မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံဘက်ခြမ်းမှ စစ်လက်နက်ပစ္စည်းတင်ပို့မှု နှစ်ဆ မြင့်တက်လာ
3705
ဂျန်ဇက် (NP News) - ဇွန် ၂၉
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများအပြင် ၎င်းတို့နှင့်ဆက်စပ်သော ပစ္စည်းများတင်ပို့မှုတန်ဖိုးသည် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း (၂)ဆကျော်မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာသန်း (၁၂၀)အထိရှိခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ကပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့၏လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွန်အန်ဒရူးသည် Death Trade: How Banks and Governments Enable the Military Junta in Myanmar” အမည်ရှိထုတ်ပြန်ချက်ကိုရေးသားဖော်ပြခဲ့ရာ ယင်းအစီရင်ခံစာအတွင်း ထိုင်းနိုင်ငံမှမြန်မာ နိုင်ငံသို့ စစ်လက်နက်ပစ္စည်းတင်ပို့မှုမြင့်တက်လာခြင်းကိုဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာထဲတွင် မြန်မာအစိုးရကို အထီးကျန်ဖြစ်စေရန် နိုင်ငံတကာအဖွဲ့အစည်းများ၏ကြိုးပမ်းမှုများသည် အချို့နေရာများတွင် အောင်မြင်မှုများရရှိခဲ့သော်လည်း မြန်မာအစိုးရသည် ငွေကြေးများနှင့်လက်နက်များကို လက်ခံရရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ စင်ကာပူအခြေစိုက်ကုမ္ပဏီများသည် မြန်မာအစိုးရကို စစ်လက်နက်ပစ္စည်းများ ရရှိစေရန် ကူညီမှုလျော့နည်းသွားသော်လည်း ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာအစိုးရကိုကူညီပေးနေကြောင်း ဖော်ပြထားသည်။ တွန်အန်ဒရူးက ပြီးခဲ့သော (၂)နှစ်အတွင်း မြန်မာအစိုးရစစ်လက်နက်ပစ္စည်းများ ဝယ်ယူရရှိရေးနှင့်ပတ်သက်ပြီး နိုင်ငံ(၇)နိုင်ငံမှ ဘဏ်ပေါင်း(၁၆)ဘဏ်ခန့် ငွေကြေးလွှဲပြောင်းပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံ တကာဘဏ် (၂၅)ဘဏ်က မြန်မာအစိုးရထိန်းချုပ်ထားသော အစိုးရဘဏ်များနှင့် ဘဏ်ဝန်ဆောင်မှုများလုပ်ဆောင်နေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မြန်မာအစိုးရသည် ၂၀၂၄ ခုနှစ် မတ်လတွင်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ (၂၅၃) သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ၊ တင်သွင်းခြင်းများ၊ ဝယ်ယူခြင်းများရှိခဲ့ကြောင်း တွန်အန်ဒရူး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တွန်အန်ဒရူးက မြန်မာကာကွယ်ရေးဝန်ကြီးဌာနထိန်းချုပ်ထားသောအဖွဲ့စည်းများသည် ၂၀၂၂ခုနှစ်မှ ၂၀၂၄ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၆၃၀ကျော်တန်ဖိုးရှိစစ်လက်နက်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း၊ သို့သော်လည်း စင်ကာပူနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းတင်ပို့မှုများကျဆင်းခဲ့ကြောင်း တွန်အန်ဒရူးက ပြောသည်။စင်ကာပူနိုင်ငံမှတဆင့် စစ်လက်နက်ပစ္စည်းများတင်ပို့မှု ကျဆင်းခဲ့သော်လည်း ထိုင်းနိုင်ငံ၏စစ်လက်နက်ပစ္စည်းတင်ပို့မှုများ မြင့်တက်နေခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၂၂ခုနှစ်တွင်မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၆၀နီးပါးရှိ စစ်လက်နက်ပစ္စည်းတင်ပို့ခဲ့သော်လည်း ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၀ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများတင်ပို့ခဲ့ကြောင်း တွန်အန်ဒရူး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တွန်အန်ဒရူးက "ထိုင်းဘဏ်တွေဟာ အဓိကအရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာခဲ့တယ်။ ဥပမာအားဖြင့် ထိုင်း Siam Commercial Bank ဟာ ၂၀၂၃ ခုနှစ် မတ်လမှာကုန်ဆုံးတဲ့ဘဏ္ဍာနှစ်အတွင်း မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ(၅)သန်းကျော်လွှဲပြောင်းပေးခဲ့တယ်။ ဒါ့ပြင် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်းမှာ ထိုင်းဘဏ်တွေဟာ မြန်မာအစိုးရနဲ့ဆက်နွှယ်ပြီး အ မေရိကန်ဒေါ်လာသန်း (၁၀၀)ကျော် လွှဲပြောင်းပေးတာတွေလုပ်ဆောင်ခဲ့တယ်"ဟုပြော သည်။
zawgyi version
ျမန္မာႏိုင္ငံသို႔ ထိုင္းႏိုင္ငံဘက္ျခမ္းမွ စစ္လက္နက္ပစၥည္းတင္ပို႔မႈ ႏွစ္ဆ ျမင့္တက္လာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉
ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ စစ္လက္နက္ပစၥည္းမ်ားအျပင္ ၎တို႔ႏွင့္ဆက္စပ္ေသာ ပစၥည္းမ်ားတင္ပို႔မႈတန္ဖိုးသည္ ၂၀၂၃-၂ဝ၂၄ ဘ႑ာႏွစ္အတြင္း (၂)ဆေက်ာ္ျမင့္တက္လာခဲ့ၿပီး အေမရိကန္ေဒၚလာသန္း (၁၂၀)အထိရွိခဲ့ေၾကာင္း ကုလသမဂၢအဖြဲ႕ကေျပာသည္။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအဖြဲ႕၏လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ တြန္အန္ဒ႐ူးသည္ Death Trade: How Banks and Governments Enable the Military Junta in Myanmar” အမည္ရွိထုတ္ျပန္ခ်က္ကိုေရးသားေဖာ္ျပခဲ့ရာ ယင္းအစီရင္ခံစာအတြင္း ထိုင္းႏိုင္ငံမွျမန္မာ ႏိုင္ငံသို႔ စစ္လက္နက္ပစၥည္းတင္ပို႔မႈျမင့္တက္လာျခင္းကိုေဖာ္ျပထားျခင္းျဖစ္သည္။
အဆိုပါအစီရင္ခံစာထဲတြင္ ျမန္မာအစိုးရကို အထီးက်န္ျဖစ္ေစရန္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ႀကိဳးပမ္းမႈမ်ားသည္ အခ်ိဳ႕ေနရာမ်ားတြင္ ေအာင္ျမင္မႈမ်ားရရွိခဲ့ေသာ္လည္း ျမန္မာအစိုးရသည္ ေငြေၾကးမ်ားႏွင့္လက္နက္မ်ားကို လက္ခံရရွိေနဆဲျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ စင္ကာပူအေျခစိုက္ကုမၸဏီမ်ားသည္ ျမန္မာအစိုးရကို စစ္လက္နက္ပစၥည္းမ်ား ရရွိေစရန္ ကူညီမႈေလ်ာ့နည္းသြားေသာ္လည္း ထိုင္းႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားက ျမန္မာအစိုးရကိုကူညီေပးေနေၾကာင္း ေဖာ္ျပထားသည္။ တြန္အန္ဒ႐ူးက ၿပီးခဲ့ေသာ (၂)ႏွစ္အတြင္း ျမန္မာအစိုးရစစ္လက္နက္ပစၥည္းမ်ား ဝယ္ယူရရွိေရးႏွင့္ပတ္သက္ၿပီး ႏိုင္ငံ(၇)ႏိုင္ငံမွ ဘဏ္ေပါင္း(၁၆)ဘဏ္ခန႔္ ေငြေၾကးလႊဲေျပာင္းေပးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ ထို႔ျပင္ ႏိုင္ငံ တကာဘဏ္ (၂၅)ဘဏ္က ျမန္မာအစိုးရထိန္းခ်ဳပ္ထားေသာ အစိုးရဘဏ္မ်ားႏွင့္ ဘဏ္ဝန္ေဆာင္မႈမ်ားလုပ္ေဆာင္ေနခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ ျမန္မာအစိုးရသည္ ၂၀၂၄ ခုႏွစ္ မတ္လတြင္ကုန္ဆုံးေသာဘ႑ာႏွစ္အတြင္း အေမရိကန္ေဒၚလာ (၂၅၃) သန္းတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ား၊ တင္သြင္းျခင္းမ်ား၊ ဝယ္ယူျခင္းမ်ားရွိခဲ့ေၾကာင္း တြန္အန္ဒ႐ူး၏ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
တြန္အန္ဒ႐ူးက ျမန္မာကာကြယ္ေရးဝန္ႀကီးဌာနထိန္းခ်ဳပ္ထားေသာအဖြဲ႕စည္းမ်ားသည္ ၂၀၂၂ခုႏွစ္မွ ၂၀၂၄ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ သန္း ၆၃၀ေက်ာ္တန္ဖိုးရွိစစ္လက္နက္ပစၥည္းမ်ား ဝယ္ယူခဲ့ေၾကာင္း၊ သို႔ေသာ္လည္း စင္ကာပူႏိုင္ငံမွတဆင့္ ျမန္မာႏိုင္ငံသို႔ စစ္လက္နက္ပစၥည္းတင္ပို႔မႈမ်ားက်ဆင္းခဲ့ေၾကာင္း တြန္အန္ဒ႐ူးက ေျပာသည္။စင္ကာပူႏိုင္ငံမွတဆင့္ စစ္လက္နက္ပစၥည္းမ်ားတင္ပို႔မႈ က်ဆင္းခဲ့ေသာ္လည္း ထိုင္းႏိုင္ငံ၏စစ္လက္နက္ပစၥည္းတင္ပို႔မႈမ်ား ျမင့္တက္ေနခဲ့ေၾကာင္း၊ ထိုင္းႏိုင္ငံသည္ ၂၀၂၂ခုႏွစ္တြင္ျမန္မာႏိုင္ငံသို႔ အေမရိကန္ေဒၚလာ သန္း ၆၀နီးပါးရွိ စစ္လက္နက္ပစၥည္းတင္ပို႔ခဲ့ေသာ္လည္း ၂၀၂၃ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၂၀ သန္းတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ားတင္ပို႔ခဲ့ေၾကာင္း တြန္အန္ဒ႐ူး၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
တြန္အန္ဒ႐ူးက "ထိုင္းဘဏ္ေတြဟာ အဓိကအေရးပါတဲ့အခန္းက႑က ပါဝင္လာခဲ့တယ္။ ဥပမာအားျဖင့္ ထိုင္း Siam Commercial Bank ဟာ ၂၀၂၃ ခုႏွစ္ မတ္လမွာကုန္ဆုံးတဲ့ဘ႑ာႏွစ္အတြင္း ျမန္မာအစိုးရကို အေမရိကန္ေဒၚလာ(၅)သန္းေက်ာ္လႊဲေျပာင္းေပးခဲ့တယ္။ ဒါ့ျပင္ ၂၀၂၃-၂ဝ၂၄ ဘ႑ာႏွစ္အတြင္းမွာ ထိုင္းဘဏ္ေတြဟာ ျမန္မာအစိုးရနဲ႔ဆက္ႏႊယ္ၿပီး အ ေမရိကန္ေဒၚလာသန္း (၁၀၀)ေက်ာ္ လႊဲေျပာင္းေပးတာေတြလုပ္ေဆာင္ခဲ့တယ္"ဟုေျပာ သည္။