မိုင် ၂၀ဝ ခရီးကို သုံးဆကျော်ပိုဝေးသောလမ်းမှတစ်ဆင့် မတူပီစစ်ရှောင်များက ကျပ်တစ်သိန်းပေး၍ပြေးနေရ

 1069

ပီယ (NP News) - ဇွန် ၂၅

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ မတူပီမြို့နယ်မှ ဒေသခံအချို့က အခြားဒေသသို့ နေရပ်စွန့်ခွာတိမ်းရှောင်ရာတွင် ခရီးတစ်ထောက်နားရာ ပခုက္ကူသို့ရောက်ရန်အတွက် ဝေးလံသော လမ်းကြောင်းကို အသုံးပြုနေရကြောင်း ချင်းပြည်နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူတစ်ဦးက NP News ကို ပြောသည်။

မတူပီမြို့နယ်မှဒေသခံအချို့မှာ ရန်ကုန်မြို့ အပါအဝင် အခြားမြို့များသို့ တိမ်းရှောင်ရန်အတွက် မတူပီမြို့မှရေဇွာမြို့အထိ ဆိုင်ကယ်ဖြင့်သွားရကာ ထိုမှတစ်ဆင့် ပခုက္ကူမြို့အထိသွားရန် ပတ်လမ်းရှည်ကို အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။

“ အဓိက လမ်းက ပခုက္ကူ၊ ကျောက်ထု၊ မင်းတပ်၊ မတူပီလေ မိုင် ၂၀ဝ ပဲ ရှိတယ်လေ။ အဲဒီလမ်းက ပိတ်ထားတယ်လေ သွားလို့မရတော့ဘူး။ မတူပီကနေပြီးတော့ ရေဇွာ၊ ရေဇွာကနေပြီးတော့ ဂန့်ဂေါ၊ ဆောတို့၊ ကျောက်ထုတို့ အဲဒီကနေ ပြန်သွားရတာပေါ့။ ပြောချင်တာက မိုင် ၂၀ဝ ခရီးကနေ မိုင် ၇၀ဝ ခရီးလောက်ဖြစ်သွားတယ်။ တစ်ကွေ့တစ်ပတ်ကြီး သွားရတာ” ဟု အထက်ပါ ဒေသခံက ဆိုသည်။

၎င်းသိရသော အချက်အလက်တစ်ခုအရ ရေဇွာမြို့မှတစ်ဆင့် ပခုက္ကူမြို့ဘက်သို့ လူတစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းဖြင့် လူ(၆၀)ကိုတင်ကာ သယ်ယူပို့ဆောင်ခြင်းလည်းရှိနေကြောင်း ၎င်းက ဆိုသည်။

“ ရေဇွာကနေ ဆယ်ဘီးကားတစ်စီးပေါ် လူတင်ပြီးတော့ ပခုက္ကူကို တစ်ယောက် တစ်သိန်း တောင်း တယ်တဲ့။ အဲဒီကားမှာ အယောက်(၆၀)ပါတယ်လို့ ပြောတယ်။ လမ်းမှာဂိတ်တွေက စစ်တယ်တဲ့။ စစ်တော့ စစ်တပ်က ပြောတယ်ပေါ့ မင်းတို့ကောင်တွေ တစ်ယောက် ဘယ်လောက်ပေးရလဲ တစ်သိန်း ပေးရတယ်။ လမ်းမှာ ဘာတိုက်လဲရေတိုက်လား၊ ထမင်းကျွေးလား ဘာမှမကျွေးဘူးဆိုတော့ ကားသမား ကို ခေါ်ဆူတယ်။ ခင်ဗျားတို့ဗျာ သူတို့က ကောင်းကောင်းမွန်မွန် အပျော်ခရီးထွက်တာမဟုတ်ဘူး သူတို့ ရွာမှာနေမရလို့ ပြေးလာတဲ့သူကို ခင်ဗျားတို့ မလုပ်သင့်ဘူး။ ဘာမှလည်း မကျွေးဘူး တစ်ယောက် တစ်သိန်းဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်ပါဦးဆိုပြီးဟောက်တယ်တဲ့။ ပြီးတော့ စစ်တပ်က ထမင်း တွေ ဘာတွေ ကျွေးတယ်တဲ့။ ဂန့်ဂေါကတစ်ဆင့် ရန်ကုန်ကို လာတဲ့တစ်ယောက်က ပြောတာပါ” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ်မှတစ်ဆင့် ပခုက္ကူမြို့သို့ လာရောက်သူများအနေဖြင့် အဆိုပါမြို့ကတဆင့် ရန်ကုန်၊ နေပြည်တော်စသည်ဖြင့် ဆွေမျိုးများရှိရာကို ဆက်လက် ခရီးထွက်ကြရကြောင်းလည်း သိရသည်။

zawgyi version
မိုင္ ၂၀ဝ ခရီးကို သုံးဆေက်ာ္ပိုေဝးေသာလမ္းမွတစ္ဆင့္ မတူပီစစ္ေရွာင္မ်ားက က်ပ္တစ္သိန္းေပး၍ေျပးေနရ
ပီယ (NP News) - ဇြန္ ၂၅

လက္ရွိ တိုက္ပြဲျဖစ္ပြားရာ မတူပီၿမိဳ႕နယ္မွ ေဒသခံအခ်ိဳ႕က အျခားေဒသသို႔ ေနရပ္စြန႔္ခြာတိမ္းေရွာင္ရာတြင္ ခရီးတစ္ေထာက္နားရာ ပခုကၠဴသို႔ေရာက္ရန္အတြက္ ေဝးလံေသာ လမ္းေၾကာင္းကို အသုံးျပဳေနရေၾကာင္း ခ်င္းျပည္နယ္မွ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ ျပည္သူတစ္ဦးက NP News ကို ေျပာသည္။

မတူပီၿမိဳ႕နယ္မွေဒသခံအခ်ိဳ႕မွာ ရန္ကုန္ၿမိဳ႕ အပါအဝင္ အျခားၿမိဳ႕မ်ားသို႔ တိမ္းေရွာင္ရန္အတြက္ မတူပီၿမိဳ႕မွေရဇြာၿမိဳ႕အထိ ဆိုင္ကယ္ျဖင့္သြားရကာ ထိုမွတစ္ဆင့္ ပခုကၠဴၿမိဳ႕အထိသြားရန္ ပတ္လမ္းရွည္ကို အသုံးျပဳရျခင္းျဖစ္ေၾကာင္း သိရသည္။

“ အဓိက လမ္းက ပခုကၠဴ၊ ေက်ာက္ထု၊ မင္းတပ္၊ မတူပီေလ မိုင္ ၂၀ဝ ပဲ ရွိတယ္ေလ။ အဲဒီလမ္းက ပိတ္ထားတယ္ေလ သြားလို႔မရေတာ့ဘူး။ မတူပီကေနၿပီးေတာ့ ေရဇြာ၊ ေရဇြာကေနၿပီးေတာ့ ဂန႔္ေဂါ၊ ေဆာတို႔၊ ေက်ာက္ထုတို႔ အဲဒီကေန ျပန္သြားရတာေပါ့။ ေျပာခ်င္တာက မိုင္ ၂၀ဝ ခရီးကေန မိုင္ ၇၀ဝ ခရီးေလာက္ျဖစ္သြားတယ္။ တစ္ေကြ႕တစ္ပတ္ႀကီး သြားရတာ” ဟု အထက္ပါ ေဒသခံက ဆိုသည္။

၎သိရေသာ အခ်က္အလက္တစ္ခုအရ ေရဇြာၿမိဳ႕မွတစ္ဆင့္ ပခုကၠဴၿမိဳ႕ဘက္သို႔ လူတစ္ဦးလွ်င္ က်ပ္ေငြ တစ္သိန္းျဖင့္ လူ(၆၀)ကိုတင္ကာ သယ္ယူပို႔ေဆာင္ျခင္းလည္းရွိေနေၾကာင္း ၎က ဆိုသည္။

“ ေရဇြာကေန ဆယ္ဘီးကားတစ္စီးေပၚ လူတင္ၿပီးေတာ့ ပခုကၠဴကို တစ္ေယာက္ တစ္သိန္း ေတာင္း တယ္တဲ့။ အဲဒီကားမွာ အေယာက္(၆၀)ပါတယ္လို႔ ေျပာတယ္။ လမ္းမွာဂိတ္ေတြက စစ္တယ္တဲ့။ စစ္ေတာ့ စစ္တပ္က ေျပာတယ္ေပါ့ မင္းတို႔ေကာင္ေတြ တစ္ေယာက္ ဘယ္ေလာက္ေပးရလဲ တစ္သိန္း ေပးရတယ္။ လမ္းမွာ ဘာတိုက္လဲေရတိုက္လား၊ ထမင္းေကြၽးလား ဘာမွမေကြၽးဘူးဆိုေတာ့ ကားသမား ကို ေခၚဆူတယ္။ ခင္ဗ်ားတို႔ဗ်ာ သူတို႔က ေကာင္းေကာင္းမြန္မြန္ အေပ်ာ္ခရီးထြက္တာမဟုတ္ဘူး သူတို႔ ႐ြာမွာေနမရလို႔ ေျပးလာတဲ့သူကို ခင္ဗ်ားတို႔ မလုပ္သင့္ဘူး။ ဘာမွလည္း မေကြၽးဘူး တစ္ေယာက္ တစ္သိန္းဆိုတာက ခင္ဗ်ားတို႔ စဥ္းစားၾကည့္ပါဦးဆိုၿပီးေဟာက္တယ္တဲ့။ ၿပီးေတာ့ စစ္တပ္က ထမင္း ေတြ ဘာေတြ ေကြၽးတယ္တဲ့။ ဂန႔္ေဂါကတစ္ဆင့္ ရန္ကုန္ကို လာတဲ့တစ္ေယာက္က ေျပာတာပါ” ဟု ၎က ဆိုသည္။

ခ်င္းျပည္နယ္မွတစ္ဆင့္ ပခုကၠဴၿမိဳ႕သို႔ လာေရာက္သူမ်ားအေနျဖင့္ အဆိုပါၿမိဳ႕ကတဆင့္ ရန္ကုန္၊ ေနျပည္ေတာ္စသည္ျဖင့္ ေဆြမ်ိဳးမ်ားရွိရာကို ဆက္လက္ ခရီးထြက္ၾကရေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.