သမီးလေးအကြောင်း ပထမဆုံးပြောပြလာတဲ့ ဖခင်အသစ်စက်စက် ရောဘက်ပက်တာဆန်

 1403

ရောင်နီ (NP News) - ဇွန် ၂၅

"Twilight " ကြယ်ပွင့် ရောဘက်ပက်တာဆန်ဟာ သောကြာနေ့ (ဇွန်လ ၂၁ ရက်) က ပဲရစ်မြို့ရှိ Dior Homme Menswear Spring/Summer 2025 runway မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာပဲ သူ့ရဲ့မကြာသေးခင်က မွေးဖွားခဲ့တဲ့ သမီးငယ်လေးအကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ “သူမက အရမ်းချစ်စရာကောင်းတယ်၊ သုံးလအတွင်း ကြီးထွားမြန်ပြီး ဉာဏ်ကောင်းလို့ အံ့သြမိတယ်"လို့ ဆိုခဲ့ပါတယ်။ ပက်တာဆန်ဟာ ၂၀၁၈ ခုနှစ်ကတည်းက အဆိုတော်၊ မင်းသမီး ဆူကီဝါတာဟောက်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဝါတာဟောက်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း Instagram မှာ သူတို့စုံတွဲရဲ့ မွေးကင်းစ သမီးငယ်လေးကို ပွေ့ပိုက်ထားတဲ့ ဓာတ်ပုံတင်ခဲ့ပြီး ရင်သွေးလေး မွေးဖွားခဲ့တဲ့အကြောင်း ပရိသတ်ကို အသိပေးခဲ့ပါတယ်။

၄င်းတို့စုံတွဲဟာ လွန်ခဲ့တဲ့ ခြောက်နှစ်နီးပါးကတည်းက တွဲနေကြပြီဖြစ်ပေမယ့် ဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာမှ တရားဝင်စုံတွဲအဖြစ် ချပြခဲ့တာ ဖြစ်ပါတယ်။

zawgyi version
သမီးေလးအေၾကာင္း ပထမဆုံး ေျပာျပလာတဲ့ ဖခင္ အသစ္စက္စက္ ေရာဘက္ပက္တာဆန္
ေရာင္နီ (NP News) - ဇြန္ ၂၅

"Twilight " ၾကယ္ပြင့္ ေရာဘက္ပက္တာဆန္ဟာ ေသာၾကာေန႔ (ဇြန္လ ၂၁ ရက္) က ပဲရစ္ၿမိဳ႕ရွိ Dior Homme Menswear Spring/Summer 2025 runway မိတ္ဆက္ပြဲကို တက္ေရာက္ခဲ့ၿပီး သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံစဥ္မွာပဲ သူ႔ရဲ႕မၾကာေသးခင္က ေမြးဖြားခဲ့တဲ့ သမီးငယ္ေလးအေၾကာင္း ေျပာျပလာခဲ့တာ ျဖစ္ပါတယ္။ “သူမက အရမ္းခ်စ္စရာေကာင္းတယ္၊ သုံးလအတြင္း ႀကီးထြားျမန္ၿပီး ဉာဏ္ေကာင္းလို႔ အံ့ၾသမိတယ္"လို႔ ဆိုခဲ့ပါတယ္။ ပက္တာဆန္ဟာ ၂၀၁၈ ခုႏွစ္ကတည္းက အဆိုေတာ္၊ မင္းသမီး ဆူကီဝါတာေဟာက္နဲ႔ ခ်စ္သူေတြ ျဖစ္ခဲ့ၾကတာပါ။ ဝါတာေဟာက္ဟာ ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း Instagram မွာ သူတို႔စုံတြဲရဲ႕ ေမြးကင္းစ သမီးငယ္ေလးကို ေပြ႕ပိုက္ထားတဲ့ ဓာတ္ပုံတင္ခဲ့ၿပီး ရင္ေသြးေလး ေမြးဖြားခဲ့တဲ့အေၾကာင္း ပရိသတ္ကို အသိေပးခဲ့ပါတယ္။

၄င္းတို႔စုံတြဲဟာ လြန္ခဲ့တဲ့ ေျခာက္ႏွစ္နီးပါးကတည္းက တြဲေနၾကၿပီျဖစ္ေပမယ့္ ဆက္ဆံေရးကို လွ်ိဳ႕ဝွက္ထားခဲ့ၿပီး ၂၀၂၂ ခုႏွစ္မွာမွ တရားဝင္စုံတြဲအျဖစ္ ခ်ျပခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.