မြင်းခြံမြို့နယ်တွင် လူနာပို့၍ပြန်လာသည့် ပရဟိကားကို PDF အဖွဲ့က ပစ်ခတ်ခဲ့ရာ ဆရာတော်တစ်ပါးပျံလွန်တော်မူခဲ့ဟု နစကထုတ်ပြန်

 2338

NP News - ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် လူနာပို့၍ ပြန်လာသည့် ပရဟိကားကို PDF အဖွဲ့က ပစ်ခတ်ခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၂ရက်၊ ညသန်းခေါင်ယံ ၁၂ နာရီ ၁၅မိနစ်အချိန်တွင် မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာ၏ မြောက်ဘက်၊ ခြင်းခြံ-မကျီးသမျှားသွားကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြင်းခြံမြို့နယ်၊ စခမကျေးရွာတွင်နေထိုင်သည့် အသက်(၂၈)နှစ်အရွယ် မဝင့်ဝါအေးသည် ဗိုက်အောင့်ဝေဒနာခံစားနေရသည့်အတွက် အဆိုပါကျေးရွာ ရွာဦးကျောင်းရှိ လက်ထောက်ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဥတ္တမ၊ သတ်တော်(၅၀)၊ ဝါတော်(၁၂)ဝါသည် မြတ်ပုညပရဟိတအသင်း တံဆိပ်ပါ NOAH ကားကိုမောင်းနှင်၍ အဖော်အဖြစ် အသက်(၄၀)နှစ်အရွယ် ဦးအောင်မျိုးသောင်းကို ခေါ်ဆောင်ကာ မြင်းခြံမြို့သို့ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ထို့နောက် ဗိုက်အောင့်လူနာ မဝင့်ဝါအေးကို မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ၎င်း၏ဖခင်ဖြစ်သူ ဦးအေးသောင်းနေအိမ်သို့ပို့ဆောင်၍ စခမကျေးရွာသို့ ပြန်လည်ထွက်ခွာလာခဲ့ရာ အခင်း ဖြစ်နေရာအရောက်တွင် မောင်းနှင်လာသည့် ကား၏အမိုးပေါ်ရှိ လုံခြုံရေးမီးတန်း ပုံစံကို လုံခြုံရေးယာဉ်အဖြစ်မှားယွင်းကာ PDF အဖွဲ့က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်မျိုးသောင်း၏ ထွက်ဆိုချက်အရ သိရသည်ဟု နစကဘက်က ထုတ်ပြန်ထားသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆရာတော်ဘဒ္ဒန္တဥတ္တမတွင် ဝဲနံဘေးကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲချိုစောင်း ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာနောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်တို့ရရှိကာ ပျံလွန်တော်မူသွားခဲ့ပြီး ဦးအောင်မျိုးသောင်းတွင် ဝဲဒူးခေါင်းအထက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲနားနောက် ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ရရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် ပျံလွန်တော်မူခဲ့သည့် ဆရာတော်နှင့် ဒဏ်ရာရရှိသူအမျိုးသားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြင်းခြံမြို့၊ နယ်မြေခံ PDF အဖွဲ့ဖြစ်သော Myingyan Black Tiger အဖွဲ့က ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ၎င်းတို့သည် မြင်းခြံမြို့နှင့် အနီးနားတွင်မရှိသကဲ့သို့ ယခုရက်ပိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှုမရှိခဲ့ကြောင်း နှင့် စွပ်စွဲသူများအား လိုက်လံ စုံစမ်းပြီး အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြန်လည်ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

အကြမ်းဖက်သမားများ၏သတ်ဖြတ်မှုကြောင့် ဇွန်လ(၂၁)ရက်အထိ သံဃာတော်အပါး(၁၄၀) ပျံလွန်တော်မူထားရပြီး (၉၆)ပါးထက်မနည်းသည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြော ကြားထားသည်။

zawgyi version
ျမင္းၿခံၿမိဳ႕နယ္တြင္ လူနာပို႔၍ျပန္လာသည့္ ပရဟိကားကို PDF အဖြဲ႕က ပစ္ခတ္ခဲ့ရာ ဆရာေတာ္တစ္ပါးပ်ံလြန္ေတာ္မူခဲ့ဟု နစကထုတ္ျပန္
NP News - ဇြန္ ၂၄

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္တြင္ လူနာပို႔၍ ျပန္လာသည့္ ပရဟိကားကို PDF အဖြဲ႕က ပစ္ခတ္ခဲ့ရာ ဆရာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး အမ်ိဳးသားတစ္ဦး က်ည္ထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဇြန္လ ၂၂ရက္၊ ညသန္းေခါင္ယံ ၁၂ နာရီ ၁၅မိနစ္အခ်ိန္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ မက်ီးသမွ်ားေက်း႐ြာ၏ ေျမာက္ဘက္၊ ျခင္းၿခံ-မက်ီးသမွ်ားသြားကားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ျမင္းၿခံၿမိဳ႕နယ္၊ စခမေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၂၈)ႏွစ္အ႐ြယ္ မဝင့္ဝါေအးသည္ ဗိုက္ေအာင့္ေဝဒနာခံစားေနရသည့္အတြက္ အဆိုပါေက်း႐ြာ ႐ြာဦးေက်ာင္းရွိ လက္ေထာက္ေက်ာင္းထိုင္ဆရာေတာ္ဘဒၵႏၲဥတၱမ၊ သတ္ေတာ္(၅၀)၊ ဝါေတာ္(၁၂)ဝါသည္ ျမတ္ပုညပရဟိတအသင္း တံဆိပ္ပါ NOAH ကားကိုေမာင္းႏွင္၍ အေဖာ္အျဖစ္ အသက္(၄၀)ႏွစ္အ႐ြယ္ ဦးေအာင္မ်ိဳးေသာင္းကို ေခၚေဆာင္ကာ ျမင္းၿခံၿမိဳ႕သို႔ထြက္ခြာလာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဗိုက္ေအာင့္လူနာ မဝင့္ဝါေအးကို ျမင္းၿခံၿမိဳ႕၊ အမွတ္(၇)ရပ္ကြက္ရွိ ၎၏ဖခင္ျဖစ္သူ ဦးေအးေသာင္းေနအိမ္သို႔ပို႔ေဆာင္၍ စခမေက်း႐ြာသို႔ ျပန္လည္ထြက္ခြာလာခဲ့ရာ အခင္း ျဖစ္ေနရာအေရာက္တြင္ ေမာင္းႏွင္လာသည့္ ကား၏အမိုးေပၚရွိ လုံၿခဳံေရးမီးတန္း ပုံစံကို လုံၿခဳံေရးယာဥ္အျဖစ္မွားယြင္းကာ PDF အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဦးေအာင္မ်ိဳးေသာင္း၏ ထြက္ဆိုခ်က္အရ သိရသည္ဟု နစကဘက္က ထုတ္ျပန္ထားသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဆရာေတာ္ဘဒၵႏၲဥတၱမတြင္ ဝဲနံေဘးက်ည္ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္၊ ဝဲခ်ိဳေစာင္း က်ည္ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္၊ ယာေနာက္ေက်ာက်ည္ေဖာက္ဝင္ဒဏ္ရာ(၂)ခ်က္တို႔ရရွိကာ ပ်ံလြန္ေတာ္မူသြားခဲ့ၿပီး ဦးေအာင္မ်ိဳးေသာင္းတြင္ ဝဲဒူးေခါင္းအထက္ က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္၊ ဝဲနားေနာက္ ေပါက္ၿပဲဒဏ္ရာတစ္ခ်က္တို႔ရရွိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့သည့္ ဆရာေတာ္ႏွင့္ ဒဏ္ရာရရွိသူအမ်ိဳးသားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျမင္းၿခံခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျမင္းၿခံၿမိဳ႕၊ နယ္ေျမခံ PDF အဖြဲ႕ျဖစ္ေသာ Myingyan Black Tiger အဖြဲ႕က ၎တို႔ႏွင့္ မသက္ဆိုင္ေၾကာင္း ၎တို႔သည္ ျမင္းၿခံၿမိဳ႕ႏွင့္ အနီးနားတြင္မရွိသကဲ့သို႔ ယခုရက္ပိုင္းတြင္လည္း စစ္ေရးလႈပ္ရွားမႈမရွိခဲ့ေၾကာင္း ႏွင့္ စြပ္စြဲသူမ်ားအား လိုက္လံ စုံစမ္းၿပီး အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း ျပန္လည္ထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ရသည္။

အၾကမ္းဖက္သမားမ်ား၏သတ္ျဖတ္မႈေၾကာင့္ ဇြန္လ(၂၁)ရက္အထိ သံဃာေတာ္အပါး(၁၄၀) ပ်ံလြန္ေတာ္မူထားရၿပီး (၉၆)ပါးထက္မနည္းသည္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက ေျပာ ၾကားထားသည္။

Picture

Jhordy Drury

24/06/2024 14:42

The Myanmar government leads the country to stabilize the internal situation, solve the problems of the people, and continuously improve people's livelihood

Related news

© 2021. All rights reserved.