ဆော်ဒီအာရေးဗီးယားက ငွေပေးချေမှုစနစ်သစ်တွင် ပါဝင်လာ

 2898

Htay Oung (NP News) - ဇွန် ၂၃

ဆော်ဒီအာရေဗျနိုင်ငံက mBridge ပရောဂျက် ငွေပေးချေမှုအစီအစဉ်မှာ ပူးပေါင်းပါဝင်လာခြင်းနဲ့ နယ်စပ်ဖြတ် ကျော် ငွေပေးချေမှုများအတွက် CBDCs စနစ် အသုံးပြုလာခြင်းဟာ ကမ္ဘာ့ဘဏ္ဍာရေး အခင်းအကျင်းမှာ သိသာ ထင်ရှားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာတယ်လို့ “မန်းနီး_ဒစ်ပလိုမေစီ” ၂ဝ၂၄ ခုနှစ် ဇွန်လ ၂ဝ ရက်မှာ ရေးသားခဲ့ ပါတယ်။
အချိန်နဲ့တစ်ပြေးညီနယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများအတွက် နိုင်ငံခြားငွေလွှဲပြောင်းမှုများမှာ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ပြီး နိုင်ငံအစိုးရများ ဖန်တီးထားတဲ့ ငွေပေးငွေယူ လုပ်ငန်းစဉ်ကို mBridge လို့ ခေါ်ပါ တယ်။ ၂၀၂၁ ခုနှစ်မှာ ဟောင်ကောင်၊ ထိုင်း၊ ယူအေအီး၊ တရုတ်နိုင်ငံတို့ရဲ့ဗဟိုဘဏ်များနဲ့ နိုင်ငံတကာဗဟို ဘဏ်များပါဝင်တဲ့ BIS အဖွဲ့အစည်းတို့က ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ CBDC ဆိုတာ ရွှေ (သို့မဟုတ်) ငွေသားတို့လို ရုပ်ပိုင်းဆိုင်ရာတစ်ခုခုအပေါ် ကျောထောက်နောက်ခံပြုခြင်းမရှိပဲ နိုင်ငံတစ်နိုင်ငံရဲ့ဗဟိုဘဏ်က အသုံးပြုနိုင်တဲ့ “ဗဟိုဘဏ်ဒစ်ဂျစ် တယ်ငွေကြေး” ဖြစ်ပါတယ်။ CBDC ရဲ့ ဖြစ်စဉ်အပြောင်းအလဲအပေါ် ကမ္ဘာ့နိုင်ငံ အများအပြားတို့က စိတ်ဝင်စားစွာ လေ့လာနေကြပြီး ရေနံအရောင်းအဝယ်ပြုလုပ်ရာမှာ အသုံးတည့်နိုင်တဲ့ အဲဒီ ငွေကြေးစနစ်ကို လူကြိက်များလာပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာငွေကို အသုံးပြုပြီး ငွေပေးငွေယူ မှုလျော့ချရေးအကူးအပြောင်းအတွက် အလားအလာတစ်ခုဖြစ်နေပါတယ်။

အခြားတစ်ဖက်မှာလည်း ဆော်ဒီအာရေးဗီးယားနဲ့ တရုတ်တို့အကြား ခိုင်မာတဲ့ကုန်သွယ်ဆက်ဆံရေးကြောင့် ဖြစ်ပေါ်နေတဲ့ Petroyuan “ရေနံယွမ်” ခေါ် “ပက်ထရိုယွမ်” ဟာ ရေနံဈေးကွက်မှာ အမေရိကန်ဒေါ်လာ လွှမ်းမိုးမှု ကို စိန်ခေါ်ရန် အသင့်ရှိနေပါတယ်။ နိုင်ငံတကာငွေပေးငွေယူများအတွက် CBDCs စနစ်ကို အသုံးပြုခြင်းဟာ ထိရောက်မှုနဲ့ မြန်ဆန်မှုကို ပေးစွမ်းနိုင်ယုံသာမက SWIFT လို့ခေါ်တဲ့ အနောက်အုပ်စုဦးဆောင် ဘဏ်အချင်းချင်း ငွေပေးငွေယူ လက်ဝါးကြီးအုပ်မှုကို ကျော်တက်နေပါတယ်။ နယ်စပ်ဖြတ်ကျော်ငွေပေးချေပြုလုပ်ရာမှာ အတားအဆီးများကို ချိုးဖျက်လိုက်ခြင်းဖြင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို အသွင်သစ် ပြန်လည်ပုံဖော်ဖို့ ရှိနေပါတယ်။

mBridge ကို အနိမ့်ဆုံး လွှဲပြောင်းအသုံးပြုနိုင်တဲ့ကြားခံဝတ္တုအဆင့်အဖြစ် သတ်မှတ်ခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ ကုန်သွယ်မှုစနစ်ဟာ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို တော်လှန်ပစ်လိုက်ယုံမက CBDC လွှဲပြောင်းမှု ခေတ်သစ်အတွက် ပလက်ဖောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ နိုင်ငံအတော်များများတို့ဟာ CBDCs များကို လက်ခံပြီး mBridge တို့လို ပလက်ဖောင်းများ ပါဝင်လာသည်နှင့်အမျှ၊ ကမ္ဘာ့ဘဏ္ဍာရေးအခင်းအကျင်းမှာ သိသာထင်ရှားတဲ့ အသွင်ကူးပြောင်းမှုကို ဖြစ်ပေါ်လာပါလိမ့််မယ်။

ရေနံအရောင်းအဝယ်ကိစ္စတွေမှာ ဒစ်ဂျစ်တယ် ယွမ်ငွေကို အသုံးပြုခြင်းဟာ ကမ္ဘာ့ဈေးကွက်များမှာ အမေရိကန် ဒေါ်လာရဲ့ ဝယ်လိုအားကို လျော့ကျစေပြီး ကမ္ဘာ့ အဓိက အရန်ငွေကြေးအဖြစ် ဒေါ်လာအသုံးပြုမှုနဲ့တဖြည်းဖြည်း ဝေးကွာသွားစေပါတယ်။ ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးအဖြစ် ဒေါ်လာငွေ အသုံးပြုမှုလျော့ကျလာတဲ့ အတွက် အမေရိကန်အစိုးရအနေနဲ့ အတိုးနှုန်းသက်သာစွာ ငွေချေးယူနိုင်ပြီး ဒေါ်လာတန်ဖိုးကို ပံ့ပိုးကူညီရာ ရောက်ရှိပြီး အမေရိကန်ရဲ့စီးပွားရေးအပေါ်သိသာထင်ရှားတဲ့သက်ရောက်မှုများရှိလာနိုင်ပါတယ်။

“ပက်ထရိုယွမ်” (သို့မဟုတ်) ရေနံအရောင်းအဝယ်ကိစ္စတွေမှာ တရုတ်ယွမ်ငွေကို အသုံးပြုခြင်းဟာ ရေနံဈေး ကွက်မှာ အမေရိကန်ဒေါ်လာလွှမ်းမိုးမှုကို စိန်ခေါ်နေပါတယ်။ ကမ္ဘာ့ရေနံအများဆုံးတင်သွင်းသူဖြစ်တဲ့ တရုတ် နိုင်ငံဟာ ကမ္ဘာ့ရေနံဈေးကွက်အပေါ် သိသာထင်ရှားတဲ့ သြဇာလွှမ်းမိုးမှုရှိနေတာက အမှန်ပဲဖြစ်ပါတယ်။ ယွမ် ငွေကြေး အသုံးပြုပြီး ရေနံအရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် တရုတ်အနေနဲ့ဒေါ်လာအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်ပြီး သူ့ကိုယ်ပိုင်ငွေကြေးကို နိုင်ငံတကာအရောက် ဖြန့်ကြက်နိုင်ဖွယ် ရှိပါတယ်။

နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများပြုလုပ်ရာမှာ mBridge စနစ်ဟာ လုံခြုံပြီး ထိရောက်တဲ့ပလပ်ဖောင်းတစ်ခု အဖြစ် အထောက်အကူပြုခြင်းအားဖြင့် အဆိုပါ ငွေပေးငွေယူမှုများကို လွယ်ကူချောမွေ့စေရန် အရေးကြီး အခန်း ကဏ္ဍမှ ပါဝင်ပါတယ်။ mBridge ကို အသုံးပြုခြင်းဟာ နိုင်ငံများအနေနဲ့ သမားရိုးကျ ဘဏ်လုပ်ငန်းစနစ်ကို ဖြတ်ကျော်ပြီး နိုင်ငံအချင်းချင်း တိုက်ရိုက်ငွေပေးငွေယူပြုလုပ်နိုင်ပါတယ်။ ငွေကြေးတစ်ခုနဲ့တစ်ခု လဲလှယ်နေစရာ မလိုတော့ပဲ ကုန်ကျစရိတ်များကို လျှော့ချနိုင်တဲ့အတွက် ထိရောက်မှုတိုးမြင့်လာနိုင်ပါတယ်။
ယေဘုယျအားဖြင့် mBridge ပက်ထရိုယွမ်နဲ့ ဒေါ်လာလွှမ်းမိုးမှုလျှော့ချခြင်းတို့ဟာ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေး စနစ်ကို ပြန်လည်ပုံဖော်နိုင်ဖို့် အပြန်အလှန်ဆက်နွယ်နေတဲ့ ခေတ်ရေစီးကြောင်းများပဲဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာဟာ တွက်ချက်မှန်းဆနိုင်တဲ့ အနာဂတ်အတွက် လွှမ်းမိုးနိုင်တဲ့ငွေကြေးအဖြစ် ဆက်လက်တည်ရှိနေနိုင်ပေ မယ့် ဒစ်ဂျစ်တယ်ငွေကြေးများနဲ့ အစားထိုးငွေပေးချေမှုစနစ်များ မြင့်တက်လာခြင်းက ရေရှည်မှာ ဒေါ်လာငွေ ကြီးစိုးလွှမ်းမိုးမှုကို ဆက်လက်စိန်ခေါ်နေမှာပဲဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပက်ထရိုယွမ်နဲ့ ဒေါ်လာအပေါ် မှီခိုမှုလျော့ကျခြင်းတို့ရဲ့နိုင်ငံတကာအပေါ် အကျိုးသက်ရောက်မှု ဖြစ်စဉ်ဟာ နှေးကွေးပြီး တစ်ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာနိုင်စရာရှိပေမယ့် အဲဒီဖြစ်စဉ်ကြောင့် ပထဝီနိုင်ငံရေး ဇာတ်ခုံမှာ သိသာထင်ရှားတဲ့ သက်ရောက်မှုများ ရှိလာပါလိမ့်မယ်။ mBridge၊ CBDC နဲ့ ဘရာဇီး-ရုရှား-အိန္ဒိယ-တရုတ်-တောင်အာဖရိနိုင်ငံများ ဦးဆောင် BRICS တိုင်းပြည်များအုပ်စုရဲ့မဟာမိတ်ဖွဲ့မှုကျယ်ပြန့်လာခြင်းများဟာ ကမ္ဘာ့အရန်ငွေကြေးအဖြစ် ဒေါ်လာလွှမ်းမိုးမှုကို နှောင့်ယှက်နေပါလိမ့်မယ်။
ကုန်သွယ်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာငွေကြေးလွှဲပြောင်းမှုများအတွက် နိုင်ငံများစွာတို့က ဒေါ်လာအစား အခြား ရွေးချယ်စရာများကို ရှာဖွေလာသည်နဲ့အမျှ အထူးသဖြင့် စီးပွားရေးအကျပ်အတည်းများ (သို့မဟုတ်) ကြိုတင်သိ မြင်နိုင်ခြင်းမရှိတဲ့ စီးပွားရေးထိတ်လန့်ဖွယ်ရာများနဲ့ ရင်ဆိုင်ရတဲ့အခါ ဒေါ်လာငွေကြေးမှ တဖြည်းဖြည်း ပြောင်း ရွေ့မှုက အရှိန်မြှင့်တက်လာပါလိမ့်မယ်။ ဒီနေရာမှာ ပြိုင်ဆိုင်မှုရဲ့စွမ်းအားနဲ့ ဖြစ်ပေါ်နေတဲ့အနေအထားအပေါ် အခွင့်အရေးယူ အနှောင့်ယှက်ပေးဖို့ အောက်ကြေးနဲ့ လိုက်မယ့်သူများရဲ့ ခြေလှမ်းကိုလည်း လျှော့မတွက်မိစေရန် အရေးကြီးပါတယ်။
ကမ္ဘာကို လွှမ်းမိုးချယ်လှယ်လျက်ရှိတဲ့ငွေကြေးအဖြစ် ဒေါ်လာရဲ့အနာဂတ်ဟာ တစ်ချိန်က အများထင်မှတ်ခဲ့ကြတဲ့ အတိုင်း အာမခံချက်မရှိနိုင်တော့ဘဲ mBridge နဲ့ CBDC မျိုးတို့လို အစားထိုးစနစ်များ ထွန်းကားလာခြင်းဟာ ကမ္ဘာ့ဘဏ္ဍာရေးအခင်းအကျင်းကို ပြန်လည်ပုံဖော်ရာမှာ အရေးကြီး အခန်းကဏ္ဍမှ ပါဝင်နေပါလိမ့်မယ်။

မူဝါဒချမှတ်သူများ၊ စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ အဲဒီအပြောင်းအလဲများနဲ့ လိုက်လျောညီထွေဖြစ်အောင် ထိန်းညှိရန်၊ ကမ္ဘာ့စီးပွားရေး အရွေ့များက ဘယ်ပုံဘယ်နည်း ပြောင်းလဲဖြစ်ပေါ်နေတယ်ဆိုတာ ကြိုတင်သိ မြင်တတ်ဖို့ အရေးကြီးပါတယ်။
#mBridge_ပရောဂျက် #BIS_အဖွဲ့ #CBDC #ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး #ပက်ထရိုယွမ် #SWIFT #BRICS
(Modern Diplomacy., 21 June 2024,” The Petroyuan is Born: Saudia Arabia Joins the mBridge CBDC Transfer System” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ေဆာ္ဒီအာေရးဗီးယားက ေငြေပးေခ်မႈစနစ္သစ္တြင္ ပါဝင္လာ
Htay Oung (NP News) - ဇြန္ ၂၃

ေဆာ္ဒီအာေရဗ်ႏိုင္ငံက mBridge ပေရာဂ်က္ ေငြေပးေခ်မႈအစီအစဥ္မွာ ပူးေပါင္းပါဝင္လာျခင္းနဲ႔ နယ္စပ္ျဖတ္ ေက်ာ္ ေငြေပးေခ်မႈမ်ားအတြက္ CBDCs စနစ္ အသုံးျပဳလာျခင္းဟာ ကမာၻ႔ဘ႑ာေရး အခင္းအက်င္းမွာ သိသာ ထင္ရွားတဲ့အေျပာင္းအလဲတစ္ခုျဖစ္လာတယ္လို႔ “မန္းနီး_ဒစ္ပလိုေမစီ” ၂ဝ၂၄ ခုႏွစ္ ဇြန္လ ၂ဝ ရက္မွာ ေရးသားခဲ့ ပါတယ္။
အခ်ိန္နဲ႔တစ္ေျပးညီနယ္စပ္ျဖတ္ေက်ာ္ေငြေပးေခ်မႈမ်ားအတြက္ ႏိုင္ငံျခားေငြလႊဲေျပာင္းမႈမ်ားမွာ အဆင္ေျပ ေခ်ာေမြ႕ေစရန္ ရည္႐ြယ္ၿပီး ႏိုင္ငံအစိုးရမ်ား ဖန္တီးထားတဲ့ ေငြေပးေငြယူ လုပ္ငန္းစဥ္ကို mBridge လို႔ ေခၚပါ တယ္။ ၂၀၂၁ ခုႏွစ္မွာ ေဟာင္ေကာင္၊ ထိုင္း၊ ယူေအအီး၊ တ႐ုတ္ႏိုင္ငံတို႔ရဲ႕ဗဟိုဘဏ္မ်ားနဲ႔ ႏိုင္ငံတကာဗဟို ဘဏ္မ်ားပါဝင္တဲ့ BIS အဖြဲ႕အစည္းတို႔က ပူးေပါင္းဖန္တီးခဲ့ျခင္းျဖစ္ပါတယ္။ CBDC ဆိုတာ ေ႐ႊ (သို႔မဟုတ္) ေငြသားတို႔လို ႐ုပ္ပိုင္းဆိုင္ရာတစ္ခုခုအေပၚ ေက်ာေထာက္ေနာက္ခံျပဳျခင္းမရွိပဲ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ဗဟိုဘဏ္က အသုံးျပဳႏိုင္တဲ့ “ဗဟိုဘဏ္ဒစ္ဂ်စ္ တယ္ေငြေၾကး” ျဖစ္ပါတယ္။ CBDC ရဲ႕ ျဖစ္စဥ္အေျပာင္းအလဲအေပၚ ကမာၻ႔ႏိုင္ငံ အမ်ားအျပားတို႔က စိတ္ဝင္စားစြာ ေလ့လာေနၾကၿပီး ေရနံအေရာင္းအဝယ္ျပဳလုပ္ရာမွာ အသုံးတည့္ႏိုင္တဲ့ အဲဒီ ေငြေၾကးစနစ္ကို လူႀကိက္မ်ားလာပါတယ္။ တစ္နည္းအားျဖင့္ အေမရိကန္ေဒၚလာေငြကို အသုံးျပဳၿပီး ေငြေပးေငြယူ မႈေလ်ာ့ခ်ေရးအကူးအေျပာင္းအတြက္ အလားအလာတစ္ခုျဖစ္ေနပါတယ္။

အျခားတစ္ဖက္မွာလည္း ေဆာ္ဒီအာေရးဗီးယားနဲ႔ တ႐ုတ္တို႔အၾကား ခိုင္မာတဲ့ကုန္သြယ္ဆက္ဆံေရးေၾကာင့္ ျဖစ္ေပၚေနတဲ့ Petroyuan “ေရနံယြမ္” ေခၚ “ပက္ထ႐ိုယြမ္” ဟာ ေရနံေဈးကြက္မွာ အေမရိကန္ေဒၚလာ လႊမ္းမိုးမႈ ကို စိန္ေခၚရန္ အသင့္ရွိေနပါတယ္။ ႏိုင္ငံတကာေငြေပးေငြယူမ်ားအတြက္ CBDCs စနစ္ကို အသုံးျပဳျခင္းဟာ ထိေရာက္မႈနဲ႔ ျမန္ဆန္မႈကို ေပးစြမ္းႏိုင္ယုံသာမက SWIFT လို႔ေခၚတဲ့ အေနာက္အုပ္စုဦးေဆာင္ ဘဏ္အခ်င္းခ်င္း ေငြေပးေငြယူ လက္ဝါးႀကီးအုပ္မႈကို ေက်ာ္တက္ေနပါတယ္။ နယ္စပ္ျဖတ္ေက်ာ္ေငြေပးေခ်ျပဳလုပ္ရာမွာ အတားအဆီးမ်ားကို ခ်ိဳးဖ်က္လိုက္ျခင္းျဖင့္ ႏိုင္ငံတကာဘ႑ာေရးစနစ္ကို အသြင္သစ္ ျပန္လည္ပုံေဖာ္ဖို႔ ရွိေနပါတယ္။

mBridge ကို အနိမ့္ဆုံး လႊဲေျပာင္းအသုံးျပဳႏိုင္တဲ့ၾကားခံဝတၱဳအဆင့္အျဖစ္ သတ္မွတ္ျခင္းျဖင့္ ျဖစ္ေပၚလာတဲ့ ကုန္သြယ္မႈစနစ္ဟာ နယ္စပ္ျဖတ္ေက်ာ္ ေငြေပးေခ်မႈမ်ားကို ေတာ္လွန္ပစ္လိုက္ယုံမက CBDC လႊဲေျပာင္းမႈ ေခတ္သစ္အတြက္ ပလက္ေဖာင္းတစ္ခုျဖစ္လာပါလိမ့္မယ္။ ႏိုင္ငံအေတာ္မ်ားမ်ားတို႔ဟာ CBDCs မ်ားကို လက္ခံၿပီး mBridge တို႔လို ပလက္ေဖာင္းမ်ား ပါဝင္လာသည္ႏွင့္အမွ်၊ ကမာၻ႔ဘ႑ာေရးအခင္းအက်င္းမွာ သိသာထင္ရွားတဲ့ အသြင္ကူးေျပာင္းမႈကို ျဖစ္ေပၚလာပါလိမ့္္မယ္။

ေရနံအေရာင္းအဝယ္ကိစၥေတြမွာ ဒစ္ဂ်စ္တယ္ ယြမ္ေငြကို အသုံးျပဳျခင္းဟာ ကမာၻ႔ေဈးကြက္မ်ားမွာ အေမရိကန္ ေဒၚလာရဲ႕ ဝယ္လိုအားကို ေလ်ာ့က်ေစၿပီး ကမာၻ႔ အဓိက အရန္ေငြေၾကးအျဖစ္ ေဒၚလာအသုံးျပဳမႈနဲ႔တျဖည္းျဖည္း ေဝးကြာသြားေစပါတယ္။ ဒါေပမယ့္ ကမာၻလုံးဆိုင္ရာ အရန္ေငြေၾကးအျဖစ္ ေဒၚလာေငြ အသုံးျပဳမႈေလ်ာ့က်လာတဲ့ အတြက္ အေမရိကန္အစိုးရအေနနဲ႔ အတိုးႏႈန္းသက္သာစြာ ေငြေခ်းယူႏိုင္ၿပီး ေဒၚလာတန္ဖိုးကို ပံ့ပိုးကူညီရာ ေရာက္ရွိၿပီး အေမရိကန္ရဲ႕စီးပြားေရးအေပၚသိသာထင္ရွားတဲ့သက္ေရာက္မႈမ်ားရွိလာႏိုင္ပါတယ္။

“ပက္ထ႐ိုယြမ္” (သို႔မဟုတ္) ေရနံအေရာင္းအဝယ္ကိစၥေတြမွာ တ႐ုတ္ယြမ္ေငြကို အသုံးျပဳျခင္းဟာ ေရနံေဈး ကြက္မွာ အေမရိကန္ေဒၚလာလႊမ္းမိုးမႈကို စိန္ေခၚေနပါတယ္။ ကမာၻ႔ေရနံအမ်ားဆုံးတင္သြင္းသူျဖစ္တဲ့ တ႐ုတ္ ႏိုင္ငံဟာ ကမာၻ႔ေရနံေဈးကြက္အေပၚ သိသာထင္ရွားတဲ့ ၾသဇာလႊမ္းမိုးမႈရွိေနတာက အမွန္ပဲျဖစ္ပါတယ္။ ယြမ္ ေငြေၾကး အသုံးျပဳၿပီး ေရနံအေရာင္းအဝယ္ျပဳလုပ္ျခင္းျဖင့္ တ႐ုတ္အေနနဲ႔ေဒၚလာအေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ႏိုင္ၿပီး သူ႔ကိုယ္ပိုင္ေငြေၾကးကို ႏိုင္ငံတကာအေရာက္ ျဖန႔္ၾကက္ႏိုင္ဖြယ္ ရွိပါတယ္။

နယ္စပ္ျဖတ္ေက်ာ္ ေငြေပးေခ်မႈမ်ားျပဳလုပ္ရာမွာ mBridge စနစ္ဟာ လုံၿခဳံၿပီး ထိေရာက္တဲ့ပလပ္ေဖာင္းတစ္ခု အျဖစ္ အေထာက္အကူျပဳျခင္းအားျဖင့္ အဆိုပါ ေငြေပးေငြယူမႈမ်ားကို လြယ္ကူေခ်ာေမြ႕ေစရန္ အေရးႀကီး အခန္း က႑မွ ပါဝင္ပါတယ္။ mBridge ကို အသုံးျပဳျခင္းဟာ ႏိုင္ငံမ်ားအေနနဲ႔ သမား႐ိုးက် ဘဏ္လုပ္ငန္းစနစ္ကို ျဖတ္ေက်ာ္ၿပီး ႏိုင္ငံအခ်င္းခ်င္း တိုက္႐ိုက္ေငြေပးေငြယူျပဳလုပ္ႏိုင္ပါတယ္။ ေငြေၾကးတစ္ခုနဲ႔တစ္ခု လဲလွယ္ေနစရာ မလိုေတာ့ပဲ ကုန္က်စရိတ္မ်ားကို ေလွ်ာ့ခ်ႏိုင္တဲ့အတြက္ ထိေရာက္မႈတိုးျမင့္လာႏိုင္ပါတယ္။
ေယဘုယ်အားျဖင့္ mBridge ပက္ထ႐ိုယြမ္နဲ႔ ေဒၚလာလႊမ္းမိုးမႈေလွ်ာ့ခ်ျခင္းတို႔ဟာ ကမာၻလုံးဆိုင္ရာဘ႑ာေရး စနစ္ကို ျပန္လည္ပုံေဖာ္ႏိုင္ဖို႔္ အျပန္အလွန္ဆက္ႏြယ္ေနတဲ့ ေခတ္ေရစီးေၾကာင္းမ်ားပဲျဖစ္ပါတယ္။ အေမရိကန္ ေဒၚလာဟာ တြက္ခ်က္မွန္းဆႏိုင္တဲ့ အနာဂတ္အတြက္ လႊမ္းမိုးႏိုင္တဲ့ေငြေၾကးအျဖစ္ ဆက္လက္တည္ရွိေနႏိုင္ေပ မယ့္ ဒစ္ဂ်စ္တယ္ေငြေၾကးမ်ားနဲ႔ အစားထိုးေငြေပးေခ်မႈစနစ္မ်ား ျမင့္တက္လာျခင္းက ေရရွည္မွာ ေဒၚလာေငြ ႀကီးစိုးလႊမ္းမိုးမႈကို ဆက္လက္စိန္ေခၚေနမွာပဲျဖစ္ပါတယ္။
နိဂုံးခ်ဳပ္အားျဖင့္ ပက္ထ႐ိုယြမ္နဲ႔ ေဒၚလာအေပၚ မွီခိုမႈေလ်ာ့က်ျခင္းတို႔ရဲ႕ႏိုင္ငံတကာအေပၚ အက်ိဳးသက္ေရာက္မႈ ျဖစ္စဥ္ဟာ ေႏွးေကြးၿပီး တစ္ျဖည္းျဖည္းခ်င္း ႐ုပ္လုံးေပၚလာႏိုင္စရာရွိေပမယ့္ အဲဒီျဖစ္စဥ္ေၾကာင့္ ပထဝီႏိုင္ငံေရး ဇာတ္ခုံမွာ သိသာထင္ရွားတဲ့ သက္ေရာက္မႈမ်ား ရွိလာပါလိမ့္မယ္။ mBridge၊ CBDC နဲ႔ ဘရာဇီး-႐ုရွား-အိႏၵိယ-တ႐ုတ္-ေတာင္အာဖရိႏိုင္ငံမ်ား ဦးေဆာင္ BRICS တိုင္းျပည္မ်ားအုပ္စုရဲ႕မဟာမိတ္ဖြဲ႕မႈက်ယ္ျပန႔္လာျခင္းမ်ားဟာ ကမာၻ႔အရန္ေငြေၾကးအျဖစ္ ေဒၚလာလႊမ္းမိုးမႈကို ေႏွာင့္ယွက္ေနပါလိမ့္မယ္။
ကုန္သြယ္မႈနဲ႔ ဘ႑ာေရးဆိုင္ရာေငြေၾကးလႊဲေျပာင္းမႈမ်ားအတြက္ ႏိုင္ငံမ်ားစြာတို႔က ေဒၚလာအစား အျခား ေ႐ြးခ်ယ္စရာမ်ားကို ရွာေဖြလာသည္နဲ႔အမွ် အထူးသျဖင့္ စီးပြားေရးအက်ပ္အတည္းမ်ား (သို႔မဟုတ္) ႀကိဳတင္သိ ျမင္ႏိုင္ျခင္းမရွိတဲ့ စီးပြားေရးထိတ္လန႔္ဖြယ္ရာမ်ားနဲ႔ ရင္ဆိုင္ရတဲ့အခါ ေဒၚလာေငြေၾကးမွ တျဖည္းျဖည္း ေျပာင္း ေ႐ြ႕မႈက အရွိန္ျမႇင့္တက္လာပါလိမ့္မယ္။ ဒီေနရာမွာ ၿပိဳင္ဆိုင္မႈရဲ႕စြမ္းအားနဲ႔ ျဖစ္ေပၚေနတဲ့အေနအထားအေပၚ အခြင့္အေရးယူ အေႏွာင့္ယွက္ေပးဖို႔ ေအာက္ေၾကးနဲ႔ လိုက္မယ့္သူမ်ားရဲ႕ ေျခလွမ္းကိုလည္း ေလွ်ာ့မတြက္မိေစရန္ အေရးႀကီးပါတယ္။
ကမာၻကို လႊမ္းမိုးခ်ယ္လွယ္လ်က္ရွိတဲ့ေငြေၾကးအျဖစ္ ေဒၚလာရဲ႕အနာဂတ္ဟာ တစ္ခ်ိန္က အမ်ားထင္မွတ္ခဲ့ၾကတဲ့ အတိုင္း အာမခံခ်က္မရွိႏိုင္ေတာ့ဘဲ mBridge နဲ႔ CBDC မ်ိဳးတို႔လို အစားထိုးစနစ္မ်ား ထြန္းကားလာျခင္းဟာ ကမာၻ႔ဘ႑ာေရးအခင္းအက်င္းကို ျပန္လည္ပုံေဖာ္ရာမွာ အေရးႀကီး အခန္းက႑မွ ပါဝင္ေနပါလိမ့္မယ္။

မူဝါဒခ်မွတ္သူမ်ား၊ စီးပြားေရးလုပ္ကိုင္သူမ်ားအေနနဲ႔ အဲဒီအေျပာင္းအလဲမ်ားနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ထိန္းညႇိရန္၊ ကမာၻ႔စီးပြားေရး အေ႐ြ႕မ်ားက ဘယ္ပုံဘယ္နည္း ေျပာင္းလဲျဖစ္ေပၚေနတယ္ဆိုတာ ႀကိဳတင္သိ ျမင္တတ္ဖို႔ အေရးႀကီးပါတယ္။
#mBridge_ပေရာဂ်က္ #BIS_အဖြဲ႕ #CBDC #ဗဟိုဘဏ္ဒစ္ဂ်စ္တယ္ေငြေၾကး #ပက္ထ႐ိုယြမ္ #SWIFT #BRICS
(Modern Diplomacy., 21 June 2024,” The Petroyuan is Born: Saudia Arabia Joins the mBridge CBDC Transfer System” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.