မိုးကုတ်၊ နောင်ချို နှင့် ကျောက်မဲတို့တွင် TNLA နှင့် တပ်မတော်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်၊ အရပ်သားအများအပြား နေရပ်စွန့်ခွာနေရပြီး ပိတ်မိနေသူများလည်းရှိနေ

 4858

NP News - ဇွန် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ ကျောက်မဲ နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့တွင် TNLA နှင့် တပ်မတော်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒေသခံပြည်လူထုအနေဖြင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရလျက်ရှိကြောင်း သိရသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့(ဇွန်လ ၂၅ ရက်) မှစတင်ကာ အထက်ပါဒေသများ၌ တိုက်ပွဲစတင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဇွန်လ ၂၆ ရက်)နေ့တွင်လည်း နှစ်ဖက်ကြားဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့လူတွေလည်းရှိတယ်။ တချို့ကတော့ အပြင်ထွက်လို့တော့ရတယ်။ နောင်ချိုမြို့က တစ်ဝက်လောက်တော့ ထွက်သွားကြပြီ။ တိုက်ပွဲက မနေ့ကမနက်ကဖြစ်တာပေါ့။ ကြားတာတော့ နောင်ချိုမြို့ကျသွားပြီလို့သိရတယ်။ လက်ရှိမှာ ဖုန်းလိုင်းတွေ ပြတ်နေတယ်။ မြို့ခံလူထုတချို့ကတော့ နောင်ချိုမြို့ရဲ့ တောင်ဘက်(၈)မိုင်လောက်မှာရှိတဲ့ ကန်ကြီးရွာဘက်ကို စစ်ဘေးရှောင်သွားကြပြီ”ဟု နောင်ချိုမြို့ခံတစ်ဦးက NP News ကို ပြောသည်။

နောင်ချို့မြို့နှင့်တစ်ဝိုက်တွင်ဖြစ်ပွားသော တိုက်ပွဲအတွင်း ဒေသခံပြည်သူ (၁၀)ယောက်ထက်မနည်း ထိခိုက်သေဆုံးမှုများရှိနေပြီး မြို့ပေါ်ရှိ ဒေသခံပြည်သူလူထုအနေဖြင့် နေရပ်စွန့်ခွါစစ်ဘေးရှောင်နေရလျက်ရှိကြောင်း သိရသည်။ အလားတူ ကျောက်မဲမြို့နှင့်တစ်ဝိုက်တွင် တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ကျောက်မဲမြို့ပေါ်မှာ ဒီမနက်မှာတော့ သွားလာနေကြတာရှိတယ်။ ဈေးတွေဝယ်ပြီးတာနဲ့ မနက်(၉)နာရီမထိုးခင် ပြန်ကြတယ်။ အခုကတော့ ကျောက်မဲမှာတော့ လမ်းပေါ်မှာတစ်ယောက်မှမရှိတော့ဘူး။ မြို့ရဲ့ (၇၀)ရာခိုင်နှုန်းလောက်ကို TNLA ကထိန်းချုပ်ထားတယ်လို့ ပြောနေကြတယ်။ တချို့ကတော့ နောင်ပိန်ဘက်ကို စစ်ဘေးရှောင်သွားကြတယ်။ မနေ့ကတော့ မနက်ကတည်းက တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်နေတယ်။ ဒီနေ့မနက်တော့ လက်နက်ကြီးသံ (၂)ချက်နဲ့ လက်နက်ငယ်သံတွေ (၁၀)ချက်လောက် ကြားရတယ်။ ဖုန်းလိုင်းတွေလည်းမကောင်းတော့ဘူး။ စားရေးသောက်ရေးကတော့ ဝရုန်းသုန်းကားဖြစ်နေပါပြီ” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

သီပေါမြို့နှင့် လားရှိုးမြို့ကြား၊ ပြည်ထောင်စုလမ်းမပေါ်ရှိ ဆွတ်လန်းကျေးရွာတံတားသည်လည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး အဆိုပါလမ်းပေါ်ရှိ စဉ့်အင်တံတားသည်လည်း TNLA ပူးပေါင်းအဖွဲ့က ဖြတ်သန်းခွင့် ပိတ်ဆို့ထားကြောင်း ဒေသခံများကဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဒေါ်နန်းကြည်သာတစ်ဝိုက်တွင် တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေလျက်ရှိကြောင်း ဒေသခံများက ဆိုထားသည်။ TNLA ပူးပေါင်းအဖွဲ့အနေဖြင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တို့တွင် ပြန်လည်ဖော်ဆောင်သော တစ်ကျော့ပြန်တိုက်ပွဲသည် ၁၀၂၇ စစ်ဆင်ရေးအဆက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများကို အပြင်း အထန်ဖော်ဆောင်ခဲ့သည်။

zawgyi version
မိုးကုတ္၊ ေနာင္ခ်ိဳ ႏွင့္ ေက်ာက္မဲတို႔တြင္ TNLA ႏွင့္ တပ္မေတာ္တို႔ၾကား တိုက္ပြဲဆက္လက္ျပင္းထန္၊ အရပ္သားအမ်ားအျပား ေနရပ္စြန႔္ခြာေနရၿပီး ပိတ္မိေနသူမ်ားလည္းရွိေန
NP News - ဇြန္ ၂၆

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲ ႏွင့္ မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕တို႔တြင္ TNLA ႏွင့္ တပ္မေတာ္တို႔ၾကား တိုက္ပြဲဆက္လက္ျပင္းထန္ေနၿပီး ေဒသခံျပည္လူထုအေနျဖင့္ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနရလ်က္ရွိေၾကာင္း သိရသည္။

တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔သည္ ယမန္ေန႔(ဇြန္လ ၂၅ ရက္) မွစတင္ကာ အထက္ပါေဒသမ်ား၌ တိုက္ပြဲစတင္ ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ယေန႔ (ဇြန္လ ၂၆ ရက္)ေန႔တြင္လည္း ႏွစ္ဖက္ၾကားဆက္လက္ျပင္းထန္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ “တိုက္ပြဲၾကားမွာ ပိတ္မိေနတဲ့လူေတြလည္းရွိတယ္။ တခ်ိဳ႕ကေတာ့ အျပင္ထြက္လို႔ေတာ့ရတယ္။ ေနာင္ခ်ိဳၿမိဳ႕က တစ္ဝက္ေလာက္ေတာ့ ထြက္သြားၾကၿပီ။ တိုက္ပြဲက မေန႔ကမနက္ကျဖစ္တာေပါ့။ ၾကားတာေတာ့ ေနာင္ခ်ိဳၿမိဳ႕က်သြားၿပီလို႔သိရတယ္။ လက္ရွိမွာ ဖုန္းလိုင္းေတြ ျပတ္ေနတယ္။ ၿမိဳ႕ခံလူထုတခ်ိဳ႕ကေတာ့ ေနာင္ခ်ိဳၿမိဳ႕ရဲ႕ ေတာင္ဘက္(၈)မိုင္ေလာက္မွာရွိတဲ့ ကန္ႀကီး႐ြာဘက္ကို စစ္ေဘးေရွာင္သြားၾကၿပီ”ဟု ေနာင္ခ်ိဳၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ေနာင္ခ်ိဳ႕ၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ျဖစ္ပြားေသာ တိုက္ပြဲအတြင္း ေဒသခံျပည္သူ (၁၀)ေယာက္ထက္မနည္း ထိခိုက္ေသဆုံးမႈမ်ားရွိေနၿပီး ၿမိဳ႕ေပၚရွိ ေဒသခံျပည္သူလူထုအေနျဖင့္ ေနရပ္စြန႔္ခြါစစ္ေဘးေရွာင္ေနရလ်က္ရွိေၾကာင္း သိရသည္။ အလားတူ ေက်ာက္မဲၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ေနၿပီး အရပ္သားထိခိုက္ေသဆုံးမႈမ်ားလည္းရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ေက်ာက္မဲၿမိဳ႕ေပၚမွာ ဒီမနက္မွာေတာ့ သြားလာေနၾကတာရွိတယ္။ ေဈးေတြဝယ္ၿပီးတာနဲ႔ မနက္(၉)နာရီမထိုးခင္ ျပန္ၾကတယ္။ အခုကေတာ့ ေက်ာက္မဲမွာေတာ့ လမ္းေပၚမွာတစ္ေယာက္မွမရွိေတာ့ဘူး။ ၿမိဳ႕ရဲ႕ (၇၀)ရာခိုင္ႏႈန္းေလာက္ကို TNLA ကထိန္းခ်ဳပ္ထားတယ္လို႔ ေျပာေနၾကတယ္။ တခ်ိဳ႕ကေတာ့ ေနာင္ပိန္ဘက္ကို စစ္ေဘးေရွာင္သြားၾကတယ္။ မေန႔ကေတာ့ မနက္ကတည္းက တစ္ေန႔လုံးနီးပါး တိုက္ပြဲျပင္းထန္ေနတယ္။ ဒီေန႔မနက္ေတာ့ လက္နက္ႀကီးသံ (၂)ခ်က္နဲ႔ လက္နက္ငယ္သံေတြ (၁၀)ခ်က္ေလာက္ ၾကားရတယ္။ ဖုန္းလိုင္းေတြလည္းမေကာင္းေတာ့ဘူး။ စားေရးေသာက္ေရးကေတာ့ ဝ႐ုန္းသုန္းကားျဖစ္ေနပါၿပီ” ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးက ေျပာသည္။

သီေပါၿမိဳ႕ႏွင့္ လားရႈိးၿမိဳ႕ၾကား၊ ျပည္ေထာင္စုလမ္းမေပၚရွိ ဆြတ္လန္းေက်း႐ြာတံတားသည္လည္း မိုင္းခြဲဖ်က္ဆီးခံခဲ့ရၿပီး အဆိုပါလမ္းေပၚရွိ စဥ့္အင္တံတားသည္လည္း TNLA ပူးေပါင္းအဖြဲ႕က ျဖတ္သန္းခြင့္ ပိတ္ဆို႔ထားေၾကာင္း ေဒသခံမ်ားကဆိုသည္။

ထို႔ျပင္ မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕၊ ေဒၚနန္းၾကည္သာတစ္ဝိုက္တြင္ တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ေနလ်က္ရွိေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။ TNLA ပူးေပါင္းအဖြဲ႕အေနျဖင့္ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ မိုးကုတ္တို႔တြင္ ျပန္လည္ေဖာ္ေဆာင္ေသာ တစ္ေက်ာ့ျပန္တိုက္ပြဲသည္ ၁၀၂၇ စစ္ဆင္ေရးအဆက္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္တြင္ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ျဖစ္ေသာ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA၊ တအာင္းလက္ကိုင္အဖြဲ႕ TNLA ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔သည္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းေျမာက္ေဒသ၌ တိုက္ပြဲမ်ားကို အျပင္း အထန္ေဖာ္ေဆာင္ခဲ့သည္။

Related news

© 2021. All rights reserved.