ဆီဆိုင်မြို့နယ်၏ (၁၀) ရာခိုင်နှုန်းခန့်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသေးဟု ဆို

 840

မြူနစ်(NP New) - ဇွန် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၏ (၁၀)ရာခိုင်နှုန်းခန့်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း PNO/PNA ၏ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။

ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် PDF ပူးပေါင်းအဖွဲ့များက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှ စတင်ကာ တိုက်ပွဲများကို ဖော်ဆောင်ခဲ့သည်။ တိုက်ပွဲများ ရပ်တန့်သွားသည်မှာ ကြာပြီဖြစ်သော်လည်း ဆီဆိုင်မြို့နယ်၏ (၁၀)ရာခိုင်နှုန်းခန့်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း PNO/PNA ထိပ်ပိုင်းအရာရှိက ဆိုသည်။

“ လောလောဆယ်တော့ ဆီဆိုင်မှာ ကျောင်းတော့ မဖွင့်သေးဘူး။ အခုက မိုင်းရှင်းလင်းရေးတွေ ဝင်နေတုန်းဆိုတော့ မဖွင့်နိုင်သေးဘူး။ သူတို့က တော်တော်များများကို မိုင်းတွေ ထောင်ထားတာလေ။ လူအများသွားလာတဲ့ နေရာတွေ၊ လူ အဝင်အထွက်လုပ်တဲ့ တံခါးနားတွေ၊ ပြီးတော့ နေအိမ်တွေရော၊ ခြံစည်းရိုးတွေမှာရော မိုင်းတွေရှိနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်အတွင်း၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူလူထု အနေဖြင့် ထိခိုက်ဒဏ်ရာရရှိသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

“အိမ်ကိုပြန်တော့ မီးကြိုးတွေ့လို့ မီးကြိုးကို သိမ်းတဲ့အချိန်မှာ မိုင်းကြိုးဖြစ်နေတယ်။ ကွဲသွားတယ်။ အခုတော့ အဲဒီအမျိုးသမီးကို ဆေးရုံတင်ထားတယ်။ ခြေတောက်အနည်းငယ်တော့ ထိသွားတယ်။ မိုင်းရှင်းဖို့ ကျန်နေတာက ရာခိုင်နှုန်းနဲ့ပြောရမယ်ဆိုရင် ဆီဆိုင်မြို့နယ်ထဲမှာ (၁၀)ရာခိုင်နှုန်းလောက်တော့ ရှိနေသေးတယ်။ ဆီဆိုင်မြို့ ပတ်ဝန်းကျင်းအနီးအနား တွေမှာပေါ့” ဟု PNO/PNA ထိပ်ပိုင်းအရာရှိက ပြောသည်။

အဆိုပါဆီဆိုင်မြို့နယ်အတွင်း တွေ့ရသည့် မိုင်းအမျိုးအစားများမှာ လက်လုပ်မိုင်း၊ မြေမြှုပ်မိုင်း များဖြစ်ပြီး အဓိကအားဖြင့် အိမ်ခြံစည်းရိုးနှင့် နေအိမ်များထဲတွင် အများဆုံးတွေ့ရှိနေရကြောင်း သိရသည်။ လက်ရှိတွင် ၎င်းမိုင်းများကို တပ်မတော်နှင့် PNO/PNA အဖွဲ့တို့က ပူးပေါင်းရှင်းလင်းပေးနေလျက်ရှိပြီး ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

zawgyi version
ဆီဆိုင္ၿမိဳ႕နယ္၏ (၁၀) ရာခိုင္ႏႈန္းခန႔္တြင္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ က်န္ရွိေနေသးဟု ဆို
ျမဴနစ္(NP New) - ဇြန္ ၂၆

ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္၏ (၁၀)ရာခိုင္ႏႈန္းခန႔္တြင္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ က်န္ရွိေနေသးေၾကာင္း PNO/PNA ၏ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကို ေျပာသည္။

ဆီဆိုင္ၿမိဳ႕နယ္တြင္ ပအိုဝ္းအမ်ိဳးသားလြတ္ ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO)၊ ကရင္နီအမ်ိဳးသား မ်ားကာကြယ္ေရးတပ္ဖြဲ႕(KNDF)ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၄ ရက္မွ စတင္ကာ တိုက္ပြဲမ်ားကို ေဖာ္ေဆာင္ခဲ့သည္။ တိုက္ပြဲမ်ား ရပ္တန႔္သြားသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း ဆီဆိုင္ၿမိဳ႕နယ္၏ (၁၀)ရာခိုင္ႏႈန္းခန႔္တြင္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ က်န္ရွိေနေသးေၾကာင္း PNO/PNA ထိပ္ပိုင္းအရာရွိက ဆိုသည္။

“ ေလာေလာဆယ္ေတာ့ ဆီဆိုင္မွာ ေက်ာင္းေတာ့ မဖြင့္ေသးဘူး။ အခုက မိုင္းရွင္းလင္းေရးေတြ ဝင္ေနတုန္းဆိုေတာ့ မဖြင့္ႏိုင္ေသးဘူး။ သူတို႔က ေတာ္ေတာ္မ်ားမ်ားကို မိုင္းေတြ ေထာင္ထားတာေလ။ လူအမ်ားသြားလာတဲ့ ေနရာေတြ၊ လူ အဝင္အထြက္လုပ္တဲ့ တံခါးနားေတြ၊ ၿပီးေတာ့ ေနအိမ္ေတြေရာ၊ ၿခံစည္း႐ိုးေတြမွာေရာ မိုင္းေတြရွိေနတယ္” ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ဆီဆိုင္ၿမိဳ႕နယ္အတြင္း၌ ေျမျမႇဳပ္မိုင္းေပါက္ကြဲမႈမ်ားေၾကာင့္ ေဒသခံျပည္သူလူထု အေနျဖင့္ ထိခိုက္ဒဏ္ရာရရွိသည့္ျဖစ္စဥ္မ်ားလည္း ျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။

“အိမ္ကိုျပန္ေတာ့ မီးႀကိဳးေတြ႕လို႔ မီးႀကိဳးကို သိမ္းတဲ့အခ်ိန္မွာ မိုင္းႀကိဳးျဖစ္ေနတယ္။ ကြဲသြားတယ္။ အခုေတာ့ အဲဒီအမ်ိဳးသမီးကို ေဆး႐ုံတင္ထားတယ္။ ေျခေတာက္အနည္းငယ္ေတာ့ ထိသြားတယ္။ မိုင္းရွင္းဖို႔ က်န္ေနတာက ရာခိုင္ႏႈန္းနဲ႔ေျပာရမယ္ဆိုရင္ ဆီဆိုင္ၿမိဳ႕နယ္ထဲမွာ (၁၀)ရာခိုင္ႏႈန္းေလာက္ေတာ့ ရွိေနေသးတယ္။ ဆီဆိုင္ၿမိဳ႕ ပတ္ဝန္းက်င္းအနီးအနား ေတြမွာေပါ့” ဟု PNO/PNA ထိပ္ပိုင္းအရာရွိက ေျပာသည္။

အဆိုပါဆီဆိုင္ၿမိဳ႕နယ္အတြင္း ေတြ႕ရသည့္ မိုင္းအမ်ိဳးအစားမ်ားမွာ လက္လုပ္မိုင္း၊ ေျမျမႇဳပ္မိုင္း မ်ားျဖစ္ၿပီး အဓိကအားျဖင့္ အိမ္ၿခံစည္း႐ိုးႏွင့္ ေနအိမ္မ်ားထဲတြင္ အမ်ားဆုံးေတြ႕ရွိေနရေၾကာင္း သိရသည္။ လက္ရွိတြင္ ၎မိုင္းမ်ားကို တပ္မေတာ္ႏွင့္ PNO/PNA အဖြဲ႕တို႔က ပူးေပါင္းရွင္းလင္းေပးေနလ်က္ရွိၿပီး ဆီဆိုင္ၿမိဳ႕ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကိုလည္း ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.