ရန်ကုန်ရှိ NDF ပါတီရုံးချုပ်တွင် မီးလောင်မှုဖြစ်ပွားကာ ရုံးတွင်းစာရွက်စာတမ်းများနှင့် ပစ္စည်းအချို့မီးလောင်ပျက်စီး

 8281

NP News - ဇွန် ၂၄

ရန်ကုန်ရှိ NDF ပါတီရုံးချုပ်တွင် မီးလောင်မှုဖြစ်ပွားကာ ရုံးတွင်းစာရွက်စာတမ်းများနှင့် ပစ္စည်းအချို့မီးလောင်ပျက်စီးသွားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးလောင်မှုသည် ယနေ့(ဇွန်လ ၂၄ရက်)၊ ညနေ ၃နာရီခွဲဝန်းကျင်အချိန်က ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီရုံးချုပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်ကို ၎င်းတို့ပါတီရုံးခန်းတည်ရှိရာတိုက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ညှော်နံ့ရ၍ ရုံးတံခါးကိုတွန်းကြည့်ရာမှ တံခါးမှာသော့ခတ်ထားခြင်းမရှိဘဲပွင့်နေကာ ပါတီရုံးခန်းအတွင်း မီးလောင်နေခြင်းကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်မတို့က သောကြာနေ့က နောက်ဆုံးရုံးတက်ပါတယ်။ ကျွန်မ မိန်းကိုချတယ်။ နောက်ဖေးမှာ ရေနွေးအိုးတည်တဲ့ပလပ်ကလည်း ဖြုတ်ထားတယ်။ အခုလက်ရှိလည်း ဒီအတိုင်းပါပဲ။ ပြီးတော့ မီးလောင်တဲ့အချိန်က ကျွန်မတို့ဒီဘက်မှာ မီးပြတ်နေတဲ့အချိန်မှာ လောင်တာပါ။ ကျွန်မတို့ရဲ့တိုက်ရဲ့တိုက်က အမျိုးသမီးတစ်ဦးပြောတာတော့ ညှော်နံရလို့ တံခါးကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာ သော့မရှိဘူးတဲ့။ တံခါးကပွင့်သွားတယ်တဲ့။ အဲဒီလိုဆိုတော တံခါးသော့ကပွင့်စရာအကြောင်းကိုမရှိဘူး။ သော့တွေက ကျွန်မတို့ဆီမှာ”ဟု ၎င်းက ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်စားစုပါတီ(NDF)ရုံးခန်းအတွင်းရှိ စာရွက်စာတမ်းများ၊ ပါတီအင်္ကျီများ၊ ရုံးသုံးစားပွဲတစ်လုံးနှင့် အဲကွန်းတစ်လုံးတို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“မီးကတော့ ဘယ်မှမကူးဘူးရှင့် ကျွန်မတို့တစ်ခန်းတည်းလောင်သွားတာပါ။ ပျက်စီးဆုံးရှုံးမှုကတော့ ကျွန်မ စာရွက်စာတမ်းတွေနဲ့ ကျွန်မတို့ပါတီအင်္ကျီတွေ ပါသွားတယ်။ အဲကွန်းတစ်လုံးပါသွားတယ်။ စားပွဲလည်း မီးလောင်တယ်ပေါ့နော်။ စာရွက်စာတမ်းတွေတော့ တော်တော်များတယ်" ဟု ၎င်းက ထပ်မံ ပြောသည်။

ထို့ပြင် မီးလောင်မှုဖြစ်စဉ် မဖြစ်ပွားမီ အမျိုးသားတစ်ဦးသည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ရုံးရှိရာသို့ တက်သွားပြီးနောက် ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်ပြောဆိုထားသည်။

“ကျွန်မတို့ရုံးရဲ့တိုက်မှာနေတဲ့ အစ်မကြီးပြောပြတာတော့ ကျောပိုးအိတ်လွယ်ထားပြီး ဘောင်းဘီတိုနဲ့ အမျိုးသားတစ်ယောက်က အပေါ်ထပ်ကိုတက်သွားတယ်တဲ့။ သူတို့ဧည့်သည်လည်း မဟုတ်ဘူးတဲ့။ အဲဒီလူတက်သွားပြီးတော့ မီးလောင်တာပေါ့” ဟု ၎င်းကဆိုသည်။

NDF ပါတီရုံးချုပ် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေလျက်ရှိပြီး ပါတီဘက်မှ လူပုဂ္ဂိုလ်အချို့က ၎င်းမီးလောင်မှုဖြစ်စဉ်မှာ ရှို့မီးဖြစ်နိုင်သည်ဟုလည်း ယူဆနေကြသည်။

zawgyi version
ရန္ကုန္ရွိ NDF ပါတီ႐ုံးခ်ဳပ္တြင္ မီးေလာင္မႈျဖစ္ပြားကာ ႐ုံးတြင္းစာ႐ြက္စာတမ္းမ်ားႏွင့္ ပစၥည္းအခ်ိဳ႕မီးေလာင္ပ်က္စီး
NP News - ဇြန္ ၂၄

ရန္ကုန္ရွိ NDF ပါတီ႐ုံးခ်ဳပ္တြင္ မီးေလာင္မႈျဖစ္ပြားကာ ႐ုံးတြင္းစာ႐ြက္စာတမ္းမ်ားႏွင့္ ပစၥည္းအခ်ိဳ႕မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ(NDF) မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးေလာင္မႈသည္ ယေန႔(ဇြန္လ ၂၄ရက္)၊ ညေန ၃နာရီခြဲဝန္းက်င္အခ်ိန္က ဗဟန္းၿမိဳ႕နယ္၊ ဗိုလ္စိန္မွန္ရပ္ကြက္၊ အေနာက္ျမင္းၿပိဳင္ကြင္းလမ္းရွိ NDF ပါတီ႐ုံးခ်ဳပ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္စဥ္ကို ၎တို႔ပါတီ႐ုံးခန္းတည္ရွိရာတိုက္တြင္ ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးက ေညႇာ္နံ႔ရ၍ ႐ုံးတံခါးကိုတြန္းၾကည့္ရာမွ တံခါးမွာေသာ့ခတ္ထားျခင္းမရွိဘဲပြင့္ေနကာ ပါတီ႐ုံးခန္းအတြင္း မီးေလာင္ေနျခင္းကို သိရွိခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

“ကြၽန္မတို႔က ေသာၾကာေန႔က ေနာက္ဆုံး႐ုံးတက္ပါတယ္။ ကြၽန္မ မိန္းကိုခ်တယ္။ ေနာက္ေဖးမွာ ေရေႏြးအိုးတည္တဲ့ပလပ္ကလည္း ျဖဳတ္ထားတယ္။ အခုလက္ရွိလည္း ဒီအတိုင္းပါပဲ။ ၿပီးေတာ့ မီးေလာင္တဲ့အခ်ိန္က ကြၽန္မတို႔ဒီဘက္မွာ မီးျပတ္ေနတဲ့အခ်ိန္မွာ ေလာင္တာပါ။ ကြၽန္မတို႔ရဲ႕တိုက္ရဲ႕တိုက္က အမ်ိဳးသမီးတစ္ဦးေျပာတာေတာ့ ေညႇာ္နံရလို႔ တံခါးကိုတြန္းဖြင့္လိုက္တဲ့အခ်ိန္မွာ ေသာ့မရွိဘူးတဲ့။ တံခါးကပြင့္သြားတယ္တဲ့။ အဲဒီလိုဆိုေတာ တံခါးေသာ့ကပြင့္စရာအေၾကာင္းကိုမရွိဘူး။ ေသာ့ေတြက ကြၽန္မတို႔ဆီမွာ”ဟု ၎က ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ အမ်ိဳးသားဒီမိုကေရစီအင္စားစုပါတီ(NDF)႐ုံးခန္းအတြင္းရွိ စာ႐ြက္စာတမ္းမ်ား၊ ပါတီအက်ႌမ်ား၊ ႐ုံးသုံးစားပြဲတစ္လုံးႏွင့္ အဲကြန္းတစ္လုံးတို႔ မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“မီးကေတာ့ ဘယ္မွမကူးဘူးရွင့္ ကြၽန္မတို႔တစ္ခန္းတည္းေလာင္သြားတာပါ။ ပ်က္စီးဆုံးရႈံးမႈကေတာ့ ကြၽန္မ စာ႐ြက္စာတမ္းေတြနဲ႔ ကြၽန္မတို႔ပါတီအက်ႌေတြ ပါသြားတယ္။ အဲကြန္းတစ္လုံးပါသြားတယ္။ စားပြဲလည္း မီးေလာင္တယ္ေပါ့ေနာ္။ စာ႐ြက္စာတမ္းေတြေတာ့ ေတာ္ေတာ္မ်ားတယ္" ဟု ၎က ထပ္မံ ေျပာသည္။

ထို႔ျပင္ မီးေလာင္မႈျဖစ္စဥ္ မျဖစ္ပြားမီ အမ်ိဳးသားတစ္ဦးသည္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ(NDF)႐ုံးရွိရာသို႔ တက္သြားၿပီးေနာက္ ယခုကဲ့သို႔ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း ၎က သုံးသပ္ေျပာဆိုထားသည္။

“ကြၽန္မတို႔႐ုံးရဲ႕တိုက္မွာေနတဲ့ အစ္မႀကီးေျပာျပတာေတာ့ ေက်ာပိုးအိတ္လြယ္ထားၿပီး ေဘာင္းဘီတိုနဲ႔ အမ်ိဳးသားတစ္ေယာက္က အေပၚထပ္ကိုတက္သြားတယ္တဲ့။ သူတို႔ဧည့္သည္လည္း မဟုတ္ဘူးတဲ့။ အဲဒီလူတက္သြားၿပီးေတာ့ မီးေလာင္တာေပါ့” ဟု ၎ကဆိုသည္။

NDF ပါတီ႐ုံးခ်ဳပ္ မီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးေနလ်က္ရွိၿပီး ပါတီဘက္မွ လူပုဂၢိဳလ္အခ်ိဳ႕က ၎မီးေလာင္မႈျဖစ္စဥ္မွာ ရႈိ႕မီးျဖစ္ႏိုင္သည္ဟုလည္း ယူဆေနၾကသည္။

Related news

© 2021. All rights reserved.