ရုရှားပိုင်နက် ဆီဗက်စ်တိုပိုကမ်းခြေအား ယူကရိန်းတိုက်ခိုက်မှု အမေရိကန်ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနဆို

 2708

ထွန်းမွန်သက် (NP News) - ဇွန် ၂၄

ရုရှား၏ပိုင်နက်ဖြစ်သော ဆီဗက်စ်တိုပို ကမ်းခြေအား ဇွန်လ ၂၃ ရက်နေ့က ယူကရိန်းက အကြမ်းဖက်တိုက်ခိုက်မှုကိုပြုလုပ်ခဲ့ပြီး အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှု၌ အမေရိကန်စစ်တပ်က တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှု၌ ကလေးသုံးဦးအပါအဝင် ရုရှားပြည်သူ ငါးဦး သေဆုံးခဲ့ရပြီး (၁၅၀) ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

အမေရိကန်လုပ် မဟာဗျူဟာမြောက်တိုက်ပွဲဝင် မစ်ဆိုင်ဖြစ်သည့် ATACMS ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် လေးလုံးအား ရုရှားလေကြောင်းကာကွယ်ရေးစနစ်မှ ဟန့်တားဖျက်ချနိုင်ခဲ့ပြီး တစ်လုံးသည် ဆီဗက်စ်တိုပို ကမ်းခြေပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ရုရှားပိုင်နက် ဆီဗက်စ်တိုပိုကမ်းခြေအား တိုက်ခိုက်သည့် ရက်စက်ကြမ်းကြုတ်မှုကို ယူကရိန်းက အမေရိကန် နောက်ခံပြုမှုနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှု အော်ပရေးရှင်း၌ အမေရိကန်စစ်တပ်က တိုက်ရိုက်ပါဝင်ထားကာ ပြစ်မှတ်အား အတိအကျ ချိန်ခြင်းအပါအဝင်၊ မစ်ဆိုင်းများ လွှင့်တင်ခြင်း၊ ဂြိုဟ်တုစနစ်အသုံးပြုခြင်းအစရှိသည့် တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုလုံး၌ အမေရိကန်စစ်တပ်က ပါဝင်ကြောင်း အတိအကျ ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကို မော်စကိုက ဆင့်ခေါ်ခဲ့ပြီး ယူကရိန်း၏ ရန်လိုတိုက်ခိုက်မှုများ၌ အမေရိကန်က အားပေးအားမြှောက်ပြုနေခြင်းအပေါ် ရုရှားအနေဖြင့် သည်းခံမည်မဟုတ်ကြောင်း ဆိုထားသည်။

zawgyi version
႐ုရွားပိုင္နက္ ဆီဗက္စ္တိုပိုကမ္းေျခအား ယူကရိန္းတိုက္ခိုက္မႈ အေမရိကန္ပါဝင္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနဆို

ထြန္းမြန္သက္ (NP News) - ဇြန္ ၂၄

႐ုရွား၏ပိုင္နက္ျဖစ္ေသာ ဆီဗက္စ္တိုပို ကမ္းေျခအား ဇြန္လ ၂၃ ရက္ေန႔က ယူကရိန္းက အၾကမ္းဖက္တိုက္ခိုက္မႈကိုျပဳလုပ္ခဲ့ၿပီး အဆိုပါ အၾကမ္းဖက္တိုက္ခိုက္မႈ၌ အေမရိကန္စစ္တပ္က တိုက္႐ိုက္ပါဝင္ပတ္သက္ေနေၾကာင္း ႐ုရွားကာကြယ္ ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

တိုက္ခိုက္မႈ၌ ကေလးသုံးဦးအပါအဝင္ ႐ုရွားျပည္သူ ငါးဦး ေသဆုံးခဲ့ရၿပီး (၁၅၀) ထက္မနည္း ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

အေမရိကန္လုပ္ မဟာဗ်ဴဟာေျမာက္တိုက္ပြဲဝင္ မစ္ဆိုင္ျဖစ္သည့္ ATACMS ငါးလုံးျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔အနက္ ေလးလုံးအား ႐ုရွားေလေၾကာင္းကာကြယ္ေရးစနစ္မွ ဟန႔္တားဖ်က္ခ်ႏိုင္ခဲ့ၿပီး တစ္လုံးသည္ ဆီဗက္စ္တိုပို ကမ္းေျခေပၚ က်ေရာက္ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုကဲ့သို႔ ႐ုရွားပိုင္နက္ ဆီဗက္စ္တိုပိုကမ္းေျခအား တိုက္ခိုက္သည့္ ရက္စက္ၾကမ္းၾကဳတ္မႈကို ယူကရိန္းက အေမရိကန္ ေနာက္ခံျပဳမႈႏွင့္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါတိုက္ခိုက္မႈ ေအာ္ပေရးရွင္း၌ အေမရိကန္စစ္တပ္က တိုက္႐ိုက္ပါဝင္ထားကာ ျပစ္မွတ္အား အတိအက် ခ်ိန္ျခင္းအပါအဝင္၊ မစ္ဆိုင္းမ်ား လႊင့္တင္ျခင္း၊ ၿဂိဳဟ္တုစနစ္အသုံးျပဳျခင္းအစရွိသည့္ တိုက္ခိုက္မႈျဖစ္စဥ္တစ္ခုလုံး၌ အေမရိကန္စစ္တပ္က ပါဝင္ေၾကာင္း အတိအက် ထုတ္ျပန္ထားသည္။

ယင္းတိုက္ခိုက္မႈႏွင့္ ပတ္သက္၍ ႐ုရွားႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ကို ေမာ္စကိုက ဆင့္ေခၚခဲ့ၿပီး ယူကရိန္း၏ ရန္လိုတိုက္ခိုက္မႈမ်ား၌ အေမရိကန္က အားေပးအားေျမႇာက္ျပဳေနျခင္းအေပၚ ႐ုရွားအေနျဖင့္ သည္းခံမည္မဟုတ္ေၾကာင္း ဆိုထားသည္။

Related news

© 2021. All rights reserved.