လောက်ကိုင်မြို့တွင် MNDAA အဖွဲ့က နေထိုင်ခွင့်ကတ်အတွက် (၁)လလျှင် (၃၀)ယွမ်ကောက်ခံနေသည့်အပြင် အခွန်တိုးမြှင့်ကောက်ခံမှုများ ပြုလုပ်နေ

 1637

မြူနစ် (NP News) - ဇွန် ၂၅

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့တွင် MNDAA အဖွဲ့က နေထိုင်ခွင့်ကတ်အတွက် (၁)လလျှင် တရုတ်ယွမ်(၃၀) ကောက်ခံလျက်ရှိသည့်အပြင် အခွန်တိုးမြှင့်ကောက်ခံနေမှုများကို ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် TNLA၊ AAအဖွဲ့တို့နှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက် လောက်ကိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လောက်ကိုင်မြို့ကို MNDAA အဖွဲ့က အုပ်ချုပ်နေလျက်ရှိပြီး လောက်ကိုင်မြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် အခြားသောတိုင်းရင်းသားများအနေဖြင့် နေထိုင်ခွင့်ကတ်ပြုလုပ်နေရလျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။ “နေထိုင်ခွင့်ကတ်ကို အစကတော့ ပိုက်ဆံမယူဘဲ လုပ်ပေးတာ။ အခုတော့ တစ်လကို ယွမ်ငွေ (၃၀)ဆောင်ရတယ်။ တစ်နှစ်ကို ယွမ်ငွေ (၃၆၀)ပေးရတယ်။ အခုက အရင်တုန်းက လုပ်ထားတဲ့ သူတွေ လည်း အကုန်ပြန်လုပ်နေရတယ်။ ပြီးတော့ အာမခံပြီး ခေါ်ပေးထားတဲ့ အိမ်က အိမ်ဂရန်တွေ၊ ဘာတွေ ပြရတာ ရှိတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် MNDAA အဖွဲ့အနေဖြင့်လည်း လောက်ကိုင်မြို့ပေါ်ရှိ ဒေသခံများထံမှ အခွန်အခများကို တိုးမြှင့်ကောက်ခံနေလျက် ရှိကြောင်း မြို့ခံများ က ဆက်လက်ပြောသည်။ “ ကျွန်တော်တို့အဆောက်အအုံရဲ့ သန့်ရှင်းရေးခကို အရင်က ယွမ်ငွေ (၂၀ဝ)လောက်ပဲ ကောက်တာ။ အခုတော့ နောက်လကစပြီးတော့ တစ်လကို ယွမ်ငွေ (၅၀ဝ)တိုးကောက်မယ်လို့ ပြောတယ်။ ဒီမှာက ဘာလုပ်ငန်းမှ မကောင်းတော့ဘူး။ စီးပွားရေးလည်း မဖြစ်ဘဲနဲ့ အဲဒီလိုတိုးကောက်နေတော့ အဆင်မပြေဘူးလေ” ဟု လောက်ကိုင်မြို့ခံက ဆက်လက်ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော MNDAA၊ TNLA၊ AA တို့ကြားတွင် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲထားပြီး အပစ်အခတ်ရပ်စဲထားသည့်ကာလမှာ (၆)လနီးပါး ရှိလာပြီဖြစ်သည်။

zawgyi version
ေလာက္ကိုင္ၿမိဳ႕တြင္ MNDAA အဖြဲ႕က ေနထိုင္ခြင့္ကတ္အတြက္ (၁)လလွ်င္ (၃၀)ယြမ္ေကာက္ခံေနသည့္အျပင္ အခြန္တိုးျမႇင့္ေကာက္ခံမႈမ်ား ျပဳလုပ္ေန
ျမဴနစ္ (NP News) - ဇြန္ ၂၅

ရွမ္းျပည္နယ္၊ ေလာက္ကိုင္ၿမိဳ႕တြင္ MNDAA အဖြဲ႕က ေနထိုင္ခြင့္ကတ္အတြက္ (၁)လလွ်င္ တ႐ုတ္ယြမ္(၃၀) ေကာက္ခံလ်က္ရွိသည့္အျပင္ အခြန္တိုးျမႇင့္ေကာက္ခံေနမႈမ်ားကို ျပဳလုပ္ေနေၾကာင္း သတင္းရရွိသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ TNLA၊ AAအဖြဲ႕တို႔ႏွင့္အတူ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္တြင္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့ၿပီးေနာက္ ေလာက္ကိုင္ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ ေလာက္ကိုင္ၿမိဳ႕ကို MNDAA အဖြဲ႕က အုပ္ခ်ဳပ္ေနလ်က္ရွိၿပီး ေလာက္ကိုင္ၿမိဳ႕တြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသည့္ အျခားေသာတိုင္းရင္းသားမ်ားအေနျဖင့္ ေနထိုင္ခြင့္ကတ္ျပဳလုပ္ေနရလ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။ “ေနထိုင္ခြင့္ကတ္ကို အစကေတာ့ ပိုက္ဆံမယူဘဲ လုပ္ေပးတာ။ အခုေတာ့ တစ္လကို ယြမ္ေငြ (၃၀)ေဆာင္ရတယ္။ တစ္ႏွစ္ကို ယြမ္ေငြ (၃၆၀)ေပးရတယ္။ အခုက အရင္တုန္းက လုပ္ထားတဲ့ သူေတြ လည္း အကုန္ျပန္လုပ္ေနရတယ္။ ၿပီးေတာ့ အာမခံၿပီး ေခၚေပးထားတဲ့ အိမ္က အိမ္ဂရန္ေတြ၊ ဘာေတြ ျပရတာ ရွိတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ MNDAA အဖြဲ႕အေနျဖင့္လည္း ေလာက္ကိုင္ၿမိဳ႕ေပၚရွိ ေဒသခံမ်ားထံမွ အခြန္အခမ်ားကို တိုးျမႇင့္ေကာက္ခံေနလ်က္ ရွိေၾကာင္း ၿမိဳ႕ခံမ်ား က ဆက္လက္ေျပာသည္။ “ ကြၽန္ေတာ္တို႔အေဆာက္အအုံရဲ႕ သန႔္ရွင္းေရးခကို အရင္က ယြမ္ေငြ (၂၀ဝ)ေလာက္ပဲ ေကာက္တာ။ အခုေတာ့ ေနာက္လကစၿပီးေတာ့ တစ္လကို ယြမ္ေငြ (၅၀ဝ)တိုးေကာက္မယ္လို႔ ေျပာတယ္။ ဒီမွာက ဘာလုပ္ငန္းမွ မေကာင္းေတာ့ဘူး။ စီးပြားေရးလည္း မျဖစ္ဘဲနဲ႔ အဲဒီလိုတိုးေကာက္ေနေတာ့ အဆင္မေျပဘူးေလ” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ဆက္လက္ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕မ်ားျဖစ္ေသာ MNDAA၊ TNLA၊ AA တို႔ၾကားတြင္ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ႏွစ္ဖက္အပစ္အခတ္ရပ္စဲထားၿပီး အပစ္အခတ္ရပ္စဲထားသည့္ကာလမွာ (၆)လနီးပါး ရွိလာၿပီျဖစ္သည္။

Related news

© 2021. All rights reserved.