ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးလေးအဖြစ် Wild Thang အမည်ရှိ Pekingese အမျိုးအစားခွေးမှ ရရှိ
2646
ရောင်နီ (NP News) - ဇွန် ၂၄
ရှည်လျားတဲ့ အညိုရောင်နဲ့ အဖြူရောင် ရောနှောနေတဲ့ အမွှေးတွေအောက် မျက်လုံးပြူးပြူးနဲ့ ပန်းရောင်လျှာလေး တစ်လစ်ထွက်နေတဲ့ Pekingese အမျိုးအစား၊ Wild Thang အမည်ရှိ ခွေးလေးဟာ ၅ ကြိမ်တိုင်တိုင် ယှဉ်ပြိုင်ပြီးတဲ့နောက် ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးအဖြစ် သတ်မှတ်ခံရပါတယ်။
အမေရိကန်နိုင်ငံ၊ အော်ရီဂွန်မှာ နေထိုင်တဲ့ အသက် ၈ နှစ်အရွယ် Wild Thang ဟာ ဇွန်လ ၂၁ ရက်မှာ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးလေး ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဒီဆုအတွက် သူ့ရဲ့ ၅ ကြိမ်မြောက် ကြိုးစားမှုပဲဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ Wild Thang ရဲ့ဘဝဟာ ခက်ခဲခဲ့ပါတယ်။ သူဟာ အသက်ရှူလမ်းကြောင်း၊ အစာအိမ်နဲ့ အာရုံကြောစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုဒဏ်ကို ခံစားနေရပြီး ဆေးကုသနိုင်ခဲ့ပေမယ့် သွားတွေ မပေါက်တော့ဘဲ လျှာဟာလည်း အမြဲအပြင်ထွက်နေကာ ညာဘက်ခြေထောက်ဟာ အကြောလိုက်သလို ဖြစ်နေတာပါ။
Wild Thang ရဲ့ ဒီအောင်မြင်မှုမှာတော့ အခြား ခွေးအလှပြိုင်ပွဲတွေမှာ ဆုရရှိသူတွေပဲ သူ့ကို ချစ်ခင်နှစ်သက်သူတွေ များစွာရရှိခဲ့ပါတယ်။
ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးလေး Wild Thang ဟာ ဆုကြေးငွေ ဒေါ်လာ ၅၀၀၀ ရယူအိမ်ပြန်နိုင်ခဲ့ပြီး ဇွန်လ ၂၄ ရက် နံနက်ပိုင်းမှာလည်း NBC ရဲ့ Today show မှာ ပါဝင်လာဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
ကမာၻ႔႐ုပ္အဆိုးဆုံး ေခြးေလးအျဖစ္ Wild Thang အမည္ရွိ Pekingese အမ်ိဳးအစားေခြးမွ ရရွိ
ေရာင္နီ (NP News) - ဇြန္ ၂၄
ရွည္လ်ားတဲ့ အညိဳေရာင္နဲ႔ အျဖဴေရာင္ ေရာေႏွာေနတဲ့ အေမႊးေတြေအာက္ မ်က္လုံးျပဴးျပဴးနဲ႔ ပန္းေရာင္လွ်ာေလး တစ္လစ္ထြက္ေနတဲ့ Pekingese အမ်ိဳးအစား၊ Wild Thang အမည္ရွိ ေခြးေလးဟာ ၅ ႀကိမ္တိုင္တိုင္ ယွဥ္ၿပိဳင္ၿပီးတဲ့ေနာက္ ကမာၻ႔႐ုပ္အဆိုးဆုံးေခြးအျဖစ္ သတ္မွတ္ခံရပါတယ္။
အေမရိကန္ႏိုင္ငံ၊ ေအာ္ရီဂြန္မွာ ေနထိုင္တဲ့ အသက္ ၈ ႏွစ္အ႐ြယ္ Wild Thang ဟာ ဇြန္လ ၂၁ ရက္မွာ ကမာၻ႔႐ုပ္အဆိုးဆုံး ေခြးေလး ျဖစ္လာခဲ့ပါတယ္။ ဒါဟာ ဒီဆုအတြက္ သူ႔ရဲ႕ ၅ ႀကိမ္ေျမာက္ ႀကိဳးစားမႈပဲျဖစ္ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လိစ္မွာ ေမြးဖြားႀကီးျပင္းခဲ့တဲ့ Wild Thang ရဲ႕ဘဝဟာ ခက္ခဲခဲ့ပါတယ္။ သူဟာ အသက္ရႉလမ္းေၾကာင္း၊ အစာအိမ္နဲ႔ အာ႐ုံေၾကာစနစ္ကို တိုက္ခိုက္တဲ့ ဗိုင္းရပ္စ္ပိုး ကူးစက္မႈဒဏ္ကို ခံစားေနရၿပီး ေဆးကုသႏိုင္ခဲ့ေပမယ့္ သြားေတြ မေပါက္ေတာ့ဘဲ လွ်ာဟာလည္း အၿမဲအျပင္ထြက္ေနကာ ညာဘက္ေျခေထာက္ဟာ အေၾကာလိုက္သလို ျဖစ္ေနတာပါ။
Wild Thang ရဲ႕ ဒီေအာင္ျမင္မႈမွာေတာ့ အျခား ေခြးအလွၿပိဳင္ပြဲေတြမွာ ဆုရရွိသူေတြပဲ သူ႔ကို ခ်စ္ခင္ႏွစ္သက္သူေတြ မ်ားစြာရရွိခဲ့ပါတယ္။
ကမာၻ႔႐ုပ္အဆိုးဆုံးေခြးေလး Wild Thang ဟာ ဆုေၾကးေငြ ေဒၚလာ ၅၀၀၀ ရယူအိမ္ျပန္ႏိုင္ခဲ့ၿပီး ဇြန္လ ၂၄ ရက္ နံနက္ပိုင္းမွာလည္း NBC ရဲ႕ Today show မွာ ပါဝင္လာဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။