အီရန်နိုင်ငံမှာ သမ္မတအသစ်ရွေးကောက်ပွဲအတွက် မဲပေးရွေးချယ်မှုတွေ စတင်ပြုလုပ်
287
ဂျန်ဇက် (NP News) - ဇွန် ၂၉
အီရန်နိုင်ငံမှာ ဇွန်လ ၂၈ ရက်နေ့က သမ္မတရွေးကောက်ပွဲအတွက် မဲပေးရွေးချယ်ပွဲတွေကိုစတင်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အီရန်သမ္မတဟောင်း အီဘရာဟင်ရိုင်စီဟာ ပြီးခဲ့တဲ့လပိုင်းက ရဟတ်ယာဉ်ပျက်ကျကာသေဆုံးခဲ့ပြီးနောက် သမ္မတအသစ် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ရာ ဇွန်လ ၂၈ ရက်နေ့မှာမဲပေးရွေးချယ်ပွဲကျင်းပခဲ့ကြောင်းသိရပါတယ်။
အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကို သစ္စာခံတဲ့ ကိုယ်စားလှယ်လောင်း လေးဦးထဲကနေ သမ္မတအသစ်ကိုရွေးချယ်ရဖွယ်ရှိနေပါတယ်။ အီရန်သမ္မတအသစ်ရွေးကောက်ပွဲနဲ့ သမ္မတအသစ်ဟာ အီရန်နိုင်ငံရဲ့မူဝါဒတွေကို ကြီးမားတဲ့အပြောင်းအလဲလုပ်ဆောင်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ အယာတိုလာ ခါမေနီဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး သမ္မတတွေကို ၎င်းနဲ့နီးစပ်သူတွေကိုသာအဓိကထားခန့်ထားခဲ့ကြောင်းသိရပါတယ်။ သမ္မတအသစ် လက်ထက်မှာလည်း အီရန်နိုင်ငံရဲ့နျူကလီးယား မူဝါဒတွေကို အပြောင်းအလဲလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အဆိုပါရွေးကောက်ပွဲဟာ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့ကြားတင်းမာမှုအရှိန်မြင့်တက်နေချိန်မှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အယာတိုလာခါမေနီက"သမ္မတအသစ်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်မြင့်မားမှုဖို့လိုအပ်တယ်။ အီရန်နိုင်ငံရေရှည်ရပ်တည်နိုင်မှု ခိုင်ခံ့မှု နဲ့ နိုင်ငံဂုဏ်သိက္ခာတွေဟာ ပြည်သူတွေရဲ့တည်ရှိမှုအပေါ်တွင် မူတည်ပါတယ်"လို့ပြောပါတယ်။ အီရန်သမ္မတဟောင်းလက်ထက်အတွင်း အရှေ့အ လယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေနဲ့ ငွေကြေးကူညီထောက်ပံ့ပေးခဲ့ရာ အစ္စရေးနဲ့အီရန်နိုင်ငံကြားတင်းမာမှုများဖြစ်ခဲ့ရသလို နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အီရန် နဲ့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုကြား အငြင်းပွား မှုများပိုမိုဖြစ်ခဲ့ရပါတယ်။
zawgyi version
အီရန္ႏိုင္ငံမွာ သမၼတအသစ္ေ႐ြးေကာက္ပြဲအတြက္ မဲေပးေ႐ြးခ်ယ္မႈေတြ စတင္ျပဳလုပ္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉
အီရန္ႏိုင္ငံမွာ ဇြန္လ ၂၈ ရက္ေန႔က သမၼတေ႐ြးေကာက္ပြဲအတြက္ မဲေပးေ႐ြးခ်ယ္ပြဲေတြကိုစတင္လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ အီရန္သမၼတေဟာင္း အီဘရာဟင္႐ိုင္စီဟာ ၿပီးခဲ့တဲ့လပိုင္းက ရဟတ္ယာဥ္ပ်က္က်ကာေသဆုံးခဲ့ၿပီးေနာက္ သမၼတအသစ္ ေ႐ြးေကာက္ပြဲကို ျပန္လည္က်င္းပခဲ့ျခင္းျဖစ္ရာ ဇြန္လ ၂၈ ရက္ေန႔မွာမဲေပးေ႐ြးခ်ယ္ပြဲက်င္းပခဲ့ေၾကာင္းသိရပါတယ္။
အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ကို သစၥာခံတဲ့ ကိုယ္စားလွယ္ေလာင္း ေလးဦးထဲကေန သမၼတအသစ္ကိုေ႐ြးခ်ယ္ရဖြယ္ရွိေနပါတယ္။ အီရန္သမၼတအသစ္ေ႐ြးေကာက္ပြဲနဲ႔ သမၼတအသစ္ဟာ အီရန္ႏိုင္ငံရဲ႕မူဝါဒေတြကို ႀကီးမားတဲ့အေျပာင္းအလဲလုပ္ေဆာင္ႏိုင္စြမ္းရွိမွာမဟုတ္ဘူးလို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။ အယာတိုလာ ခါေမနီဟာ ၁၉၈၉ ခုႏွစ္ေနာက္ပိုင္းကတည္းက အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့ၿပီး သမၼတေတြကို ၎နဲ႔နီးစပ္သူေတြကိုသာအဓိကထားခန႔္ထားခဲ့ေၾကာင္းသိရပါတယ္။ သမၼတအသစ္ လက္ထက္မွာလည္း အီရန္ႏိုင္ငံရဲ႕န်ဴကလီးယား မူဝါဒေတြကို အေျပာင္းအလဲလုပ္ေဆာင္ႏိုင္မွာမဟုတ္ဘူးလို႔ သတင္းေတြထြက္ေပၚေနပါတယ္။
အဆိုပါေ႐ြးေကာက္ပြဲဟာ အစၥေရးနဲ႔ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ လက္နက္ကိုင္အဖြဲ႕ၾကားတင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ အယာတိုလာခါေမနီက"သမၼတအသစ္ေ႐ြးေကာက္ပြဲမွာ မဲေပးသူအေရအတြက္ျမင့္မားမႈဖို႔လိုအပ္တယ္။ အီရန္ႏိုင္ငံေရရွည္ရပ္တည္ႏိုင္မႈ ခိုင္ခံ့မႈ နဲ႔ ႏိုင္ငံဂုဏ္သိကၡာေတြဟာ ျပည္သူေတြရဲ႕တည္ရွိမႈအေပၚတြင္ မူတည္ပါတယ္"လို႔ေျပာပါတယ္။ အီရန္သမၼတေဟာင္းလက္ထက္အတြင္း အေရွ႕အ လယ္ပိုင္းေဒသအတြင္းရွိ လက္နက္ကိုင္အဖြဲ႕ေတြကို စစ္လက္နက္ပစၥည္းေတြနဲ႔ ေငြေၾကးကူညီေထာက္ပံ့ေပးခဲ့ရာ အစၥေရးနဲ႔အီရန္ႏိုင္ငံၾကားတင္းမာမႈမ်ားျဖစ္ခဲ့ရသလို န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အီရန္ နဲ႔ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုၾကား အျငင္းပြား မႈမ်ားပိုမိုျဖစ္ခဲ့ရပါတယ္။