လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) မှ ဆေးမှူးမှာ အကြမ်းဖက်တစ်ဦးသာဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့ပြော

 4273

ALynn (NP News) - ဇွန် ၂၇

ဂါဇာမြို့တော်တွင် အင်္ဂါနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ဆေးမှူးမှာ အမှန်တွင် ပါလက်စတိုင်းအစ္စလာမ္မစ်စစ်သွေးကြွများအတွက် အလုပ်လုပ်ပေးနေသော အကြမ်းဖက်သမားဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောခဲ့သည်။

Fadi Al-Wadiya သည် စစ်သွေးကြွအဖွဲ့အတွက် ၁၅ နှစ်ကျော်ကြာ စစ်ဆင်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အစ္စရေးမြို့များကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဒုံးကျည်များ တည်ဆောက်ရန် ကူညီပေးခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောခွင့်ရပုဂ္ဂိုလ် Avichay Adraee က ပြောကြားခဲ့သည်။ Al-Wadiya သည် လက်နက်ကိုင်အဖွဲ့၏ “အီလက်ထရွန်နစ်နှင့် ဓာတုဗေဒနယ်ပယ်တွင် ကျွမ်းကျင်သူ” ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် IDF သည် ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်များ၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် Al-Wadiya ၏ ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ခဲ့သည်။ “နေ့ဘက်မှာ အရိုးအကြောအဆစ်ကု ပညာရှင်၊ ညဘက်မှာ ဂျီဟတ် စစ်ဆင်ရေးမှူး” ဟု Adraee က ဖော်ပြခဲ့ပြီး “ဒီအမှုဟာ ဂါဇာမှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေက နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေကို လူသားဒိုင်းအဖြစ် ဘယ်လိုအသုံးချတယ်ဆိုတာ သတိပေးချက် တစ်ခုပါပဲ” ဟု မှတ်ချက်ပြုခဲ့သည်။

Al-Wadiya သည် ၎င်းအလုပ်လုပ်နေသော ဆေးခန်းသို့ စက်ဘီးစီးလာရင်း သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဝန်ထမ်းက အကြမ်းဖက်သမားမဟုတ်ဘူး” ဟု ပရဟိတအဖွဲ့အစည်းက ငြင်းဆိုထားသည်။
“ဂါဇာကမ်းမြောင်ဒေသတစ်ဝန်းတွင် အဆုံးမဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် ဒဏ်ရာရသူများကို အရေးပေါ်ဆေးကုသပေးရန် လာရောက်နေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ခဲ့တာဟာ တုန်လှုပ်စရာကောင်းပါတယ်။ ဒါဟာ ယုတ်မာပြီး ရွံရှာဖွယ်ပါပဲ” ဟု ပါလက်စတိုင်းအတွက် လုပ်ဆောင်ပေးနေ သည့် MSF ၏ စစ်ဆင်ရေးမန်နေဂျာ Caroline Seguin က ပြောကြားခဲ့သည်။

အလားတူ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦး အပါအဝင် အခြားလူငါးဦး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းက ပြောကြားခဲ့သည်။
Al-Wadiya သည် လွန်ခဲ့သော ရှစ်လက ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ နောက်ပိုင်း အစ္စရေး တပ်ဖွဲ့များ၏ သတ်ဖြတ်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ထဲမှ တစ်ဦးဖြစ်ပြီး MSF မှ သေဆုံးသွားသော ဆဋ္ဌမမြောက်အဖွဲ့ဝင်လည်းဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းက ပြောကြားခဲ့သည်။

Zawgyi Version;
ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့ေသာ နယ္စည္းမျခားဆရာဝန္မ်ားအဖြဲ႕ (MSF) မွ ေဆးမႉးမွာ အၾကမ္းဖက္တစ္ဦးသာျဖစ္ေၾကာင္း အစၥေရးတပ္ဖြဲ႕ေျပာ
ALynn (NP News) - ဇြန္ ၂၇

ဂါဇာၿမိဳ႕ေတာ္တြင္ အဂၤါေန႔က ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့သည့္ နယ္စည္းမျခား ဆရာဝန္မ်ားအဖြဲ႕ (MSF) မွ ေဆးမႉးမွာ အမွန္တြင္ ပါလက္စတိုင္းအစၥလာမၼစ္စစ္ေသြးႂကြမ်ားအတြက္ အလုပ္လုပ္ေပးေနေသာ အၾကမ္းဖက္သမားျဖစ္သည္ဟု အစၥေရးစစ္တပ္က ေျပာခဲ့သည္။

Fadi Al-Wadiya သည္ စစ္ေသြးႂကြအဖြဲ႕အတြက္ ၁၅ ႏွစ္ေက်ာ္ၾကာ စစ္ဆင္ေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အစၥေရးၿမိဳ႕မ်ားကို တိုက္ခိုက္ရာတြင္ အသုံးျပဳသည့္ ဒုံးက်ည္မ်ား တည္ေဆာက္ရန္ ကူညီေပးခဲ့ေၾကာင္း အစၥေရး ကာကြယ္ေရးတပ္ဖြဲ႕ (IDF) ေျပာခြင့္ရပုဂၢိဳလ္ Avichay Adraee က ေျပာၾကားခဲ့သည္။ Al-Wadiya သည္ လက္နက္ကိုင္အဖြဲ႕၏ “အီလက္ထ႐ြန္နစ္ႏွင့္ ဓာတုေဗဒနယ္ပယ္တြင္ ကြၽမ္းက်င္သူ” ျဖစ္သည္ဟု ၎က ထပ္ေလာင္းေျပာၾကားခဲ့သည္။

ဗုဒၶဟူးေန႔တြင္ IDF သည္ ပါလက္စတိုင္းအစၥလာမၼစ္ဂ်ီဟတ္မ်ား၏ ယူနီေဖာင္းကို ၀တ္ဆင္ထားသည့္ Al-Wadiya ၏ ဓာတ္ပုံတစ္ပုံကို ထုတ္ျပန္ခဲ့သည္။ “ေန႔ဘက္မွာ အ႐ိုးအေၾကာအဆစ္ကု ပညာရွင္၊ ညဘက္မွာ ဂ်ီဟတ္ စစ္ဆင္ေရးမႉး” ဟု Adraee က ေဖာ္ျပခဲ့ၿပီး “ဒီအမႈဟာ ဂါဇာမွာရွိတဲ့ အၾကမ္းဖက္အဖြဲ႕အစည္းေတြက ႏိုင္ငံတကာအကူအညီေပးေရးအဖြဲ႕အစည္းေတြကို လူသားဒိုင္းအျဖစ္ ဘယ္လိုအသုံးခ်တယ္ဆိုတာ သတိေပးခ်က္ တစ္ခုပါပဲ” ဟု မွတ္ခ်က္ျပဳခဲ့သည္။

Al-Wadiya သည္ ၎အလုပ္လုပ္ေနေသာ ေဆးခန္းသို႔ စက္ဘီးစီးလာရင္း ေသဆုံးသြားခဲ့ျခင္းျဖစ္ၿပီး ၎၏ ဝန္ထမ္းက အၾကမ္းဖက္သမားမဟုတ္ဘူး” ဟု ပရဟိတအဖြဲ႕အစည္းက ျငင္းဆိုထားသည္။
“ဂါဇာကမ္းေျမာင္ေဒသတစ္ဝန္းတြင္ အဆုံးမဲ့အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈေတြေၾကာင့္ ဒဏ္ရာရသူမ်ားကို အေရးေပၚေဆးကုသေပးရန္ လာေရာက္ေနေသာ က်န္းမာေရးဝန္ထမ္းတစ္ဦးကို သတ္ျဖတ္ခဲ့တာဟာ တုန္လႈပ္စရာေကာင္းပါတယ္။ ဒါဟာ ယုတ္မာၿပီး ႐ြံရွာဖြယ္ပါပဲ” ဟု ပါလက္စတိုင္းအတြက္ လုပ္ေဆာင္ေပးေန သည့္ MSF ၏ စစ္ဆင္ေရးမန္ေနဂ်ာ Caroline Seguin က ေျပာၾကားခဲ့သည္။

အလားတူ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ကေလးငယ္ သုံးဦး အပါအဝင္ အျခားလူငါးဦး ေသဆုံးခဲ့ေၾကာင္း အဆိုပါအဖြဲ႕အစည္းက ေျပာၾကားခဲ့သည္။
Al-Wadiya သည္ လြန္ခဲ့ေသာ ရွစ္လက ဂါဇာကမ္းေျမာင္ေဒသတြင္ ျဖစ္ပြားခဲ့သည့္တိုက္ပြဲမ်ား ေနာက္ပိုင္း အစၥေရး တပ္ဖြဲ႕မ်ား၏ သတ္ျဖတ္ခံခဲ့ရေသာ က်န္းမာေရးဝန္ထမ္း ၅၀၀ ေက်ာ္ထဲမွ တစ္ဦးျဖစ္ၿပီး MSF မွ ေသဆုံးသြားေသာ ဆ႒မေျမာက္အဖြဲ႕ဝင္လည္းျဖစ္ေၾကာင္း အဆိုပါ အဖြဲ႕အစည္းက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.