မူးယစ်ဂိုဏ်းများကို ကာကွယ်ပေးခြင်းများကြောင့် ဟွန်ဒူးရက်သမ္မတဟောင်းကို အမေရိကန်တရားရုံးက ထောင်ဒဏ်(၄၅)နှစ်ချမှတ်

 547

ဂျန်ဇက် (NP News) - ဇွန် ၂၉

အမေရိကန်တရားရုံးသည် ဟွန်ဒူးရက်သမ္မတဟောင်းကို ထောင်ဒဏ် (၄၅)နှစ် အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။ ဟွန်ဒူးရက်သမ္မတဟောင်းဂျွန်အော်လန်ဒို ဟာနန်ဒက်သည် အမေရိကန်နိုင်ငံသို့ မူးယစ်ဆေးဝါးတင်ပို့နေသော သင်္ဘောများကို ဖုံးကွယ်ထားပေးရန် လာဘ်ငွေယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဟွန်ဒူးရက်အစိုးရသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် အမေရိကန်အစိုးရက အလိုရှိနေသော သမ္မတဟောင်း အော်လန်ဒိုကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရာ နယူးယောက်မြို့တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟောင်း အော်လန်ဒိုသည် ဟွန်ဒူးရက် အကျဉ်းထောင်တွင်နှစ်ပေါင်း (၄၅)နှစ်ကြာ ပြစ်ဒဏ်ခံရမည့်အပြင် အမေရိကန်ဒေါ်လာ (၈)သန်းပေးဆောင်ရန် ဒဏ်ရိုက်ခံရကြောင်းသိရသည်။ အသက် (၅၅)နှစ်အရွယ်ရှိ အော်လန်ဒိုသည် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများရှိခဲ့သူဖြစ်ကြောင်း၊ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ဟွန်ဒူးရက်စ်နိုင်ငံမှတဆင့် အမေရိကန်နိုင်ငံသို့ ကိုကင်းတန်ချိန် (၄၀၀)ကျော်တင်ပို့ခြင်းကို မသိကျိူးကျွံပြုပေးခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေများကပြောသည်။

သို့သော်လည်း ဟွန်ဒူးရက်စ် သမ္မတဟောင်းက "ကျွန်တော် ဘာမှမသိဘူး၊ မှားယွင်းစွပ်စွဲခံရပြီး မျှတမှုမရှိဘူး"ဟုပြောသည်။ အမေရိကန်အစိုးရရှေ့နေများက အော်လန်ဒိုသည် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ကိုကင်းကုန်သွယ်မှုများကို အကာကွယ်ယူရန် ဟွန်ဒူးရက်ရဲတပ်ဖွဲ့ကို အသုံးချခဲ့ကြောင်း၊၎င်းသည် ၂၀၀၄ ခုနှစ်နောက်ပိုင်းတည်းက မူးယစ်ဂိုဏ်းများနှင့် အဆက်သွယ်ရှိကာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လာဘ်ငွေအဖြစ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီပြီး ရယူခဲ့ကြောင်း ဝေဖန်ပြစ်တင်ထားသည်။ အော်လန်ဒိုသည် ဟွန်ဒူးရက်စ် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း မူးယစ်ဆေးဝါးကုန်သွယ်နေသူများကို လာဘ်ငွေယူကာ ကာကွယ်ပေးခြင်းများရှိခဲ့ကြောင်း မန်ဟတ်တန် တရားရုံးက မတ်လအတွင်း စစ်ဆေးတွေ့ရှိခဲ့သည်။

zawgyi version
မူးယစ္ဂိုဏ္းမ်ားကို ကာကြယ္ေပးျခင္းမ်ားေၾကာင့္ ဟြန္ဒူးရက္သမၼတေဟာင္းကို အေမရိကန္တရား႐ုံးက ေထာင္ဒဏ္(၄၅)ႏွစ္ခ်မွတ္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉

အေမရိကန္တရား႐ုံးသည္ ဟြန္ဒူးရက္သမၼတေဟာင္းကို ေထာင္ဒဏ္ (၄၅)ႏွစ္ အမိန႔္ခ်မွတ္လိုက္ေၾကာင္းသိရသည္။ ဟြန္ဒူးရက္သမၼတေဟာင္းဂြၽန္ေအာ္လန္ဒို ဟာနန္ဒက္သည္ အေမရိကန္ႏိုင္ငံသို႔ မူးယစ္ေဆးဝါးတင္ပို႔ေနေသာ သေဘၤာမ်ားကို ဖုံးကြယ္ထားေပးရန္ လာဘ္ေငြယူခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ အေမရိကန္တရား႐ုံးက အမိန႔္ခ်မွတ္လိုက္ျခင္းျဖစ္သည္။

ဟြန္ဒူးရက္အစိုးရသည္ ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္တြင္ အေမရိကန္အစိုးရက အလိုရွိေနေသာ သမၼတေဟာင္း ေအာ္လန္ဒိုကို အေမရိကန္ႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့ရာ နယူးေယာက္ၿမိဳ႕တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။ သမၼတေဟာင္း ေအာ္လန္ဒိုသည္ ဟြန္ဒူးရက္ အက်ဥ္းေထာင္တြင္ႏွစ္ေပါင္း (၄၅)ႏွစ္ၾကာ ျပစ္ဒဏ္ခံရမည့္အျပင္ အေမရိကန္ေဒၚလာ (၈)သန္းေပးေဆာင္ရန္ ဒဏ္႐ိုက္ခံရေၾကာင္းသိရသည္။ အသက္ (၅၅)ႏွစ္အ႐ြယ္ရွိ ေအာ္လန္ဒိုသည္ မူးယစ္ေဆးဝါးဂိုဏ္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားရွိခဲ့သူျဖစ္ေၾကာင္း၊ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ဟြန္ဒူးရက္စ္ႏိုင္ငံမွတဆင့္ အေမရိကန္ႏိုင္ငံသို႔ ကိုကင္းတန္ခ်ိန္ (၄၀၀)ေက်ာ္တင္ပို႔ျခင္းကို မသိက်ိဴးကြၽံျပဳေပးခဲ့ေၾကာင္း အေမရိကန္အစိုးရေရွ႕ေနမ်ားကေျပာသည္။

သို႔ေသာ္လည္း ဟြန္ဒူးရက္စ္ သမၼတေဟာင္းက "ကြၽန္ေတာ္ ဘာမွမသိဘူး၊ မွားယြင္းစြပ္စြဲခံရၿပီး မွ်တမႈမရွိဘူး"ဟုေျပာသည္။ အေမရိကန္အစိုးရေရွ႕ေနမ်ားက ေအာ္လန္ဒိုသည္ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ကိုကင္းကုန္သြယ္မႈမ်ားကို အကာကြယ္ယူရန္ ဟြန္ဒူးရက္ရဲတပ္ဖြဲ႕ကို အသုံးခ်ခဲ့ေၾကာင္း၊၎သည္ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္းတည္းက မူးယစ္ဂိုဏ္းမ်ားႏွင့္ အဆက္သြယ္ရွိကာ ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး လာဘ္ေငြအျဖစ္ အေမရိကန္ေဒၚလာ သန္းႏွင့္ခ်ီၿပီး ရယူခဲ့ေၾကာင္း ေဝဖန္ျပစ္တင္ထားသည္။ ေအာ္လန္ဒိုသည္ ဟြန္ဒူးရက္စ္ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း မူးယစ္ေဆးဝါးကုန္သြယ္ေနသူမ်ားကို လာဘ္ေငြယူကာ ကာကြယ္ေပးျခင္းမ်ားရွိခဲ့ေၾကာင္း မန္ဟတ္တန္ တရား႐ုံးက မတ္လအတြင္း စစ္ေဆးေတြ႕ရွိခဲ့သည္။

Related news

© 2021. All rights reserved.