avenida 9 de Julio လမ်း၏ သမိုင်းကြောင်းကို လိုက်လံကြည့်ရှုမည် ဆိုလျှင် အာဂျင်တီးနားနိုင်ငံ၏ ကြီးမြတ်သောနေ့ရက်များကို ပြန်လည်ရောက်ရှိသွားမည်လည်းဖြစ်သည်။

Buenos Aires မြို့ကို တောင်အမေရိ က၏ပဲရစ်မြို့ဟု ခေါ်တွင်သောကြောင့် ဒေသတွင်း အာဏာပိုင်များသည် ပဲရစ်မြို့၏ Champs Elysee ရိပ်သာလမ်းကဲ့သို့သော အထင်ကရနေရာတစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ အာဏာပိုင်များသည် ပိုမိုကောင်းမွန် သော အထင်ကြီးစရာ အရာတစ်ခုကို ဖန်တီးချင်ကြသောကြောင့် နာမည် ကြီးပြင်သစ်လမ်း၏ အကျယ်နှစ်ဆရှိသော လမ်းမကြီး ကိုတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါလမ်းစီမံကိန်းကို ပြီးစီးရန်အတွက် ရာစုနှစ်တစ်ဝက်နီးပါးကြာ အချိန်ယူရမည်ဖြစ်ပြီး ၁၉၈၀ ခုနှစ်တွင် Avenida 9 de Julio လမ်းကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ကြောင်းသိရသည်။

Avenida 9 de Julio လမ်းသည် ကမ္ဘာပေါ်တွင်အကျယ်ဆုံးရိပ်သာလမ်းတစ်ခုအဖြစ် ဂင်းနစ်စံချိန်ကို ကိုင်ဆောင်ထားဆဲဖြစ်သည်။ မြို့ကြီးတစ်ခု၏ အလယ်ဗဟိုတွင် အခြားလမ်းများထက် ပိုမိုကျယ်သော လမ်းတစ်ခုကို တည်ဆောက်ရန်အတွက် နေရာလုံလောက်အောင် ဖန်တီးခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး မြို့ပြဧရိယာ၏ စတုရန်း မီတာ (၆၀ဝဝဝ) ကို ဖြိုဖျက်ခဲ့ရကြောင်းလည်းသိရသည်။

အဆိုပါလမ်း၏ ပထမပိုင်းကို အပြီးသတ်ရန်အတွက် ထောင်နဲ့ချီသောနေထိုင်သူများကို ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။ Ave nida 9 de Julio လမ်းသည် ၁၉၈၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့သည့်အချိန် အတိုင်း အသွားအလာများ ရှုပ် ထွေးနေဆဲဖြစ်သည်။ Avenida 9 de Julio လမ်းတွင် လမ်းသွယ်(၁၆)ခုအပြင် အများ ပြည်သူသယ် ယူပို့ဆောင်ရေး ဘတ်စကားများအတွက် နောက်ထပ်(၄)လမ်း၊ ဗဟိုလူသွားလမ်းနှင့် ကားလမ်းများ ကြားတွင် လူသွားစင်္ကြံန်အနည်းဆုံး(၇)ခုရှိပြီး ဖြတ်သန်းရန် အချိန်အတော်ကြာကြောင်းလည်းသိရသည်။ TikToker တစ်ဦးသည် Avenida 9 de Julio လမ်းကို ဖြတ်ကူးနေသည့် ဗီဒီယိုကို မကြာသေးမီက ရိုက်ကူးခဲ့ ဖူးကြောင်းသိရသည်။ ၎င်းသည် အဆိုပါလမ်းကိုဖြတ်ကူးရန်အတွက် (၄)မိနစ်နှင့် (၁၇)စက္ကန့်ကြာခဲ့ပြီး နှိုင်းယှဉ်မှုများ လုပ်ဆောင်မည်ဆိုပါက ပုံမှန်လမ်းတစ်ခုကို ဖြတ်ကူးရန်အတွက် (၂၅)စက္ကန့်သာကြာကြောင်းသိရသည်။

zawgyi version
လမ္းသြယ္(၁၆)လမ္းပါရွိတဲ့ အာဂ်င္တီးနားႏိုင္ငံမွ ဂင္းနစ္စံခ်ိန္တင္ ကမာၻ႔အက်ယ္ဆုံးရိပ္သာလမ္း
Pika (NP News) - ဇြန္ ၂၃

အာဂ်င္တီးနားႏိုင္ငံ Buenos Aires ၿမိဳ႕ရွိ Avenida 9 de Julio လမ္းသည္ အက်ယ္(၁၄၀)မီ တာခန႔္ရွိၿပီး ကမာၻေပၚတြင္ အက်ယ္ဆုံး ရိပ္သာလမ္း တစ္ခုအျဖစ္ ဂင္းနစ္စံခ်ိန္တင္ထားေၾကာင္းသိရသည္။

အဆိုပါလမ္းတြင္ စုစုေပါင္းလမ္းသြယ္ (၁၆)လမ္းပါရွိၿပီး လမ္းတစ္ဖက္မွတစ္ဖက္သို႔ကူးကာ သြားလာရန္ အတြက္ အခ်ိန္အေတာ္ယူရ ေၾကာင္းသိရသည္။ Avenida 9 de Julio လမ္း၏ သမိုင္းေၾကာင္းကို လိုက္လံၾကည့္ရႈမည္ ဆိုလွ်င္ အာဂ်င္တီးနားႏိုင္ငံ၏ ႀကီးျမတ္ေသာေန႔ရက္မ်ားကို ျပန္လည္ေရာက္ရွိသြားမည္လည္းျဖစ္သည္။

Buenos Aires ၿမိဳ႕ကို ေတာင္အေမရိ က၏ပဲရစ္ၿမိဳ႕ဟု ေခၚတြင္ေသာေၾကာင့္ ေဒသတြင္း အာဏာပိုင္မ်ားသည္ ပဲရစ္ၿမိဳ႕၏ Champs Elysee ရိပ္သာလမ္းကဲ့သို႔ေသာ အထင္ကရေနရာတစ္ခုကို တည္ေဆာက္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ သည္။ အာဏာပိုင္မ်ားသည္ ပိုမိုေကာင္းမြန္ ေသာ အထင္ႀကီးစရာ အရာတစ္ခုကို ဖန္တီးခ်င္ၾကေသာေၾကာင့္ နာမည္ ႀကီးျပင္သစ္လမ္း၏ အက်ယ္ႏွစ္ဆရွိေသာ လမ္းမႀကီး ကိုတည္ေဆာက္ရန္ ဆုံးျဖတ္ခဲ့ၾကသည္။ အဆိုပါလမ္းစီမံကိန္းကို ၿပီးစီးရန္အတြက္ ရာစုႏွစ္တစ္ဝက္နီးပါးၾကာ အခ်ိန္ယူရမည္ျဖစ္ၿပီး ၁၉၈၀ ခုႏွစ္တြင္ Avenida 9 de Julio လမ္းကို ေအာင္ျမင္စြာတည္ေဆာက္ႏိုင္ခဲ့ေၾကာင္းသိရသည္။

Avenida 9 de Julio လမ္းသည္ ကမာၻေပၚတြင္အက်ယ္ဆုံးရိပ္သာလမ္းတစ္ခုအျဖစ္ ဂင္းနစ္စံခ်ိန္ကို ကိုင္ေဆာင္ထားဆဲျဖစ္သည္။ ၿမိဳ႕ႀကီးတစ္ခု၏ အလယ္ဗဟိုတြင္ အျခားလမ္းမ်ားထက္ ပိုမိုက်ယ္ေသာ လမ္းတစ္ခုကို တည္ေဆာက္ရန္အတြက္ ေနရာလုံေလာက္ေအာင္ ဖန္တီးျခင္းသည္ စိန္ေခၚမႈတစ္ခုျဖစ္ၿပီး ၿမိဳ႕ျပဧရိယာ၏ စတုရန္း မီတာ (၆၀ဝဝဝ) ကို ၿဖိဳဖ်က္ခဲ့ရေၾကာင္းလည္းသိရသည္။

အဆိုပါလမ္း၏ ပထမပိုင္းကို အၿပီးသတ္ရန္အတြက္ ေထာင္နဲ႔ခ်ီေသာေနထိုင္သူမ်ားကို ေ႐ႊ႕ေျပာင္းမႈမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္းသိရသည္။ Ave nida 9 de Julio လမ္းသည္ ၁၉၈၀ ျပည့္ႏွစ္က စတင္ဖြင့္လွစ္ခဲ့သည့္အခ်ိန္ အတိုင္း အသြားအလာမ်ား ရႈပ္ ေထြးေနဆဲျဖစ္သည္။ Avenida 9 de Julio လမ္းတြင္ လမ္းသြယ္(၁၆)ခုအျပင္ အမ်ား ျပည္သူသယ္ ယူပို႔ေဆာင္ေရး ဘတ္စကားမ်ားအတြက္ ေနာက္ထပ္(၄)လမ္း၊ ဗဟိုလူသြားလမ္းႏွင့္ ကားလမ္းမ်ား ၾကားတြင္ လူသြားစႀကႍန္အနည္းဆုံး(၇)ခုရွိၿပီး ျဖတ္သန္းရန္ အခ်ိန္အေတာ္ၾကာေၾကာင္းလည္းသိရသည္။ TikToker တစ္ဦးသည္ Avenida 9 de Julio လမ္းကို ျဖတ္ကူးေနသည့္ ဗီဒီယိုကို မၾကာေသးမီက ႐ိုက္ကူးခဲ့ ဖူးေၾကာင္းသိရသည္။ ၎သည္ အဆိုပါလမ္းကိုျဖတ္ကူးရန္အတြက္ (၄)မိနစ္ႏွင့္ (၁၇)စကၠန႔္ၾကာခဲ့ၿပီး ႏႈိင္းယွဥ္မႈမ်ား လုပ္ေဆာင္မည္ဆိုပါက ပုံမွန္လမ္းတစ္ခုကို ျဖတ္ကူးရန္အတြက္ (၂၅)စကၠန႔္သာၾကာေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.