ဘိုလီဗီးယားနိုင်ငံတွင်အာဏာသိမ်းရန်ကြိုးပမ်းမှုများဖြစ်ပေါ်ခဲ့ပြီး စစ်တပ်ခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံရ
284
ဂျန်ဇက် (NP News) - ဇွန် ၂၉
ဘိုလီဗီးယားနိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှုများဖြစ်လာခဲ့ပြီးနောက် စစ်တပ်ထိပ်တန်းခေါင်းဆောင်နှစ်ဦးကို ဇွန်လ ၂၆ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဘိုလီဗီးယားစစ်တပ်၏ တင့်ကားများနှင့် စစ်သားများသည် အစိုးရအရှေ့အဆောက်အဦးရှေ့ ဝန်းရံပိတ်ဆို့ခြင်းများ ရှိလာခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းမှုများဖြစ်ပွားခဲ့ ကြောင်း ဘိုလီဗီးယားသမ္မတ လူဝစ်အာစီက ထုတ်ဖော်ပြောလိုက်သည်။
စစ်သားများနှင့် တင့်ကားများသည် သမိုင်းဝင်သမ္မတအဆောက်အဦး နှင့် လွှတ်တော်ဝန်းနားကို ဝင်ရောက်လာခဲ့ပြီး တင့်ကားတစ်စီးက သမ္မတအိမ်ယာအဆောက်အဦးနားက သံတံခါးကို ဝင်တိုက်ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော ဘိုလီဗီးယားစစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဂျွန်ဂျိုစ့် ဇူနီဂါက စစ်သားများသည် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်း ၄၀ နီးပါးကြာ လူအနည်းစုနှင့် တိုင်းပြည်အုပ်ချုပ်ရန် မဖြစ်သင့်ကြောင်း၊ စစ်မှန်သောဒီမိုကရေစီ ပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ဘိုလီဗီးယားနိုင်ငံတွင် မအောင်မြင်ခဲ့သော အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဓိကတာဝန်ရှိသူ စစ်ခေါင်းဆောင် နှစ်ဦးကိုဖမ်းဆီးခဲ့ပြီး အာဏာသိမ်းရန်ကြိုးပမ်းမှုက အချိန် ၅ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် ဘိုလီဗီးယားစစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဇူနီဂါပါဝင်ခဲ့ပြီး ဘိုလီဗီးယား ပြည်ထဲရေးဝန်ကြီးက ဖမ်းဆီးရန်အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အေအက်ဖ်ပီသတင်းဌာနက သမ္မတရုံး နှင့် အစိုးရအဆောက်အဦးများကို ဝန်းရံထားသော စစ်သားများနှင့်တင့်ကားများ ပြန်လည်ရုတ်သိမ်းခဲ့ပြီးနောက် စစ်တပ်အကြီးအကဲဖြစ်သူ ဖမ်းဆီးခံရကာ ရဲကားဖြင့်ခေါ်ဆောင်ခံရကြောင်း ဖော်ပြထားသည်။ ဘိုလီဗီးယားပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက "ဗိုလ်ချုပ်ကြီး ဇူနီဂါကိုလည်း ဖမ်းဆီးခဲ့တယ်" ဟု ပြောသည်။
ထို့အပြင် ဘိုလီဗီယားစစ်တပ်မှရေတပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ဂျွန်အာနက် ဆာဗာဒေါသည်လည်း ဖမ်းဆီးခံ ရကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ကြီး ဇူနီဂါ နှင့် အာနက်တို့သည် နိုင်ငံဒိမိုကရေစီကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော အာဏာသိမ်းခေါင်းဆောင်နှစ်ဦးဖြစ်ကြောင်း၊ သို့သော်လည်း အာဏာသိမ်းရန် ကြိုးပမ်းမှုမအောင်မြင်ခဲ့ကြောင်း ပြောသည်။ ဘိုလီဗီးယားသမ္မတက ၎င်းတို့အနိုင်ရရှိခဲ့သော ဒီမိုကရေစီကို မည့်သူမှ ယူလို့ရမည်မဟုတ် ကြောင်း၊ ဘိုလီဗီးယားပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီ ပျက်သုန်းစေမည့် အာဏာသိမ်းရန်ကြိုးပမ်းမှုများကို ဆန့်ကျင်ရန် လိုအပ်ကြောင်း တိုက်တွန်းတောင်းဆိုခဲ့သည်။
သမ္မတက ၎င်းအနေဖြင့် အာဏာသိမ်းရန်ကြိုးပမ်းခဲ့သော ဘိုလီဗီးယားစစ်တပ်အကြီးအကဲနှစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။
Zawgyi Version;
ဘိုလီဗီးယားႏိုင္ငံတြင္အာဏာသိမ္းရန္ႀကိဳးပမ္းမႈမ်ားျဖစ္ေပၚခဲ့ၿပီး စစ္တပ္ေခါင္းေဆာင္ႏွစ္ဦး ဖမ္းဆီးခံရ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉
ဘိုလီဗီးယားႏိုင္ငံတြင္ အာဏာသိမ္းရန္ႀကိဳးပမ္းမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ စစ္တပ္ထိပ္တန္းေခါင္းေဆာင္ႏွစ္ဦးကို ဇြန္လ ၂၆ ရက္တြင္ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။ ဘိုလီဗီးယားစစ္တပ္၏ တင့္ကားမ်ားႏွင့္ စစ္သားမ်ားသည္ အစိုးရအေရွ႕အေဆာက္အဦးေရွ႕ ဝန္းရံပိတ္ဆို႔ျခင္းမ်ား ရွိလာခဲ့ၿပီး အာဏာသိမ္းရန္ ႀကိဳးပမ္းမႈမ်ားျဖစ္ပြားခဲ့ ေၾကာင္း ဘိုလီဗီးယားသမၼတ လူဝစ္အာစီက ထုတ္ေဖာ္ေျပာလိုက္သည္။
စစ္သားမ်ားႏွင့္ တင့္ကားမ်ားသည္ သမိုင္းဝင္သမၼတအေဆာက္အဦး ႏွင့္ လႊတ္ေတာ္ဝန္းနားကို ဝင္ေရာက္လာခဲ့ၿပီး တင့္ကားတစ္စီးက သမၼတအိမ္ယာအေဆာက္အဦးနားက သံတံခါးကို ဝင္တိုက္ဖ်က္ဆီးရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။ ရာထူးမွ ထုတ္ပယ္ခံလိုက္ရေသာ ဘိုလီဗီးယားစစ္တပ္အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး ဂြၽန္ဂ်ိဳစ့္ ဇူနီဂါက စစ္သားမ်ားသည္ ဒီမိုကေရစီ ျပန္လည္တည္ေဆာက္ရန္ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ႏွစ္ေပါင္း ၄၀ နီးပါးၾကာ လူအနည္းစုႏွင့္ တိုင္းျပည္အုပ္ခ်ဳပ္ရန္ မျဖစ္သင့္ေၾကာင္း၊ စစ္မွန္ေသာဒီမိုကေရစီ ျပန္လည္ရရွိရန္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။
ဘိုလီဗီးယားႏိုင္ငံတြင္ မေအာင္ျမင္ခဲ့ေသာ အာဏာသိမ္းမႈႏွင့္ပတ္သက္ၿပီး အဓိကတာဝန္ရွိသူ စစ္ေခါင္းေဆာင္ ႏွစ္ဦးကိုဖမ္းဆီးခဲ့ၿပီး အာဏာသိမ္းရန္ႀကိဳးပမ္းမႈက အခ်ိန္ ၅ နာရီေက်ာ္ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးခံရသူမ်ားထဲတြင္ ဘိုလီဗီးယားစစ္တပ္အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး ဇူနီဂါပါဝင္ခဲ့ၿပီး ဘိုလီဗီးယား ျပည္ထဲေရးဝန္ႀကီးက ဖမ္းဆီးရန္အမိန႔္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေအအက္ဖ္ပီသတင္းဌာနက သမၼတ႐ုံး ႏွင့္ အစိုးရအေဆာက္အဦးမ်ားကို ဝန္းရံထားေသာ စစ္သားမ်ားႏွင့္တင့္ကားမ်ား ျပန္လည္႐ုတ္သိမ္းခဲ့ၿပီးေနာက္ စစ္တပ္အႀကီးအကဲျဖစ္သူ ဖမ္းဆီးခံရကာ ရဲကားျဖင့္ေခၚေဆာင္ခံရေၾကာင္း ေဖာ္ျပထားသည္။ ဘိုလီဗီးယားျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက "ဗိုလ္ခ်ဳပ္ႀကီး ဇူနီဂါကိုလည္း ဖမ္းဆီးခဲ့တယ္" ဟု ေျပာသည္။
ထို႔အျပင္ ဘိုလီဗီယားစစ္တပ္မွေရတပ္အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္ဂြၽန္အာနက္ ဆာဗာေဒါသည္လည္း ဖမ္းဆီးခံ ရေၾကာင္း သိရသည္။
ျပည္ထဲေရးဝန္ႀကီးက ဗိုလ္ခ်ဳပ္ႀကီး ဇူနီဂါ ႏွင့္ အာနက္တို႔သည္ ႏိုင္ငံဒိမိုကေရစီကို ဖ်က္ဆီးရန္ ႀကိဳးပမ္းခဲ့ေသာ အာဏာသိမ္းေခါင္းေဆာင္ႏွစ္ဦးျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း အာဏာသိမ္းရန္ ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ေၾကာင္း ေျပာသည္။ ဘိုလီဗီးယားသမၼတက ၎တို႔အႏိုင္ရရွိခဲ့ေသာ ဒီမိုကေရစီကို မည့္သူမွ ယူလို႔ရမည္မဟုတ္ ေၾကာင္း၊ ဘိုလီဗီးယားျပည္သူမ်ားအေနျဖင့္လည္း ဒီမိုကေရစီ ပ်က္သုန္းေစမည့္ အာဏာသိမ္းရန္ႀကိဳးပမ္းမႈမ်ားကို ဆန႔္က်င္ရန္ လိုအပ္ေၾကာင္း တိုက္တြန္းေတာင္းဆိုခဲ့သည္။
သမၼတက ၎အေနျဖင့္ အာဏာသိမ္းရန္ႀကိဳးပမ္းခဲ့ေသာ ဘိုလီဗီးယားစစ္တပ္အႀကီးအကဲႏွစ္ဦးကို ရာထူးမွ ထုတ္ပယ္လိုက္ေၾကာင္း ေၾကညာခဲ့သည္။