ငြိမ်းချမ်းရေး၌ လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်နိုင်ရေးပါတီများက တတိယအင်အားစုအဖြစ် နှစ်ဖက်ကြား အကျိုးဆောင်လိုကြောင်း NSPNC ထံ တင်ပြ
2001
မြူနစ်(NP News) - ဇွန် ၂၄
ငြိမ်းချမ်းရေးတွင် လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရေး နိုင်ငံရေးပါတီများက တတိယ အင်အားစုအဖြစ် နှစ်ဖက်အကြား အကျိုးဆောင်လိုကြောင်းကို နစက၏ NSPNC ထံ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် NSPNC တို့သည် ဇွန် ၁၉ရက်နှင့် ၂၀ရက်တို့တွင် နေပြည်တော် ၌ (၂)ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၎င်းဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်ကာ တက်ရောက်ခဲ့သကဲ့သို့ ပါတီများအစုအဖွဲ့ဘက်ကလည်း ဒေါက်တာ အေးမောင်၊ ဦးကိုကိုကြီး၊ ဒေါက်တာအောင်မြတ်ဦးတို့က ဦးဆောင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“ ကျွန်တော်တို့ လက်ရှိ စစ်ရေးအကြပ်အတည်းကနေ နိုင်ငံရေးဘောင်ကို ချဲ့ပြီးမှ ကျွန်တော်တို့ လူထုအတွက် တစ်စုံတစ်ခုများ ဆောင်ရွက်နိုင်မှာလားဆိုတဲ့ ဦးတည်ချက်နဲ့ပါတီအားလုံးက တက်တက် ကြွကြွနဲ့ ညီညီညွတ်ညွတ်နဲ့သွားကြတဲ့သဘော ပြီးခဲ့တဲ့ (၂)ရက်တာကာလမှာ တွေ့ရပါတယ်။ NSPNC ဘက်ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင်ပါတဲ့ ပုဂ္ဂိုလ်တွေကလည်း ပြောပါတယ်။ အရင်တုန်းကဆိုရင် စစ်ယူနီဖောင်းကြီးတွေနဲ့လို့ပြောပါတယ်။ ဆွေးနွေးပွဲတွေမှာလေ ဗိုလ်ချုပ်ကြီး ရာထူးတွေနဲ့ ဒုဗိုလ်ချုပ် ကြီးရာထူးတွေနဲ့ပေါ့။ ဒါပေမယ့် အခုကတော့ အကုန်လုံးနီးပါးက တိုက်ပုံအဖြူတွေနဲ့ဗျ။ ဆွေးနွေးပွဲရဲ့ မြင်ကွင်းကို ပြောတာပါ။ အဲဒါမျိုးတွေနဲ့ အကုန်လုံးက နိုင်ငံရေးဘောင်ကို ချဲ့လိုတာမျိုး ရှိပါတယ်” ဟု နိုင်ငံရေးပါတီများအစုအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင် က NP News ကို ပြောသည်။
နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် NSPNC ကြား (၂)ရက်တာ ဆွေးနွေးပွဲအတွင်း ရှေ့လုပ်ငန်းစဉ် များအပါအဝင် ၂၀ဝ၈ ခုနှစ်အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း သဘောတူညီမှု တစ်ချို့ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆွေးနွေးပွဲတက်ရောက်သူများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံတော်တည်ဆောက်ရန် ရည်မှန်းထားကြပြီး ၎င်းနှင့်ပတ်သက်၍ အခြေခံဥပဒေဆိုင်ရာ ပုဒ်မများကို အာရုံစိုက်ပြင်ဆင်နေကြောင်းလည်း ဒေါက်တာအေးမောင်က ဆိုသည်။
အဆိုပါဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင် လာနိုင်ရေး နိုင်ငံရေးပါတီများက တတိယအင်အားစုအနေဖြင့် ပူးပေါင်းကာ နှစ်ဖက်အကြား အကျိုး ဆောင် လိုကြောင်းကို NSPNC ထံ တင်ပြဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ နောက်ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်နိုင်အောင် နိုင်ငံ ရေးပါတီများဘက်က တတိယ အင်အားစုအနေနဲ့ ပူးပေါင်းပြီးတော့ နှစ်ဖက်ကြားမှာ အကျိုးတော် ဆောင်လိုတယ်ဆိုတာကိုလည်း သဘောပေါက်ပေးကြပါတယ်။ ငြိမ်းချမ်းမှုဖြစ်စဉ်မှာ အားလုံးပါဖို့ အတွက် NCA ကို လက်မှတ်ထိုးတာကော၊ မထိုးတာကော ပါဖို့အတွက်ကျတော့ လက်ရှိ တစ်ဆို့နေတာ ကို ဖြေလျော့စေမယ့်နည်းလမ်းလိုတာပေါ့။ အဲဒီအတွက် ဒီနိုင်ငံရေးပါတီအစုအဖွဲ့ကိုသုံးပါ” ဟု ဒေါက်တာအေးမောင်က ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ရပ်တန့်နေလျက်ရှိပြီး တိုင်းနှင့် ပြည်နယ်တစ်ချို့တွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေလျက် ရှိသည်။နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် NSPNC တို့၏ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကိုလာမည့် ဩဂုတ်လ အလယ်ပိုင်းတွင် ထပ်မံကျင်းပသွားရန်ရှိကြောင်း သိရသည်။
zawgyi version
ၿငိမ္းခ်မ္းေရး၌ လက္နက္ကိုင္အဖြဲ႕အားလုံးပါဝင္ႏိုင္ေရးပါတီမ်ားက တတိယအင္အားစုအျဖစ္ ႏွစ္ဖက္ၾကား အက်ိဳးေဆာင္လိုေၾကာင္း NSPNC ထံ တင္ျပ
ျမဴနစ္(NP News) - ဇြန္ ၂၄
ၿငိမ္းခ်မ္းေရးတြင္ လက္နက္ကိုင္အဖြဲ႕ အားလုံးပါဝင္ႏိုင္ေရး ႏိုင္ငံေရးပါတီမ်ားက တတိယ အင္အားစုအျဖစ္ ႏွစ္ဖက္အၾကား အက်ိဳးေဆာင္လိုေၾကာင္းကို နစက၏ NSPNC ထံ တင္ျပေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ႏွင့္ NSPNC တို႔သည္ ဇြန္ ၁၉ရက္ႏွင့္ ၂၀ရက္တို႔တြင္ ေနျပည္ေတာ္ ၌ (၂)ရက္ၾကာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကၿပီး ၎ေဆြးေႏြးပြဲသို႔ NSPNC ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ ဦးေဆာင္ကာ တက္ေရာက္ခဲ့သကဲ့သို႔ ပါတီမ်ားအစုအဖြဲ႕ဘက္ကလည္း ေဒါက္တာ ေအးေမာင္၊ ဦးကိုကိုႀကီး၊ ေဒါက္တာေအာင္ျမတ္ဦးတို႔က ဦးေဆာင္တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
“ ကြၽန္ေတာ္တို႔ လက္ရွိ စစ္ေရးအၾကပ္အတည္းကေန ႏိုင္ငံေရးေဘာင္ကို ခ်ဲ႕ၿပီးမွ ကြၽန္ေတာ္တို႔ လူထုအတြက္ တစ္စုံတစ္ခုမ်ား ေဆာင္႐ြက္ႏိုင္မွာလားဆိုတဲ့ ဦးတည္ခ်က္နဲ႔ပါတီအားလုံးက တက္တက္ ႂကြႂကြနဲ႔ ညီညီၫြတ္ၫြတ္နဲ႔သြားၾကတဲ့သေဘာ ၿပီးခဲ့တဲ့ (၂)ရက္တာကာလမွာ ေတြ႕ရပါတယ္။ NSPNC ဘက္ကလည္း ပြင့္ပြင့္လင္းလင္းေျပာရရင္ပါတဲ့ ပုဂၢိဳလ္ေတြကလည္း ေျပာပါတယ္။ အရင္တုန္းကဆိုရင္ စစ္ယူနီေဖာင္းႀကီးေတြနဲ႔လို႔ေျပာပါတယ္။ ေဆြးေႏြးပြဲေတြမွာေလ ဗိုလ္ခ်ဳပ္ႀကီး ရာထူးေတြနဲ႔ ဒုဗိုလ္ခ်ဳပ္ ႀကီးရာထူးေတြနဲ႔ေပါ့။ ဒါေပမယ့္ အခုကေတာ့ အကုန္လုံးနီးပါးက တိုက္ပုံအျဖဴေတြနဲ႔ဗ်။ ေဆြးေႏြးပြဲရဲ႕ ျမင္ကြင္းကို ေျပာတာပါ။ အဲဒါမ်ိဳးေတြနဲ႔ အကုန္လုံးက ႏိုင္ငံေရးေဘာင္ကို ခ်ဲ႕လိုတာမ်ိဳး ရွိပါတယ္” ဟု ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕မွ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ေဒါက္တာေအးေမာင္ က NP News ကို ေျပာသည္။
ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ႏွင့္ NSPNC ၾကား (၂)ရက္တာ ေဆြးေႏြးပြဲအတြင္း ေရွ႕လုပ္ငန္းစဥ္ မ်ားအပါအဝင္ ၂၀ဝ၈ ခုႏွစ္အေျခခံ ဥပေဒျပင္ဆင္ေရးကိစၥရပ္မ်ားႏွင့္ ပတ္သက္၍လည္း သေဘာတူညီမႈ တစ္ခ်ိဳ႕ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဆြးေႏြးပြဲတက္ေရာက္သူမ်ားအေနျဖင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံေသာ ႏိုင္ငံေတာ္တည္ေဆာက္ရန္ ရည္မွန္းထားၾကၿပီး ၎ႏွင့္ပတ္သက္၍ အေျခခံဥပေဒဆိုင္ရာ ပုဒ္မမ်ားကို အာ႐ုံစိုက္ျပင္ဆင္ေနေၾကာင္းလည္း ေဒါက္တာေအးေမာင္က ဆိုသည္။
အဆိုပါေဆြးေႏြးပြဲ၌ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္၍ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးပါဝင္ လာႏိုင္ေရး ႏိုင္ငံေရးပါတီမ်ားက တတိယအင္အားစုအေနျဖင့္ ပူးေပါင္းကာ ႏွစ္ဖက္အၾကား အက်ိဳး ေဆာင္ လိုေၾကာင္းကို NSPNC ထံ တင္ျပေဆြးေႏြးခဲ့ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
“ ေနာက္ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးပါဝင္ႏိုင္ေအာင္ ႏိုင္ငံ ေရးပါတီမ်ားဘက္က တတိယ အင္အားစုအေနနဲ႔ ပူးေပါင္းၿပီးေတာ့ ႏွစ္ဖက္ၾကားမွာ အက်ိဳးေတာ္ ေဆာင္လိုတယ္ဆိုတာကိုလည္း သေဘာေပါက္ေပးၾကပါတယ္။ ၿငိမ္းခ်မ္းမႈျဖစ္စဥ္မွာ အားလုံးပါဖို႔ အတြက္ NCA ကို လက္မွတ္ထိုးတာေကာ၊ မထိုးတာေကာ ပါဖို႔အတြက္က်ေတာ့ လက္ရွိ တစ္ဆို႔ေနတာ ကို ေျဖေလ်ာ့ေစမယ့္နည္းလမ္းလိုတာေပါ့။ အဲဒီအတြက္ ဒီႏိုင္ငံေရးပါတီအစုအဖြဲ႕ကိုသုံးပါ” ဟု ေဒါက္တာေအးေမာင္က ေျပာသည္။
လက္ရွိတြင္ ႏိုင္ငံအတြင္း၌ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားသည္ ရပ္တန႔္ေနလ်က္ရွိၿပီး တိုင္းႏွင့္ ျပည္နယ္တစ္ခ်ိဳ႕တြင္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္ အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ ရွိသည္။ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ႏွင့္ NSPNC တို႔၏ ဒုတိယအႀကိမ္ေျမာက္ ေဆြးေႏြးပြဲကိုလာမည့္ ဩဂုတ္လ အလယ္ပိုင္းတြင္ ထပ္မံက်င္းပသြားရန္ရွိေၾကာင္း သိရသည္။