တားမြစ်ခံထားရတဲ့ နျူကလီးယားစွမ်းရည်ရှိတဲ့ ဒုံးကျည်တွေ ထုတ်လုပ်မှုကို ပြန်လည်စတင်တော့မယ်လို့ ရုရှားသမ္မတပြော

 788

Pika(NP News) - ဇွန် ၂၉

အမေရိကန်နိုင်ငံက ဥရောပနဲ့အာရှတို့မှာ နျူကလီးယားစွမ်းရည်ရှိတဲ့ မြေပြင်အခြေစိုက်ဒုံးကျည်တွေ ဖြန့်ကျက်ချထားခဲ့တာကြောင့် ရုရှားနိုင်ငံက နျူကလီးယားစွမ်းရည်ရှိတဲ့ တာတိုနဲ့ တာလတ်ပစ် မြေပြင်အခြေစိုက်ဒုံးကျည်တွေ ထုတ်လုပ်မှုကို ပြန်လည်စတင်တော့မယ်လို့ ရုရှားသမ္မတပူတင်က ဇွန်လ(၂၈)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ချုပ်ဆိုထားတဲ့ 1987 Intermediate-range Nuclear Forces (INF) စာချုပ်ကနေ ၂၀၁၉ ခုနှစ်မှာ တရားဝင်နှုတ်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်က ရုရှားဟာ စာချုပ်ပါသဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ယခုလိုနှုတ်ထွက်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်စွပ်စွဲပြောဆိုချက်တွေကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ထို့နောက် ရုရှားဟာ INF စာချုပ်က တားမြစ်ထားတဲ့ ဒုံးကျည်တွေ တီထွင်ဖန်တီးထုတ်လုပ်မှုကို ဆိုင်းငံ့ထားခဲ့တယ်လို့သိရပါတယ်။

ပူတင်က 'အမေရိကန်က ဒီဒုံးကျည်စနစ်တွေကို ထုတ်လုပ်ရုံတင်မဟုတ်ဘဲ ဒိန်းမတ်မှာ လေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့အတွက် ဥရောပကိုယူဆောင်လာပြီလို့ သိရပါတယ်။ ပြီးတော့ အဲဒီဒုံးကျည်စနစ်တွေ ဖိလစ်ပိုင်မှာရှိနေပြီလို့လည်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ အမေရိကန်ဟာ အဲဒီဒုံးကျည်စနစ်တွေကို အခြားနေရာတွေကို ယူဆောင်သွားသေးလားဆိုတာကိုတော့ မသိရသေးပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ရုရှားက တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်လာပြီလို့လည်း ပူတင်ကပြောဆိုခဲ့ပါတယ်။ ပူတင်က 'သေချာတာကတော့ ဒီဒုံးကျည်စနစ်တွေ ထုတ်လုပ်မှုကို ကျွန်တော်တို့ ပြန်လည်စတင်ဖို့ လိုအပ်ပါတယ်။ပြီးတော့ အခြေအနေတွေအပေါ်မူတည်ပြီး ဒီဒုံးကျည်စနစ်တွေကို ဘယ်နေရာမှာ ထားရမယ်ဆိုတာကို ဆုံးဖြတ်ချက်တွေ ချရတော့မှာပါ'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
တားျမစ္ခံထားရတဲ့ န်ဴကလီးယားစြမ္းရည္ရွိတဲ့ ဒုံးက်ည္ေတြ ထုတ္လုပ္မႈကို ျပန္လည္စတင္ေတာ့မယ္လို႔ ႐ုရွားသမၼတေျပာ
Pika(NP News) - ဇြန္ ၂၉

အေမရိကန္ႏိုင္ငံက ဥေရာပနဲ႔အာရွတို႔မွာ န်ဴကလီးယားစြမ္းရည္ရွိတဲ့ ေျမျပင္အေျခစိုက္ဒုံးက်ည္ေတြ ျဖန႔္က်က္ခ်ထားခဲ့တာေၾကာင့္ ႐ုရွားႏိုင္ငံက န်ဴကလီးယားစြမ္းရည္ရွိတဲ့ တာတိုနဲ႔ တာလတ္ပစ္ ေျမျပင္အေျခစိုက္ဒုံးက်ည္ေတြ ထုတ္လုပ္မႈကို ျပန္လည္စတင္ေတာ့မယ္လို႔ ႐ုရွားသမၼတပူတင္က ဇြန္လ(၂၈)ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံဟာ ႐ုရွားနဲ႔ခ်ဳပ္ဆိုထားတဲ့ 1987 Intermediate-range Nuclear Forces (INF) စာခ်ဳပ္ကေန ၂၀၁၉ ခုႏွစ္မွာ တရားဝင္ႏႈတ္ထြက္ခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္က ႐ုရွားဟာ စာခ်ဳပ္ပါသေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ စြပ္စြဲေျပာဆိုခဲ့ၿပီး ယခုလိုႏႈတ္ထြက္သြားတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း အေမရိကန္စြပ္စြဲေျပာဆိုခ်က္ေတြကို ႐ုရွားအစိုးရက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ထို႔ေနာက္ ႐ုရွားဟာ INF စာခ်ဳပ္က တားျမစ္ထားတဲ့ ဒုံးက်ည္ေတြ တီထြင္ဖန္တီးထုတ္လုပ္မႈကို ဆိုင္းငံ့ထားခဲ့တယ္လို႔သိရပါတယ္။

ပူတင္က 'အေမရိကန္က ဒီဒုံးက်ည္စနစ္ေတြကို ထုတ္လုပ္႐ုံတင္မဟုတ္ဘဲ ဒိန္းမတ္မွာ ေလ့က်င့္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ ဥေရာပကိုယူေဆာင္လာၿပီလို႔ သိရပါတယ္။ ၿပီးေတာ့ အဲဒီဒုံးက်ည္စနစ္ေတြ ဖိလစ္ပိုင္မွာရွိေနၿပီလို႔လည္း မၾကာေသးခင္က ေၾကညာခဲ့ပါတယ္။ အေမရိကန္ဟာ အဲဒီဒုံးက်ည္စနစ္ေတြကို အျခားေနရာေတြကို ယူေဆာင္သြားေသးလားဆိုတာကိုေတာ့ မသိရေသးပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။ ဒီျဖစ္ရပ္ေတြေၾကာင့္ ႐ုရွားက တုံ႔ျပန္မႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္လာၿပီလို႔လည္း ပူတင္ကေျပာဆိုခဲ့ပါတယ္။ ပူတင္က 'ေသခ်ာတာကေတာ့ ဒီဒုံးက်ည္စနစ္ေတြ ထုတ္လုပ္မႈကို ကြၽန္ေတာ္တို႔ ျပန္လည္စတင္ဖို႔ လိုအပ္ပါတယ္။ၿပီးေတာ့ အေျခအေနေတြအေပၚမူတည္ၿပီး ဒီဒုံးက်ည္စနစ္ေတြကို ဘယ္ေနရာမွာ ထားရမယ္ဆိုတာကို ဆုံးျဖတ္ခ်က္ေတြ ခ်ရေတာ့မွာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.