စစ်ဘေးကြောင့်ဒုက္ခရောက်နေသော ကျောက်မဲပြည်သူလူထုကို ထပ်ဆင့်ဒုက္ခရောက်စေရန် လိမ်လည်သူများရှိနေ

 8351

သန့်ဇင် (NP News) - ဇွန် ၂၉

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် စစ်ဘေးကြောင့်ဒုက္ခရောက်နေသော ကျောက်မဲပြည်သူ လူထုကို ထပ်ဆင့်ဒုက္ခရောက်စေရန် လိမ်လည်သူများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

TNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်မှစတင်ကာ ကျောက်မဲမြို့နှင့်တစ်ဝိုက်ကို ၁၀၂၇ စစ်ဆင်ရေးအဆက်ဟုထုတ်ပြန်ကာ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့သည်။ ထို့နောက် တိုက်ပွဲကြောင့် ဒေသခံလူထုအနေဖြင့် နီးစပ်ရာဒေသများသို့ နေရပ်စွန့်ခွါစစ်ဘေးရှောင်နေရလျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူလူထုကို ပစ်မှတ်ထားကာ လူမှုကွန်ရက်မှတစ်ဆင့် လိမ်လည်သူများလည်းရှိနေကြောင်း ဒေသခံများက ဆိုသည်။

“မြို့ထဲမှာ စစ်ဖြစ်တော့ မြို့ခံတွေက ရှောင်ကြတာပေါ့။ အဲဒီမှာ တစ်ချို့ကလိုင်းပေါ်ကနေ နက်ဖြန်ကား ၇ နာရီထွက်မယ်၊ ၈နာရီထွက်မယ်၊ လာကြိုမယ်ပေါ့။ မှတ်ပုံတင်နံပါတ်ပေး ကားခပိုက်ဆံကိုတော့ Kpay၊ Wave pay ကနေလွှဲပေးဆိုပြီး လိမ်တာတွေရှိလာခဲ့တယ်။ နေရပ်စွန်ခွါဖို့ အခက်အခဲရှိတဲ့လူတွေထက်ကို ကြောက်အားလန့်အားနဲ့ ငွေကြေးရှိတဲ့လူတွေကို ပစ်မှတ်ထားပြီးလိမ်တာမျိုးပါ”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် စစ်ဘေးကြောင့် ထိတ်လန့်နေသည့် ကျောက်မဲမြို့ခံလူထုကို လူမှုကွန်ရက် Facebook စာမျက်နှာမှတစ်ဆင့် အဖွဲ့အစည်းတစ်ခုမှရှောင်ရှားခိုင်းသည်ဟု ကောလာဟလများရေးသားကာ နေရပ်စွန်ခွါသွားသူများ၏နေအိမ်များသို့ ဖောက်ထွင်းလုယက်မှု ကျူးလွန်နေသူများလည်းရှိနေကြောင်း သိရသည်။

“ကျောက်မဲမှာက လိုင်းပေါ်မှာလည်း ဟိုဘက်ကရှောင်ခိုင်းတယ်။ ဒီဘက်ကရှောင်ခိုင်းတယ်ဆိုပြီး ကောလာဟလတွေရေးတင်ပြီး ရှောင်သွားကြတော့ နောက်ကနေအိမ်ကိုဖောက်တယ်။ အဲဒီလိုမျိုးကိစ္စတွေလည်း အများကြီးဖြစ်နေပါတယ်။ နောက်ပြီးလိုင်းပေါ်ကနေပြီးတော့ ရှောင်ကြပါ ဘယ်နှနာရီအပြီးရှောင်ကြပါဆိုပြီး အကောင့်အတုတွေနဲ့ ကောလဟာလရေးတော့ ပြည်သူတွေက စိုးရိမ်ထိတ်လန့်ပြီးရှောင်ကြတာပေါ့။ ရှောင်တဲ့အခါကြတော့ အိမ်တွေဝင်ဖောက်ကြတာ”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် စစ်ဘေးကြောင့် ဒုက္ခရောက်နေသည့် ကျောက်မဲမြို့ပြည်သူလူထုအနေဖြင့် အခက်အခဲများစွာဖြစ်ပေါ်နေသည့်ကြားမှပင် စိုးရိမ်စိတ်များလည်း မြင့်မားလျက်ရှိနေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားသည်။

zawgyi version
စစ္ေဘးေၾကာင့္ဒုကၡေရာက္ေနေသာ ေက်ာက္မဲျပည္သူလူထုကို ထပ္ဆင့္ဒုကၡေရာက္ေစရန္ လိမ္လည္သူမ်ားရွိေန
သန႔္ဇင္ (NP News) - ဇြန္ ၂၉

ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕တြင္ စစ္ေဘးေၾကာင့္ဒုကၡေရာက္ေနေသာ ေက်ာက္မဲျပည္သူ လူထုကို ထပ္ဆင့္ဒုကၡေရာက္ေစရန္ လိမ္လည္သူမ်ားရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

TNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က ဇြန္လ ၂၅ ရက္မွစတင္ကာ ေက်ာက္မဲၿမိဳ႕ႏွင့္တစ္ဝိုက္ကို ၁၀၂၇ စစ္ဆင္ေရးအဆက္ဟုထုတ္ျပန္ကာ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ျပန္လည္ေဖာ္ေဆာင္ခဲ့သည္။ ထို႔ေနာက္ တိုက္ပြဲေၾကာင့္ ေဒသခံလူထုအေနျဖင့္ နီးစပ္ရာေဒသမ်ားသို႔ ေနရပ္စြန႔္ခြါစစ္ေဘးေရွာင္ေနရလ်က္ရွိၿပီး စစ္ေဘးေရွာင္ျပည္သူလူထုကို ပစ္မွတ္ထားကာ လူမႈကြန္ရက္မွတစ္ဆင့္ လိမ္လည္သူမ်ားလည္းရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ၿမိဳ႕ထဲမွာ စစ္ျဖစ္ေတာ့ ၿမိဳ႕ခံေတြက ေရွာင္ၾကတာေပါ့။ အဲဒီမွာ တစ္ခ်ိဳ႕ကလိုင္းေပၚကေန နက္ျဖန္ကား ၇ နာရီထြက္မယ္၊ ၈နာရီထြက္မယ္၊ လာႀကိဳမယ္ေပါ့။ မွတ္ပုံတင္နံပါတ္ေပး ကားခပိုက္ဆံကိုေတာ့ Kpay၊ Wave pay ကေနလႊဲေပးဆိုၿပီး လိမ္တာေတြရွိလာခဲ့တယ္။ ေနရပ္စြန္ခြါဖို႔ အခက္အခဲရွိတဲ့လူေတြထက္ကို ေၾကာက္အားလန႔္အားနဲ႔ ေငြေၾကးရွိတဲ့လူေတြကို ပစ္မွတ္ထားၿပီးလိမ္တာမ်ိဳးပါ”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ စစ္ေဘးေၾကာင့္ ထိတ္လန႔္ေနသည့္ ေက်ာက္မဲၿမိဳ႕ခံလူထုကို လူမႈကြန္ရက္ Facebook စာမ်က္ႏွာမွတစ္ဆင့္ အဖြဲ႕အစည္းတစ္ခုမွေရွာင္ရွားခိုင္းသည္ဟု ေကာလာဟလမ်ားေရးသားကာ ေနရပ္စြန္ခြါသြားသူမ်ား၏ေနအိမ္မ်ားသို႔ ေဖာက္ထြင္းလုယက္မႈ က်ဴးလြန္ေနသူမ်ားလည္းရွိေနေၾကာင္း သိရသည္။

“ေက်ာက္မဲမွာက လိုင္းေပၚမွာလည္း ဟိုဘက္ကေရွာင္ခိုင္းတယ္။ ဒီဘက္ကေရွာင္ခိုင္းတယ္ဆိုၿပီး ေကာလာဟလေတြေရးတင္ၿပီး ေရွာင္သြားၾကေတာ့ ေနာက္ကေနအိမ္ကိုေဖာက္တယ္။ အဲဒီလိုမ်ိဳးကိစၥေတြလည္း အမ်ားႀကီးျဖစ္ေနပါတယ္။ ေနာက္ၿပီးလိုင္းေပၚကေနၿပီးေတာ့ ေရွာင္ၾကပါ ဘယ္ႏွနာရီအၿပီးေရွာင္ၾကပါဆိုၿပီး အေကာင့္အတုေတြနဲ႔ ေကာလဟာလေရးေတာ့ ျပည္သူေတြက စိုးရိမ္ထိတ္လန႔္ၿပီးေရွာင္ၾကတာေပါ့။ ေရွာင္တဲ့အခါၾကေတာ့ အိမ္ေတြဝင္ေဖာက္ၾကတာ”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ စစ္ေဘးေၾကာင့္ ဒုကၡေရာက္ေနသည့္ ေက်ာက္မဲၿမိဳ႕ျပည္သူလူထုအေနျဖင့္ အခက္အခဲမ်ားစြာျဖစ္ေပၚေနသည့္ၾကားမွပင္ စိုးရိမ္စိတ္မ်ားလည္း ျမင့္မားလ်က္ရွိေနေၾကာင္း ေဒသခံမ်ားက သုံးသပ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.